Share
Sunday, August 25, 2013

သစ်တောကြီးများအတွင်း သီးညှပ်ပင်များ စိုက်ပျိုးရာတွင် နည်းပညာ အခက်အခဲဖြစ်နိုင်

                          မြန်မာ့သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်းနိုင်ရန် ၊ တစ်နိုင်ငံလုံးရှိ
သစ်တောကြီးများတွင် သီးညှပ်ပင်များ စိုက်ပျိုးနိုင်ရန်နှင့် မြန်မာတစ်နိုင်ငံလုံးရှိ တောင်ယာ
စိုက်ပျိုးသူများကို သီးညှပ်မျိုးစိတ်များ အမည်စာရင်း ပေးကြရန် ညွှန်ကြားထားပြီး
ယင်းစိုက်ပျိုးမှု၏ အဓိကအခက်အခဲမှာ စိုက်ပျိုးရေးနည်းပညာဖြစ်လာနိုင်ကြောင်း သစ်တော
ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဦးစည်သူလွင်က
ပြောကြားခဲ့သည်။
                         ပြည်တွင်းသစ်တောကြီးများ ပြုန်းတီးမှုကို နိုင်ငံတကာနှင့်အတူ မြန်မာ
နိုင်ငံကလည်း ထိန်းသိမ်းစောင့်ရှောက်နေရာ ပြည်တွင်းသစ်တောများ ပိုမိုတည်တံ့လာစေရန်
သစ်တောများအတွင်း သီးညှပ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအနေအထားဖြင့်
စာရင်းကောက်ခံနေပြီး စိုက်ပျိုးရန် သီးနှံများကို ပြုစုနေပြီဖြစ်ကြောင်း သိရသည်။
                        အဆိုပါ သီးညှပ်ပင်များ စိုက်ပျိုးရာတွင် ယခင်က ဒေသတချို့ ၌ စမ်းသပ်
ခဲ့ပြီး အောင်မြင်မှုများ ရှိခဲ့သည်။ သို့ရာတွင် အခက်အခဲမှာ သီးညှပ်ပင်များအနေဖြင့်
လောင်းရိပ်ခံနိုင်သော အပင်များဖြစ်ရန် လိုသောကြောင့် ဒေသဆိုင်ရာ ရာသီဥတုနှင့် ကိုက်
ညီသော သီးပင်များကို စိုက်ပျိုးနိုင်မှသာ တောင်ယာလုပ်ကိုင်သူများအနေဖြင့် အောင်မြင်
နိုင်မည်ဖြစ်ကြောင်း သိရသည်။
                      အပင်ကြီးများကို ထိခိုက်မှုမရှိစေဘဲ နေရောင်ခြည်ရရှိမှု၊လောင်းရိပ်
ခံနိုင်မှုနှင့် ရာသီဥတုဒဏ်ခံနိုင်မှု စသော အချက်များမှာ ကြားညှပ်စိုက်ပျိုးမည့် သီးနှံပင်များ
အောင်မြင်ဖြစ်ထွန်းရေးအတွက် အဓိကအရေးပါမည်ဖြစ်ကြောင်း ရေဆင်းတက္ကသိုလ်
သီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းရေးဆိုင်ရာ သုတေသနပညာရှင်တစ်ဦးက သုံးသပ်ပြောကြား
ခဲ့သည်။
                       မကွေးတိုင်းဒေသကြီးရှိ မင်းတုန်းမြို့ နယ်၌ သစ်ပင်ကြီးများကြား၌
သီးညှပ်ပင်အဖြစ် နာနတ်ပင်ကို အဓိက စမ်းသပ်စိုက်ပျိုးခဲ့ပြီး အောင်မြင်မှုများလည်း
ရရှိခဲ့ကြောင်း အဆိုပါ သီးညှပ်စိုက်ပျိုးရေးကို ဦးစီးဆောင်ရွက်ခဲ့သူ  အဆိုပါ သစ်တော
ထိန်းသိမ်းရေးပညာရှင်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်
ရော်ဘာပင်များအကြား ပဲပင်များသာ အဓိကစိုက်ပျိုးဖြစ်ထွန်းနေကြောင်း မြန်မာနိုင်ငံ
စိုက်ပျိုးရေးသုတေသနဌာနမှ အကြီးတန်း သုတေသနမှူးတစ်ဦးက ပြောကြားခဲ့သည်။
 
၂၆.၈.၂၀၁၃  မြ၀တီသတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

 
;