Share
Monday, September 30, 2013 0 comments

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပလွေးသစ်တောကြိုးဝိုင်းတွင် တရားမဝင်ကျူးကျော်ဝင်​ရောက်နေထိုင်သူများအား တရားစွဲအရေးယူ

                   နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပလွေးသစ်တောကြိုးဝိုင်းအတွင်းတွင် တရားမဝင်ကျူးကျော်ဝင်​ရောက်နေထိုင်သူများအား သက်ဆိုင်ရာ သစ်တောဦးစီးဌာနက တရားစွဲအရေးယူထားကြောင်း သိရသည်။

                 တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်ကြသည့် နေရာမှာ ဒက္ခဏသီရိမြို့နယ် ပလွေးသစ်တောကြိုးဝိုင်း အကွက်အမှတ် (၂၊၃) အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး
 မိုင်တိုင်အမှတ် (၂၀၆/၄) အနီးနှင့် အသစ်ဖောက်လုပ်ထားသော နေပြည်တော် မြို့မလမ်း
 ( V-4လမ်း) အကြားတွင် ဖြစ်သည်။
                ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာန အရာရှိ
 ဦးဝင်းမြင့်အား မေးမြန်းကြည့်ရာ “ ကျွန်တော်က လယ်ဝေးမြို့နယ်နဲ့ ဒဏ္ခဏသီရိ
မြို့နယ်ကို ပူးတွဲတာဝန်ယူထားပါတယ်။ပလွေးကြိုးဝိုင်းအတွင်းမှာ ကျူးကျော်
နေထိုင်သူတွေ များပြားလာကြောင်း သတင်းရရှိတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ
 ၃ ရက်က လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ကြိုးဝိုင်းအနီး
အနားရွာတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး ကွင်းဆင်းစစ်​ဆေးခဲ့ရာမှာ
 အိမ်ထောင်စု ၂၉၀ ကျူးကျော်နေထိုင်နေတာကို တွေ့ရပါတယ်။

              “ဒီလို ကျူးကျော်နေထိုင်တဲ့ ၂၉၀ အနက် ၂၄၆ ဦးကို သစ်တောဥပဒေ
 ပုဒ်မ ၄၀(က)နဲ့ စက်တင်ဘာ ၁၂ ရက်မှာ တရားစွဲဆိုထားပါတယ်။ကျန်တဲ့သူ
တွေကိုလည်း ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
              အဆိုပါ နေရာတွင် ၂၀၁၀ ခုနှစ်အထိ ကျူးကျော်နေထိုင်သူ မရှိခဲ့ဘဲ 
၂၀၁၂ ခုနှစ် ဇွန်လတွင် ကွင်းဆင်းစစ်ဆေးမှုအရ ယင်းသစ်တောကြိုးဝိုင်းအတွင်း 
ကျူးကျော်နေထိုင်သူ ၅၈ ဦးကို တွေ့ရှိရပြီး ၎င်းတို့အား သစ်တောဥပဒေအရ
 အရေးယူခဲ့ရကြောင်း၊သို့သော် အဆိုပါ ကျူးကျော်သူများမှာ ရွှေ့ပြောင်းသွားခဲ့ခြင်း
မရှိဘဲ ယင်းနေရာတွင်ပင် ဆက်လက်နေထိုင်ခဲ့သည့်အပြင် ယခုစက်တင်ဘာလတွင် ထပ်မံကွင်းဆင်းစစ်ဆေးသည့်အခါတွင် ကျူးကျော်နေထိုင်သူများ အဆမတန် 
တိုးပွားလာခဲ့ကြောင်း၊ယခု တရားစွဲဆိုလျက်ရှိသည့် ကျူးကျော်သူ ၃၀၀ နီးပါးတွင် ယခင်တရားစွဲဆိုအရေးယူခံရဖူးသော ၅၈ ဦးလည်း ပါဝင်ကြောင်း သိရသည်။
               “ဒီကြိုးဝိုင်းအတွင်းမှာ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ သစ်ပင်
ဝါးပင်ငယ်တွေကို သူတို့က ခုတ်ထွင်ရှင်းလင်းပြီး အိမ်တွေ ဆောက်နေကြတော့ 
အဲ့ဒီလို မလုပ်ကြဖို့ မြို့နယ်သစ်တောဦးစီးဌာနကနေ ၂၀၁၂ ခုနှစ် ၁၂ လပိုင်းမှာ 
၂ ကြိမ်တိုင်တိုင် အကြောင်းကြားစာတွေ ပို့ခဲ့ပါတယ်။ ဒါ့အပြင် သစ်တောမြေ
ဖြစ်တဲ့အတွက် ကျူးကျော်နေထိုင်ခြင်းမပြုဖို့ သတိပေးဆိုင်းဘုတ်တွေကိုလည်း
 စိုက်ထူခဲ့ပါတယ်။ ဒါပေမယ့် ဒီဆိုင်းဘုတ်တွေကို ကျွန်တော်တို့က ညနေထူရင် 
ညကျ ဖျက်ဆီးခံရတော့တာပဲ။ အကြိမ်ကြိမ် ဆိုင်းဘုတ်ထူ အကြိမ်ကြိမ် 
အဖျက်ခံရ ဖြစ်နေပါတယ်။ တချို့လူတွေက ဒီနေရာမှာ နေရာဦးပြီး
 ပြန်ရောင်းစားနေကြတာကိုလည်း ကြားသိရပါတယ်။ ဒါ့ကြောင့် တရား
ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု မြို့နယ်တာဝန်ခံ
ဖြစ်သူ တောအုပ်ကြီး ဦးစိုးဝင်းက ပြောကြားသည်။
             လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ သစ်တောနယ်မြေများအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်မှုများမှာ ဤနေရာတွင်သာမက အခြားနေရာများတွင်
လည်း ရှိနေသေးသဖြင့် ကွင်းဆင်းစစ်ဆေးပြီး ဆက်လက်အ​ရေးယူသွားမည်
ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိက ပြောကြားသည်။
            “နေပြည်တော်ကို တည်ဆောက်ချိန်မှာ အနယ်နယ် အရပ်ရပ်ကနေ 
လာရောက်အလုပ်လုပ်ကိုင်သူတွေ များပြားလာပါတယ်။ အခုအချိန်မှာ
 တည်ဆောက်ရေးလုပ်ငန်းတွေ နည်းပါးသွားပေမယ့်လည်း တချို့က
 သူတို့ ရပ်ရွာကို မပြန်ကြသေးဘဲ တွေ့ရာကြုံရာမှာ ခိုကပ်နေသူတွေ ရှိပါတယ်။
            “နောက်တခုက သာမန်သစ်တောနယ်မြေကျူးကျော်တယ်ဆိုတာက 
သစ်တောမြေနဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေကနေ လူနေအိမ်ခြေတွေ များပြား
လာပြီး သစ်တောနယ်မြေထဲကို ကျူးကျော်ဝင်ရောက်အိမ်ဆောက်နေထိုင်ကြ
တာပါ။ အခုနေရာကတော့ ရွာတွေနဲ့နီးစပ်မှုမရှိတဲ့အတွက် သီးခြားလာရောက်
ကျူးကျော်နေထိုင်တဲ့ သဘောဖြစ်နေပါတယ်။
             “နိုင်ငံတော်အနေနဲ့ ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားတဲ့ သစ်တော
ကြိုးဝိုင်းနဲ့ ကြိုးပြင်ကာကွယ်တောတွေအတွင်းမှာ နှစ်ကာလအတိုင်းအတာ
တစ်ခုအထိ ခွင့်ပြုချက်မရှိဘဲ အခြေချနေထိုင်တဲ့ ရွာစုနဲ့ အိမ်ထောင်စုတွေကို
 မြေပြင်မှာ စာရင်းကောက်ယူပြီး အိမ်ခြေ ၅၀ နဲ့အထက် ကျေးရွာတွေကို
 ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ပြု
မယ်ဆိုတာကို ဒီနှစ် ဇွန်လထဲမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါနဲ့တဆက်တည်း 
သစ်တောနယ်မြေတွေအတွင်း နှစ်ကာလအတန်ကြာ တရားမဝင် အခြေချ 
နေထိုင်နေတဲ့ အိမ်ခြေ ၅၀ အောက် အိမ်စု၊ရွာစုတွေကိုလည်း ကျေးရွာသစ်
တွေအဖြစ် သစ်တောမြေကနေ စွန့်လွှတ်ပယ်ဖျက်ကာ စုစည်းနေရာချထားဖို့ စီစဉ်ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ဇူလိုင်လအတွင်းမှာ ထုတ်ပြန်
ကြေညာပေးခဲ့ပါတယ်။
              “အဲ့ဒီကြေညာချက်မှာ ဖော်ပြခဲ့တာက နှစ်ကာလအတန်ကြာ နေထိုင်
ခဲ့တဲ့သူတွေကို ဆိုလိုတာပါ။ သို့သော် လူတချို့က ဒီထုတ်ပြန်ကြေညာချက်တွေအပေါ်
 အခွင့်ကောင်းယူပြီး ကျူးကျော်လာတဲ့ သဘောမျိုးလည်း ရှိပါတယ်။ ဒီလို 
လုပ်ရပ်မျိုးတွေကိုတော့ မလုပ်သင့်ပါဘူး”ဟု နေပြည်တော်ကောင်စီနယ်မြေ 
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်က ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာ့အလင်း သတင်းစာ (၂၉.၉.၂၀၁၃)  မှ မှတ်စုထုတ်ထားပါသည်။
0 comments

ဖမ်းထားသူများ ချက်ချင်းလွှတ်ရန် ဂရင်းပိစ် တောင်းဆို

                     ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဂရင်းပိစ်က အာတိတ်
သမုဒ္ဒရာအတွင်း ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ၎င်း၏ တက်ကြွလှုပ်ရှားသူ ၃၀ ကို ရုရှား
နိုင်ငံ၌ ဖမ်းဆီးထားခြင်းကို အယူခံသွားမည်ဟု ပြောကြားလိုက်သည်။ မာမန့်ခ်တရား
ရုံးက ယင်းတို့အနက် ၂၂ ဦးအား စုံစမ်းစစ်ဆေးခြင်းကို နှစ်လကြာ ဆိုင်းငံ့ထားရန်
 ချုပ်မိန့်ပေးပြီးနောက် ဂရင်းပိစ်က ချက်ချင်းလွှတ်ပေးရန် တောင်းဆိုလိုက်သည်။
 အခြားရှစ်ဦးသည် လာမည့် စက်တင်ဘာ ၂၉ ရက်တွင် ကြားနာစစ်ဆေးမှုကို 
ရင်ဆိုင်ရမည်ဖြစ်သည်။ အာတိတ်ဆန်းရိုက်စ်သင်္ဘောဖြင့် လိုက်ပါလာသော 
နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အဆိုပါ တက်ကြွလှုပ်ရှားသူများက ရုရှားနိုင်ငံ၏
 ရေနံတူးဖော်ခြင်းကို ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့အား ပင်လယ်ဓားပြ
စွဲချက်ဖြင့် ဖမ်းဆီးထားသည်။

မြန်မာ့အလင်းသတင်းစာမှ မှတ်စုထုတ်ထားခြင်း ဖြစ်သည်။

ကမ္ဘာ့အပူချိန် မြင့်တက်လာမှုသည် လူသားများကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂသတိပေး

                  ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ အထူးဘုတ်အဖွဲ့ (IPCC) က ကမ္ဘာကြီး
ပူနွေးလာမှုသည် လူသားများကြောင့် ဖြစ်ကြောင်း ယခင်ကထက် ပိုမိုသေချာလာပြီး
 ယခုရာစုနှစ်အတွင်း ၀ ဒသမ ၃ မှ ၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ် (၀ ဒသမ ၅ မှ ၈ ဒသမ 
၆ ဒီဂရီဖာရင်ဟိုက်) ထပ်မံမြင့်တက်လာလိမ့်ဦးမည်ဟု စက်တင်ဘာ ၂၇ ရက်တွင် 
သတိပေးလိုက်သည်။

                ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ သိပ္ပံပညာရှင်
များနှင့် ထင်ရှားသော နိုင်ငံရေးသမားများက ရာသီဥတုဆိုင်ရာ သိပ္ပံပညာအရ ရေရှည်
စောင့်ကြည့်သုံးသပ်မှုများ ပြုလုပ်ခဲ့ရာ၌ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုကို 
အရေးပေါ်တားဆီးရန် လိုအပ်ကြောင်း ပြသနေသည်ဟု စတော့ဟုမ်းတွင် ထုတ်ပြန်
ကြေငြာသော IPCC အစီရင်ခံစာတွင် ပြောကြားထားသည်။
                နိုဗယ်ဆု ရရှိခဲ့သည့် IPCC က လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော် ကာလကို 
လေ့လာချက်အရ ကမ္ဘာကြီးပူနွေးလာမှု၌ အများဆုံးပါဝင်ပတ်သက်သည်မှာ လူသား
တို့၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း ၉၅ ရာခိုင်နှုံး ခိုင်လုံနေသည်ဟု ဆိုသည်။၂၀၀၇ ခုနှစ်
 IPCC အစီရင်ခံစာ၌ ၉၀ ရာခိုင်နှုံးဟု သတ်မှတ်ထားခဲ့ရာ၌ ပိုမို မြင့်တက်လာခြင်း ဖြစ်သည်။
ကုလသမဂ္ဂ၏ ရာသီဥတုရေးရာ အကြီးအကဲ ခရစ်စတီယာနာဖစ်ဂွာရက်စ်က ယခုအစီရင်
ခံစာသည် ကမ္ဘာကြီးအတွက် သတိပေးခေါင်းလောင်းသံထွက်ပေါ်လာသည့် အခိုက်အတန့်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူက “အန္တရာယ်ကြီးမားတဲ့ ဇုန်ကနေ လူသားတွေကို ထိန်းကျောင်းခေါ်ဆောင်သွားဖို့ အစိုးရအဖွဲ့တွေအနေနဲ့ ရာသီဥတုဆိုင်ရာ အရေးယူလုပ်
ဆောင်မှုတွေကို ချက်ချင်းမြှင့်တင်ပြီး ၂၀၁၅ ခုနှစ်မှာ သဘောတူညီချက်တစ်ရပ်ကို ရေးဆွဲနိုင်ဖို့ လိုပါတယ်ဟုပြောကြားခဲ့သည်။
             အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ယခုအစီရင်ခံစာကို 
နောက်ထပ် သတိပေးနှိုးဆော်ချက်တစ်ရပ်ဟု အမည်တပ်ကာ ပြင်းထန်သော အရေးယူ
ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ သူက “သိပ္ပံပညာကို ငြင်းပယ်တဲ့သူ
 ဒါမှမဟုတ် အရေးယူဆောင်ရွက်မှုအပေါ် ဆင်ခြေပေးတဲ့သူဟာ မီးနဲ့ကစားနေတဲ့သူပဲ” ဟု
 ပြောကြားခဲ့သည်။
              IPCC အဖွဲ့သည် အဖွဲ့သက်တမ်း ၂၅ နှစ်အတွင်း လေ့လာမှုအစီရင်ခံစာ 
ထုတ်ပြန်မှုလေးကြိမ် ပြုလုပ်ထားပြီးဖြစ်သည်။
                                           REF: AFP

Weekly Eleven News Journal မှ မှတ်စုထားခြင်း ဖြစ်ပါသည်။

;