Share
Thursday, August 8, 2013

ရေခဲမြစ်များ လျော့နည်းသွားသော်လည်း တောင်အာရှတွင် ရေလုံလောက်စွာ ရနေဦးမည်

                     တောင်အာရှရှိ အဓိက မြစ်နှစ်စင်းသို့ စီးဝင်သော ရေခဲမြစ်များသည် ယခု
ရာစုနှစ်အတွင်း ဆိုးရွားစွာ ဆုတ်ယုတ်လျော့နည်းလာမည်ဖြစ်သော်လည်း ရေရရှိနိုင်မှုမှာ
လုံလောက်သည့်အခြေအနေပင် ရှိနေဦးမည်ဟု လေ့လာချက်တစ်ရပ်က သြဂုတ် ၄ ရက်တွင်
ဖော်ပြသည်။
                   ဟိမ၀န္တာရှိ ရေခဲမြစ်များ၏ အခြေအနေသည် အနီးကြပ်စောင့်ကြည့်ရမည့်
ကိစ္စဖြစ်ပြီး လူဦးရေ ဒီရေအလား တိုးပွားမှုနှင့် အစားအစာလိုအပ်မှု မြင့်တက်လာသည့်
တောင်အာရှဒေသအတွက် ယင်းရေခဲမြစ်များ အရည်ပျော်မှုမှ ရေရှိမှုမှာ အလွန် အရေး
ကြီးသည်။
                  ဖန်လုံအိမ် အကျိုးသက်ရောက်မှု ဆက်လက်တိုးပွားလာခြင်းသည် ရေခဲမြစ်
များကို ဆုတ်ယုတ်စေကြောင်း သိပ္ပံပညာရှင်များက သဘောတူကြသော်လည်း ရေခဲပြင်
ဆုံးရှုံးမှုနှုံး၊ ပမာဏ၊ ရေရရှိနိုင်မှုနှင့် ရိုက်ခတ်နိုင်သည့် အကျိုးသက်ရောက်နိုင်သည့် အတိုင်း
အတာကိုမူ ၄င်းတို့က သဘောတူညီမှု မရှိသလောက်ပင်ဖြစ်သည်။
                  ဒင်ညုမြစ်အတွင်းသို့ စီးဝင်သည့် ဘော်လ်တိုရိုရေခဲမြစ်နှင့် ဂင်္ဂါမြစ်အတွင်းသို့
လန်တန်းရေခဲမြစ်များသည် ၂၀၁၀ ပြည့်နှစ်တွင် ဆိုးရွားစွာ ဆုတ်ယုတ်လာမည်ဖြစ်ပြီး ပိုမို
ပြင်းထန်သည့် ကမ္ဘာကြီး ပူနွေးမှုကြောင့် ယင်းရေခဲမြစ်များမှာ အကြမ်းဖျင်းအားဖြင့် ပမာဏ
ထက်ဝက်ခန့် ဆုတ်ယုတ်သွားမည်ဖြစ်သည်။
                  မုတ်သုန်ရာသီအတွင်း မိုးရွာသွန်းမှု၏ ၇၀ ရာခိုင်နှုန်းသည် ဂင်္ဂါမြစ်နှင့် ဗြဟ္မ
ပုတ္တရမြစ်အတွင်းသို့ စီးဝင်ပြီး ယင်းမှာ ရေခဲမြစ်များ အရည်ပျော်သော အဓိကအချိန်နှင့်
မြစ်အောက်ပိုင်း မိုးရွာသွန်းမှုများချိန်တို့နှင့် တိုက်ဆိုင်နေသည်။

REF  :   AFP

0 comments:

Post a Comment

 
;