Share
Wednesday, August 7, 2013

ထနောင်းပင်တစ်ပင် ကျပ်ဆယ်သိန်းအထိ ပေးဝယ်နေ

                     အညာဒေသမှာ ထနောင်းပင်တစ်ပင်ကို ကျပ်ဆယ်သိန်းအထိ ဈေးပေး ဝယ်ယူနေတယ်လို့ သိရပါတယ်။
    “ကိုယ့်ဝန်းခြံတွေထဲမှာရှိတဲ့ ထနောင်းပင် ပင်ပျိုတွေဝယ်တာ၊ အကိုင်းအလက်        လှရင်လှသလို ဈေးရတယ်၊ အပင်တအား ကြီးတယ်ဆိုရင်တော့ မဝယ်ဘူး”လို့ ပုဂံ ဝက်ကြီးအင်းကျေးရွာမှ ကိုမြင့်သန်းက ဖုန်းနဲ့ ပြောပါတယ်။
ထနောင်းပင်တွေကို လုံးပတ် တစ်ပေ ကျော်လောက်ရှိတဲ့ အပင်တွေအထိ ဝယ် ယူကြ

တယ်လို့ သိရပါတယ်။
              “အပင် သုံးပေအကွာလောက် လေးပေလောက်ကနေ အောက်ကိုတူးတယ်၊

 ပြီးရင် အပင်ကို ပျဉ်တွေနဲ့ရိုက်ပြီး အောက်ရေသောက်မြစ်ကို ဖြတ်လိုက်တယ်၊ တစ်ပတ်လောက်ထားတယ်၊ ရှင်တယ်ဆိုရင် ဝယ်တယ်၊ သေသွားရင် ထင်းဖြစ်သွားတယ်”လို့ ကိုမြင့်သန်းက ပြောပါတယ်။
အရမ်းမကြီးတဲ့အပင်တွေကို စမ်းပြီး တူးကြပေမဲ့ သေဆုံးတာများတယ်လို့ သိရပါတယ်။ တချို့ပွဲစားတွေပြောတာကတော့ မရှင်လို့သေသွားရင် အရက်ချက်စက်ရုံကို ရောင်းစားတယ်လို့ ညောင်ဦးဈေးက ကိုစိုးသန်းလင်းကလည်း ပြောပါတယ်၊

            “အညာဒေသရဲ့အလှက ထနောင်း တဲ့၊ ခုဆိုရင် ကျောက်ပန်းတောင်းဘက်

 သွားတဲ့ ကားလမ်းတစ်လျှောက် တူးနေကြတယ်၊ တကယ်ပြန်စိုက်ဖို့ဆိုတာ မလွယ်ဘူး၊
 နှစ် ၂၀ လောက် အနည်းဆုံးစိုက်ရတာ၊ အရင်က အရက်ချက်တဲ့ဓလေ့ပေါ့၊ အရက်ချက်ရင် အခေါက်ခွာပြီးလုပ်တာရှိ တယ်၊ အပင်မတူးဘူး၊ ခုက အပင်တူးတာ၊ သေတာပိုများနေတယ်”လို့ ညောင်ဦးဈေး ထဲမှ ကိုသန်းလင်းက ပြောပါတယ်။
                 သဘာဝအလျောက် ပေါက်နေတဲ့ ထနောင်းပင်တွေကို တူးတဲ့အဖွဲ့ရှိသလို တချို့ ကိုယ့်ယာခင်းထိပ်မှာရှိတဲ့အပင်တွေကို ရောင်းကြတာပါ။ အပင်အသေးအကြီး ပေါ်မူတည်ပြီး 

အနည်းဆုံး ကျပ် သုံးသိန်းခွဲ လောက်အထိရတယ်လို့ သိရပါတယ်။
ပွဲစားတွေက ဘယ်ကိုသယ်တယ်ဆို တာ မပြောဘူး၊ ကားကြီးတွေနဲ့ လာတင်တာပဲ၊ ကရိန်းစက်တွေနဲ့တင်ပြီး သယ်သွားတာ”လို့ ကိုမြင့်သန်းက ပြောပါတယ်။

                အင်ကြင်းကျောက်တူးတာ ခေတ်ထ ခဲ့သလို အခုထနောင်းပင်ခေတ်

 ဖြစ်နေတာကြောင့် သည်အတိုင်း ဆက်တူးနေမယ်ဆိုရင် အညာအလှတစ်ခု ဖြစ်တဲ့ ထနောင်းပင်တွေ ပျောက်ကွယ်သွားနိုင်တယ်လို့လည်း ဒေသခံတစ်ဦးဖြစ်တဲ့ ကိုစိုးသန်းလင်းက ပြောပါတယ်။


ကုမုဒြာ ဂျာနယ်ပါ ပြဇာတ်ဖြစ်ပါသည်။

0 comments:

Post a Comment

 
;