Share
Wednesday, August 7, 2013

မြန်မာနိုင်ငံအတွင်း သတ္တုတွင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များ၏ အကြံဥာဏ်တောင်းခံခြင်း

                   မြန်မာ့သတ္တုတွင်း ဥပဒေ ၊နည်းဥပဒေ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း
ဆိုင်ရာ လုပ်ထုံးလုပ်နည်း(မူကြမ်း) အား နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲသော စီးပွားရေးမူဝါဒနှင့်
အညီ ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ဖြည့်စွက်ချက်များအား ပြည်ထောင်စုသတ္တုတွင်းဝန်ကြီးဌာန၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဦးဆောင်ဆောင်ရွက်နေပါ၍
မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ်အား အကြံဥာဏ်တောင်းခံထားပါသဖြင့်
အသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်နေကြသော သတ္တုနယ်ပယ်
အသီးသီးမှ လုပ်ငန်းရှင်တို့၏ အကြံဥာဏ်များ စုစည်းရယူလိုပါသောကြောင့် မြန်မာနိုင်ငံအတွင်း
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ သတ္တုလုပ်ငန်းရှင်အသင်းအဖွဲ့များ၊ပုဂ္ဂလိကလုပ်ငန်းရှင်
များ၊ အတတ်ပညာရှင်များ၊ ဆက်စပ်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို သတ္တုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အကျိုး၊ပြည်သူ့အကျိုး၊လုပ်ငန်းရှင်အကျိုးတို့ကို ရှေးရှု
ထည့်သွင်းစဉ်းစားပြီး ပြုစုပေးပို့ကြပါရန် အထူးမေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

0 comments:

Post a Comment

 
;