Share
Tuesday, August 20, 2013

အလက်စကာနွေ တောမီးလောင်ကျွမ်းမှု မီးခိုးနှင့် ရေကြီးမှုတို့ကြုံရ

                        အလက်စကာ ဒေသခံပြည်သူများအဖို့ သာမန်မဟုတ်ဘဲ ထူးထူးခြားခြား
နွေဥတုဖြစ်စဉ်များဖြစ်သော နွေးထွေး၍ နေရောင်တောက်ပသော နွေဥတုကြောင့် ပျော်ရွှင်
ကြည်နူးခဲ့ကြရသော်လည်း တောမီးများ ကျယ်ကျယ်ပြန့်ပြန့်လောင်ကျွမ်းခြင်းကြောင့် မီးခိုးများ
ဖြင့် မွှန်ထူမွန်းကြပ်ခြင်း၊ နှင်းများနှင့် ရေခဲမြစ်များ လျင်မြန်စွာ အရည်ပျော်မှုကြောင့် မြစ်များ
ရေလျှံခြင်းနှင့် အယ်လ်ဂျေးနှင့် ရေမှော်များ ထူထပ်ခြင်းတို့ကြောင့် ငါးဖမ်းလုပ်ငန်းများ
ထိခိုက်ခြင်းတို့ကိုပါ တွေ့ကြုံလာကြရသည်။

                       ယခုနှစ်နွေရာသီအတွင်း အလက်စကာပြည်နယ်တခွင် တောမီးလောင်
ကျွမ်းမှု အကျယ်အ၀န်းမှာ ဧက ၁.၂၅ သန်းထိ ရှိခဲ့သည်။ သြဂုတ် ၁၆ တစ်နေ့တည်းတွင်
တောမီးလောင်ကျွမ်းမှု ၇၀ ရှိရာ ဖဲယားဘန့်အရှေ့ တောင်ဘက် ၉၅ မိုင်ခန့်အကွာ မြစ်ဝ
ကျွန်းပေါ် လမ်းဆုံအနီး ၅၇၈၇၀ ဧက လောင်ကျွမ်းမှုလည်း ပါဝင်သည်။
                      အဆိုပါဒေသအနီး နေထိုင်သူ ဒေသခံများအား မီးခိုးငွေ့များကြောင့်
အိမ်တွင်း၌သာ နေထိုင်ကြရန် ယခုရက်သတ္တပတ်စောစောပိုင်းက အကြံပေးတိုက်တွန်း
ထားရသည်။ အလက်စကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ အဆိုအရ လေထု
အရည်အသွေးမှာ ကျန်းမာရေးကို အလွန်ထိခိုက်စေသည့် ဒုတိယအဆင့် အဆိုးရွားဆုံး
အခြေအနေတွင် ရှိနေသည်။
                     ယခုနှစ် တောမီးရာသီမှာ ကြီးကြီးမားမား၊ အကြိမ်ရေများများနှင့် ပို၍
ကြာကြာလောင်ကျွမ်းသည့်ပုံစံဖြစ်သည်ဟု အလက်စကာပြည်နယ် အမျိုးသား မိုးလေ
ဝသဌာနမှ ရာသီဥတုသိပ္ပံမန်နေဂျာ ရစ်ခ်သောမန်က ပြောကြားသည်။ အလက်စကာတွင်
၁၉၈၈ နောက်ပိုင်း နွေရာသီ ၁၁ ခု၌ ဧက တစ်သန်းကျော် တောမီးလောင်ကျွမ်းခဲ့ပြီး
ဖြစ်သည်။

0 comments:

Post a Comment

 
;