Share
Monday, August 26, 2013

ဒီရေတော ပြုန်းတီးမှု တစ်နှစ်လျှင် တစ်ရာခိုင်နှုံး ပြုန်းတီးလျက်ရှိ

                  မြန်မာနိုင်ငံအတွင်း ဒီရေတောပြုန်းတီးမှုသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်
ရှိရာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တစ်ရာခိုင်နှုံး ပြုန်းတီးလျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
                  အဆိုပါ ဒီရေတောပြုန်းတီးမှုများသည် ကမ်းရိုးတန်းဒေသများအတွင်း လောင်စာ
အသုံးပြုမှုနှင့် ထင်းအသုံးပြုမှုများလာသည့်အပြင် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးမြေချဲ့ ထွင်
ခြင်းများ၊ မြို့ ပြနေရာချထားမှု၊ ဂေဟစနစ်ပျက်ယွင်းမှုတို့ကြောင့် လျော့နည်းလာရခြင်း
ဖြစ်ကြောင်း သိရသည်။

                  "ဒီနှစ်မှာ တစ်ရာခိုင်နှုံးအောက် လျော့နည်းပပျောက်ရေးကို လုပ်ဆောင်ဖို့
ရှိပါတယ်။ ကန့်သတ်တဲ့ ဥပဒေတွေ ဖော်ဆောင်နိုင်မှသာ ဒါတွေကို ထိန်းသိမ်းနိုင်မှာပါ။
သက်ဆိုင်ရာဌာနကလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်" ဟု သဘာဝပတ်ဝန်းကျင်
လေ့လာသူ တစ်ဦးက ပြောကြားခဲ့သည်။
                   မြန်မာနိုင်ငံအတွင်းရှိ ဒီရေတောများပြုန်းတီးခြင်းသည် တည်ဆဲဒီရေတော
ဂေဟစနစ် စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် စပ်လျဉ်းသည့် ဥပဒေ၊နည်းဥပဒေ အားနည်းခြင်း
ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်းဒေသနေ လူဦးရေ ထူထပ်မှုများလည်း
ပါဝင်ကြောင်း သိရသည်။
                   ခြောက်နှစ်အတွင်း ဒီရေတော ၅ ဒသမ ၀၉ ရာခိုင်နှုံး လျော့နည်းပြုန်းတီးမှု
ရှိနေကြောင်း၊ ဒီရေတောအပင်များသည် လေထုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်
ကို နှစ်ဆစုပ်ယူပေးနိုင်သောကြောင့် ပိုမို ထိန်းသိမ်းသင့်ကြောင်း သိရသည်။

0 comments:

Post a Comment

 
;