Share
Saturday, September 7, 2013

သံလွင်မြစ်ပေါ်မှ ရေအားလျှပ်စစ်စီမံကိန်းများအတွက် ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့ မြန်မာအစိုးရနှင့် ဆွေးနွေးရန်ရှိ

                    မြန်မာနိုင်ငံ၏ သံလွင်မြစ်ပေါ် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးကိစ္စများနှင့်
သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းများ ဖော်ဆောင်နိုင်ရန်အတွက်
ထိုင်းနိုင်ငံအစိုးရ နောက်ခံလုပ်ငန်းစု Ratchaburi Electric Generaling Holding နှင့်
EGAT ( ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့) တို့က မြန်မာအစိုးရနှင့် လာရောက်ဆွေးနွေးရန်
ရှိနေကြောင်း ၃၁.၈.၂၀၁၃ ရက်က သတင်းရရှိသည်။
                   ဝေဖန်မှု၊ ကန့်ကွက်ခံရမှုများနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံ၏
ရေအားလျှပ်စစ်ထုတ်ယူမှုတွင် ထိုင်းနိုင်ငံက သံလွင်မြစ်ပေါ်က စီမံကိန်းအတွက်
ဆွေးနွေးရန် ကြိုးပမ်းလာခြင်းကြောင့် ဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင် ဒေသခံတို့
ကြား ထပ်မံ လွန်ဆွဲနေကြဦးမည်ဖြစ်ကြောင်း သိရသည်။
                   Ratchaburi  က ဥက္ကဌ အသစ် ပြန်လည်တင်မြှောက်လိုက်တာ
သိပ်မကြာသေးဘူး။ ဒီအချိန်မှာ ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့နှင့် ပူးပေါင်းပြီး 
မြန်မာနိုင်ငံရဲ့ သံလွင်မြစ်ပေါ်က နဂို ရှိရင်းစွဲ အကောင်အထည် မဖော်ရဲဘဲ ထားတဲ့
ရေအားလျှပ်စစ်ထုတ်လုပ်ရေးကို ၀င်ပြီး လုပ်ချင်နေတာတော့ ရှိပါတယ်။ ဆွေးနွေး
ဖို့ ကမ်းလှမ်းလာတာလည်း ရှိပါတယ်။ အစိုးရချင်း စကားပြောပြီး ၀င်လာဖို့ အစီ
အစဉ်က စကားပြောထားတဲ့အဆင့်ပဲ ရှိပါသေးတယ် " ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီး
ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။ ရှမ်းပြည်နယ် ၀န်ကြီးချုပ်က
ယခင် ထုတ်ဖော်ပြောကြားထားမှုတွင် အစိုးရအနေဖြင့် သံလွင်မြစ်ပေါ်၌ ရေအား
လျှပ်စစ်စီမံကိန်း ၁၁ ခုအထိ ရှိထားကြောင်းနှင့် ပြည်တွင်း၊ပြည်ပလုပ်ငန်းစုများနှင့်
ဆွေးနွေးစရာ ကျန်နေသေးကြောင်းလည်း သိရသည်။
                   ယင်းကဲ့သို့ သံလွင်မြစ်ပေါ်မှ စီမံကိန်း ၁၁ ခုကို ကြားသည်နှင့်
သဘာဝပတ်ဝန်းကျင် အမည်တပ်ပြီး ကန့်ကွက်မှုများက ဆက်တိုက်ပေါ်ထွက်
လာခဲ့ကာ မြန်မာလူထုအနေဖြင့် ၃၀.၈.၂၀၁၃ ရက်အထိ ထိုင်းနိုင်ငံ၏ လျှပ်စစ်
မီးရရှိမှုနှင့် နှစ် ၃၀ ကျော်အထိ နောက်ကျနေရဆဲဖြစ်ကြောင်း သိရသည်။
EGAT အနေဖြင့် မြန်မာအစိုးရနှင့် ထိပ်တိုက်တွေ့ဆုံဆွေးနွေးမှု ပြီးစီးခဲ့၍ 
ရလာဒ် ကောင်းခဲ့ပါက Ratchaburi လုပ်ငန်းစုကို အဓိက လုပ်ကိုင်စေမည်
ဖြစ်ကာ ထပ်ဆင့်လက်ဝေခံ လုပ်ငန်းစုများကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ပြီး
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအတွက် နှစ်ဖက်အစိုးရချင်း သဘောတူညီချက် 
ရယူကာ အကျိုးအမြတ်ခွဲစေမည်ဟု သိရသည်။
                                                            အေ၀ိုင်အီး

ပြည်မြန်မာ သတင်းဂျာနယ်မှ မှတ်စုထုတ်ပါသည်။

0 comments:

Post a Comment

 
;