Share
Saturday, August 10, 2013

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန် မြို့ တော်လေထုသန့်ရှင်းရေး ဆောင်ရွက်

                   ရန်ကုန်မြို့  မြို့ ပြပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အာဆီယံမြို့ ကြီးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ဂျာမန်နည်းပညာ ပူးပေါင်းအဖွဲ့၏ မြို့ တော်
လေထုသန့်ရှင်းရေးအစီအစဉ်ကို သင်တန်းများ ဖွင့်လှစ်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 
စက်ရုံလုပ်ငန်းများ၏ ကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိသော အခိုးအငွေ့များ၊ အမှုန်အမွှားများ
နှင့် ဓာတ်ငွေ့ပစ္စည်းများ လေထုအတွင်းသို့ အလွန်အမင်း ထုတ်လွှင့်ခြင်း၊ လေထုအတွင်း 

တာရှည်စွာ တည်ရှိနေခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်
ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း

ရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
                   အမှုန်အမွှားများ၊အခိုးအငွေ့များထွက်ရှိမှုသည် စက်ရုံလုပ်ငန်းများ၏ ကုန်ထုတ်

လုပ်မှု အချိုးအစားနှင့် လောင်စာစွမ်းအင်အနေအထားအပေါ် မူတည်ကြောင်း၊ များသော
အားဖြင့်စက်ရုံလုပ်ငန်းများမှ ထွက်ရှိသော အခိုးအငွေ့များတွင် ပါဝင်သော ကာဗွန်ဒိုင်
အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် ကာဗွန်မိုနိုအောက်ဆိုဒ်
 အစရှိသည့် ဓာတ်ငွေ့အချိုးအစား တစ်စုံတစ်ခုသည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ 
အဆိုပါ အကြောင်းရင်းတစ်ရပ်ကြောင့် မြို့ ပြနေထိုင်သူများကို အထိုက်အလျောက်ထိခိုက်ခြင်း၊
 စက်ရုံမှ သုံးစွဲစွန့်ပစ်သော ရေဆိုးများတွင် ဓာတုပစ္စည်းများ ပါဝင်မှုကြောင့် ရေနေသက်ရှိ
သတ္တ၀ါများ အသက်ရှင်နေထိုင်ရေးတို့အပြင် စက်ရုံပတ်ဝန်းကျင်ရှိ လယ်ယာသီးနှံနှင့်
 တောင်သူများ၏ စိုက်ခင်းများကိုပါ ထိခိုက်ပျက်စီးမှုမဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင်၏
 ဂေဟစနစ်ပျက်စီးမှုများ ရှိလာမည့် အရေးများကို  ရန်ကုန်မြို့ တော်စည်ပင်သာယာရေး
 ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ အဓိက တာဝန်ကြီးနှစ်ရပ်
ဖြစ်သည့် စွန့်ပစ်အမှိုက်များ ထိန်းသိမ်းစွန့်ပစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတို့ကို
 ကြိုတင်ကာကွယ်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
                   ယနေ့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် စတုရန်းမိုင် ၃၀၀

 ကျော်တွင် စက်မှုဇုံ ၂၄ ခုရှိပြီး စက်ရုံပေါင်း ၃၅၆၂ ရုံ ရှိကြောင်း ယင်းစက်ရုံများအနက်စက်ရုံ ၉၀၀ ကျော်သည် ရေဆိုးစွန့်ပစ်မှုနှင့် သက်ဆိုင်သည့် ပြန်ကြားချက်များ ရရှိထားပြီ
ဖြစ်သော်လည်း ပြန်ကြားဆက်သွယ်ခြင်းမရှိသည့် စက်ရုံ ၂၀၀၀ ကျော် ကျန်ရှိနေကြောင်း၊
 ထိုသို့ကျန်ရှိနေသော စက်ရုံများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ အကြောင်းပြန်
ကြားခြင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ ဓာတ်ခွဲစမ်းသပ်ပြန်ကြားချက် မူရင်းထောက်ခံ
များကို ယခုနှစ် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား ပေးပို့ရန်အတွက် အသိပေး

ဆောင်ရွက်ထားကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ လမ်းညွှန်မှာကြား
သည့် စည်းကမ်း ဥပဒေကို လိုက်နာခြင်းမရှိသည့် စက်ရုံများကို ပထမ ယာယီသုံးလ

ပိတ်သိမ်းခြင်းနှင့် ဆက်လက်ဆောင်ရွက်ခြင်းမပြုသော စက်ရုံများကို ထိရောက်စွာ အရေးယူ
မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

0 comments:

Post a Comment

 
;