Share
Wednesday, August 7, 2013

အညာဒေသ ထန်းမျိုးမသုဉ်းစေရန် သက်ဆိုင်ရာက ထိန်းသိမ်းပေးစေလို

                     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့ နယ် ရွှေကျင်ကျေးရွာ 
ချင်တွင်းတာပေါင်အမှတ် (ဆမ/၈၇)မှတ်တိုင်အနီးရှိ ထန်းတောကြီးများသည် ယခုအခါ
အုတ်ဖုတ်ရန် ထင်းအဖြစ် နေ့စဉ် ခုတ်လှဲလျက်ရှိရာ ဒေသအလှ ပျက်စီးယိုယွင်းသွားမည်ကို
အညာဒေသခံ ပြည်သူများက အထူးစိုးရိမ်လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
စောင့်ရှောက်ရေးနှင့် သစ်ပင်စိုက်ပျိုးရေးကွန်ယက်အဖွဲ့မှ ဦးသက်ထွန်းက ပြောကြားခဲ့သည်။
                    "အညာဒေသရဲ့ အလှဟာ တမာနဲ့ ထန်းပင်ကြီးများပဲဖြစ်ပါတယ်။ အခုလို
ထန်းပင်ကြီးတွေကို အုတ်ဖုတ်ထင်းအဖြစ် ဆက်လက်ပြီး အသုံးပြုနေမယ်ဆိုရင် မကြာခင်
နှစ်အနည်းငယ်အတွင်းမှာ ထန်းမျိုးသုဉ်းသွားနိုင်တဲ့အခြေအနေမှာ ရှိပါတယ်" ဟု ၄င်းက
ဆက်လက်ပြောကြားခဲ့သည်။

                    အဆိုပါ ဒေသတွင် အဆောက်အဦများကို တည်ဆောက်ရာ၌ သဘာဝ
ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမှု အနည်းဆုံးနည်းလမ်းဖြစ်သည့် ပလတ်စတာဘိလပ်အုတ်
(အင်္ဂတေအုတ်)များကို သုံးစွဲမှု အလွန်နည်းပါးပြီး မြေသားမီးဖုတ်အုတ်ခဲများကို မိရိုးဖလာ
နည်းလမ်းအတိုင်း သုံးစွဲလျက်ရှိရာ မြေသားမီးဖုတ်အုတ်လုပ်ငန်းရှင်များမှာ အုတ်မီးဖုတ်ရန်
အတွက် အညာဒေသ၏ အလှဖြစ်သော ထန်းပင်ကြီးများကို ၀ယ်ယူခုတ်လှဲ၍ ထင်းအဖြစ်
အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
                   " ပုံမှန်အရွယ်အစားဖြစ်တဲ့ ထန်းပင်တွေကို အုတ်ဖိုတွေက ကျပ် ၅၀၀၀ နဲ့
ဝယ်တယ်။ ခုတ်လှဲခွဲစိတ်ခက ကျပ် ၂၅၀၀ ဖြစ်တယ်။ ထန်းပင်အကြီး အသေးပေါ် မူတည်ပြီး 
ဈေးနှုန်းကွာခြားချက်တော့ ရှိပါတယ်" ဟု ထန်းပင်ကို ခုတ်လှဲ၍ ထင်းအဖြစ် ဖြတ်တောက်လျက်
ရှိသော ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။
                     အညာဒေသ၏ အလှမြင်ကွင်းဖြစ်သော ဒေသခံများ၏ စားဝတ်နေရေးအတွက်
တစ်ဖက်တစ်လမ်းမှ စွမ်းဆောင်ပေးလျက်ရှိသည့် ထန်းပင်ကြီးများသည် ၄င်းတို့၏ အရွက်များ
ကို လူနေအိမ်များ၏ အမိုးအကာအဖြစ် အသုံးပြုခဲ့ကြပြီး ထန်းရည်များကိုလည်း သကာ၊
ထန်းလျက်အဖြစ် အသုံးပြုကာ မိသားစုဝင်ငွေအတွက် အထောက်အကူပြုပေးလျက်ရှိသည်။
ထိုထက်မက သစ်၊၀ါးရှားပါးလာမှု အခြေအနေများကြောင့် နေအိမ်တည်ဆောက်ရာတွင်
သစ်သားအစားထိုး ထန်းပင်ခွဲသားခြမ်းများကို တွင်ကျယ်စွာ အသုံးပြုနေရသည့် အခြေအနေ
များကိုလည်း ဒေသအချို့ တွင် ကြုံတွေ့နေရကြောင်း သိရပါသည်။

မြ၀တီသတင်းဂျာနယ်(၁.၈.၂၀၁၃) ရက်နေ့ ကပြအသုံးတော်ခံခဲ့သော ပြဇာတ် ဖြစ်ပါသည်။

0 comments:

Post a Comment

 
;