Share
Saturday, October 5, 2013

အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများအဆင့် အလွတ်သဘော အစည်းအဝေးတက်ရောက်




              အင်ဒိုနီးရှားနိုင်ငံ ဆူယာဘရာမြို့၌ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ
 ၂၆ ရက်အထိ ကျင်းပခဲ့သော (၁၄) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးဝန်ကြီးများအဆင့် အလွတ်သဘောအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ
သို့   ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး 
ဒေါ်သက်သက်ဇင် ဦးဆောင်သော အဖွဲ့ဝင် (၂) ဦးပါ ကိုယ်စားလှယ်အဖွဲ့တက်ရောက်
ခဲ့သည်။
        ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် (၉) ကြိမ်မြောက်
 နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု အာဆီယံသဘောတူညီချက်ဆိုင်ရာ 
အစည်းအဝေးကိုလည်းကောင်း၊ နေ့လည်ပိုင်းတွင် (၁၄) ကြိမ်မြောက် 
အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးများအဆင့် အလွတ်
သဘော အစည်းအဝေးကို လည်းကောင်း တက်ရောက်ခဲ့ပြီး အာဆီယံဒေသတွင်း                      ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ နိုင်ငံအလိုက် ဒေသကြီးအလိုက် ပူးပေါင်း
အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ
ကို လည်းကောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် (၁၂) ကြိမ်မြောက်
 အာဆီယံနှင့် ဆွေးနွေးဖက်(၃)နိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့်
 ကိုရီးယားသမ္မတနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးများ
 အဆင့်အစည်းအဝေးတွင် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်ဖွံ့ဖြိုး
တိုးတက်သည့် မြို့ကြီးများ အစီအစဉ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
 အာဆီယံအပေါင်း ၃ လူငယ်များ ဖိုရမ်ကျင်းပရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း
 သတင်းရရှိသည်။
မြန်မာ့အလင်း သတင်းစာ   ၃-၁၀-၂၀၁၃  မှ မှတ်စု ထုတ်ထားပါသည်။

0 comments:

Post a Comment

 
;