ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း တရားမ၀င်သစ်များ တစ်ဖက်နိုင်ငံသို့
ပို့ဆောင်ရန် စုဆောင်းနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်း၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်
သစ်တောဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၆ ရက်က မိုးမောက်-စိန်လုံ
ကားလမ်းတွင် ပိတ်ဆို့ရှာဖွေခဲ့ရာ တရားမ၀င်သစ်များ တင်ဆောင်ထားသည့် သစ်တင်ယာဉ်
၅၁ စီးအား ကျွန်း၊ တမလန်း ခွဲသားဆိုဒ်စုံ တင်ဆောင်လျက် ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိ
သစ်တင်ယာဉ်များအနက် ယာဉ် ၂၇ စီးတွင် တင်ဆောင်ခဲ့သည့် သစ်များအား တိုင်းတာခဲ့ရာ
၁၁၈ ဒသမ ၆၇၇ တန်ရှိကာ ကျန်သစ်များအား ဆက်လက်တိုင်းတာလျက်ရှိသည်။
အလားတူ တပ်မတော်စစ်ကြောင်းနှင့် မြို့ သစ်မြို့ နယ် ရဲတပ်ဖွဲ့ဝင်များ၊
သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ် ၇ ရက်တွင်
ဗန်းမော်-မြစ်ကြီးနား ကားလမ်း ၁၇ မိုင်နှင့် ၁၉ မိုင်အကြား ပိတ်ဆို့ရှာဖွေခဲ့ရာ တရားသစ်
များ တင်ဆောင်ထားသော သစ်တင်ယာဉ်ကြီး လေးစီးအား ယာဉ်မောင်းနှစ်ဦးနှင့်အတူ
ဖမ်းဆီးရမိခဲ့ပြီး အနီးဝန်းကျင်တွင် သစ်ကိုင်းများဖြင့် ဖုံးအုပ်ထားသည့် ကျွန်း၊ တမလန်း
ခွဲသားဆိုဒ်စုံ ၁၄၅ တန်ခန့်အား ထပ်မံရှာဖွေဖမ်းဆီးရမိခဲ့သည်။
အထက်ပါ တရားမ၀င် သစ်များသည် နယ်မြေခံ KIA အဖွဲ့နှင့် သစ်ကုန်သည်
များက လွယ်ဂျယ်မှတဆင့် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း
ဖြစ်ကြောင်းနှင့် တရားခံများအား စိစစ်ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ သတင်းဂျာနယ် (၉.၈.၂၀၁၃) စင်တင်ပြဇာတ်ဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment