Share
Tuesday, August 20, 2013

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း Trami တိုက်ခတ် မိုးသည်းထန်စွာ ရွာသွန်း

                           ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း Trami တိုက်ခတ်မှုကြောင့် 
မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မနီလာမြို့ ရှိ ကျောင်းများ၊ အစိုးရရုံးများနှင့် စတော့ရှယ်ယာ
ဒိုင်တို့ကို သြဂုတ် ၁၉ ရက်က ပိတ်ခဲ့သည်ဟု သိရသည်။ 
                          အဆိုပါ မိုးရွာသွန်းမှုသည် သြဂုတ် ၁၈ ရက် တစ်ညလုံးနှင့် ၁၉ ရက်
နံနက်ပိုင်းအထိ ပြင်းထန်စွာ ဆက်လက်ရွာသွန်းခဲ့ပြီး မနီလာမြို့ ရှိ အချို့ လမ်းများနှင့် အဝေးပြေး
လမ်းမကြီးတို့ပေါ်တွင်  ခါးအထိ အနက်ရှိသော အမှိုက်သရိုက်ပြည့်နေသည့် ရွှံ့ရေများကြောင့်
ပြည်သူ့ပို့ဆောင်ရေးလုပ်ငန်းမှ ပုံမှန်ခရီးဝေးပြေးဆွဲမှု လုပ်ငန်းအချို့ ကို ဆိုင်းငံ့ထားသည်ဟု
သိရသည်။

                          ယင်းဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုများကို အတိအကျ သတင်း
ထုတ်ပြန်ခြင်းမရှိသေးသော်လည်း လူဇွန်ကျွန်းမြောက်ဘက်ရှိ တောင်ထူထပ်သော ဒေသမှ
ဒေသခံ ၂၀၀ ကျော်ကို မြေပြိုမှုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ဘေးကင်းရာသို့ ပြောင်းရွှေ့ 
ပေးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်င်္ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
;