Share
Wednesday, August 14, 2013

နံ့သာနီနှင့် သစ်မွှေးစိုက်ခင်းသို့ မင်းမဲ့စရိုက်ဆန်ဆန် လူတစ်စု ၀င်ရောက်ဖျက်ဆီး

                    လယ်ဝေးမြို့ နယ် ဥသျှစ်လှိုင်းကျေးရွာအုပ်စု အောင်မင်္ဂလာကျေးရွာ ပလွေး
ကြိုးဝိုင်းအမှတ် (၁၀၉)တွင် သမားတော်ကြီးတစ်ဦး တရားဝင်စိုက်ပျိုးလျှက်ရှိသော နံ့သာနီ၊
သစ်မွှေး စိုက်ခင်း (၁၅) ပေ အမြင့် သုံးနှစ်သား အရွယ်ရှိသော စုစုပေါင်းအပင် ၃၀၀ ကျော်
ခန့်ကို သြဂုတ် ၁ ရက် ည ၁၀ နာရီခန့်က လူတစ်စု၏ ၀င်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ပျက်စီးမှုတန်ဖိုးမှာ ငွေကျပ် သိန်း ၅၀၀ နှင့် သိန်း ၁၀၀၀ ကြားရှိမည်ဟု ခန့်မှန်းရသည်။
အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ လယ်ဝေးမြို့ နယ် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ရာလယ်ဝေး
မြို့ နယ် ရဲစခန်းက လိုက်လံစုံစမ်းနေကြောင်း သိရပါသည်။

0 comments:

Post a Comment

 
;