Share
Monday, August 5, 2013

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားသည့် မြို့ နယ်များရှိ ဒေသခံများ၏ လူနေမှုဆိုင်ရာစစ်တမ်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အစီရင်ခံစာအား ယခုလအတွင်းထုတ်ပြန်မည်

             ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နယ်ရှိ မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် 
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မြို့ နယ်ပေါင်း ၂၁ မြို့ နယ်ရှိ ဒေသခံများ၏
လူနေမှု ဘ၀ပျက်စီးမှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆိုင်ရာစစ်တမ်းများနှင့် ပတ်သက်
သည့် အစီရင်ခံစာအား ယခုလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေ
စိုက် ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောကြားသည်။
              မြန်မာနိုင်ငံ၏ မြို့ နယ်ပေါင်း ၂၁ မြို့ နယ်အား ဖြတ်သန်းသွားသည့် ရွှေသဘာဝ
ဓာတ်ငွေ့ပိုက်လိုင်းမှာ ပိုက်လိုင်းတလျောက်တွင် နေထိုင်သော ဒေသခံမြန်မာပြည်သူများ၏
ထိခိုက်နစ်နာမှုများကို အပြီးသတ် ဖြေရှင်းခြင်း မပြုရသေးမီ အချိန်တွင် ပိုက်လိုင်းမှ သဘာဝ
ဓာတ်ငွေ့အား တရုတ်နိုင်ငံသို့ တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။
             " အခု ကျနော်တို့အဖွဲ့က စီမံကိန်းတလျောက်မှာ ရှိနေတဲ့ ဒေသခံပြည်သူ
လူထုနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ စီမံကိန်းတလျောက်မှာရှိတဲ့ ဒေသခံအဖွဲ့အစည်းတွေရဲ့ 
တင်ပြချက်နဲ့ ကျနော်တို့အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို အစီရင်ခံစာအဖြစ် ထုတ်ပြန်ပါမယ်" ဟု
ဦးဝင်းအောင်က ဆိုသည်။
               မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီမှ ၀င်ရောက်မြှပ်နှံသည့်
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ လူ့အခွင့်အရေး
ချိုးဖောက်မှုများနှင့် စစ်တပ်တိုးချဲ့ ချုပ်ကိုင်လာမှုများအား ပြည်သူများ ခံစားနေရသည်။
ယင်းဓာတ်ငွေ့ပိုက်လိုင်းသည် ဇီဝမျိုးကွဲများ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံ၏ မြို့ နယ်ပေါင်း
၂၁ မြို့ နယ်အား ဖြတ်သန်းသွားသည့်အတွက် သစ်တောများကို နှစ်ခြမ်းပိုင်းခြားပစ်လိုက်
သည့်အပြင် ပိုက်လိုင်းဖြတ်သန်းရာ ဒေသတလျှောက်တွင် ကမ္ဘာပေါ်တွင် ၁၀ ခုမြောက်
ထိခိုက်နစ်နာမှုအရှိဆုံး သစ်တော ဖြစ်လာစေသည့်အပြင် သစ်တောပြုန်းတီးမှုများလည်း
ထပ်မံဖြစ်ပေါ်စေကြောင်း ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့၏ ယခင်ထုတ်ပြန်ချက်အရ
သိရသည်။
          ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် စပ်လျဉ်း၍ ဒေသခံများအပေါ် ထိခိုက်နစ်နာမှု
များ ဆက်လက်မဖြစ်ပေါ်စေရေးနှင့် သယံဇာတ ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာစွာ
လုပ်ဆောင်ရေး တွန်းအားပေးနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်
ကောင်စီ ( UNFC ) တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ
အခြေစိုက် ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့မှ ဦးဝင်းအောင်က ပြောကြားသည်။
        ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် လယ်ယာမြေလျော်ကြေးများပေးရန်၊နစ်နာမှု
များအား ကုစားရန် စသော အချက်များကို စီမံကိန်းလုပ်ဆောင်သည့် တရုတ်နိုင်ငံပိုင် CNPC 
ကုမ္ပဏီထံ တောင်းဆိုမှုများ ရှိခဲ့သော်လည်း သဘာဝဓာတ်ငွေ့များ စတင်ပို့ဆောင်နေသည့်
လက်ရှိကာလအထိ ထူးခြားမှုမရှိသည့်အပြင် မဒေးကျွန်းမှ ဒေသခံ ၁၀ ဦးမှာ နစ်နာမှုများ
အတွက် တောင်းဆိုရင်း တရားစွဲဆိုခံနေရကြောင်း သိရသည်။

Weekly Eleven News Journal ၏ စင်တင်ပြဇာတ်ဖြစ်ပါသည်။

0 comments:

Post a Comment

 
;