Share
Sunday, August 11, 2013

ကမ္ဘာ့ရှားပါးစာရင်းဝင် ဧရာဝတီလင်းပိုင် အကောင်ရေ လျော့ကျမှု မြင့်တက်

                    ကမ္ဘာ့ရှားပါးစာရင်းဝင် ဧရာဝတီလင်းပိုင်များသည် ယခင်နှစ်များအတိုင်း
အကောင်ရေလျော့ကျမှုများ ရှိနေကြောင်း ပတ်ဝန်းကျင်မျိုးသုဉ်းရေနေသတ္တ၀ါများထိန်းသိမ်း
ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
                    အဆိုပါ လင်းပိုင်များကို ထိန်းသိမ်းမှုလုပ်ငန်းစဉ်များ ပိုမိုချဲ့ ထွင်လုပ်ဆောင်
ရန် လိုအပ်ကြောင်း မည်သည့်အတွက်ကြောင့် အကောင်ရေ လျော့ကျမှုများ ရှိနေသည်ကို
လေ့လာစစ်ဆေးလျက်ရှိရာ လက်ရှိအခြေအနေတွင်အကောင်ရေ ၄၀ မှ ၅၀ ၀န်းကျင်ခန့်သာ
ရှိတော့ကြောင်း သိရသည်။

                    ထို့ပြင် ပတ်ဝန်းကျင်မျိုးသုဉ်းရေနေသတ္တ၀ါများထိန်းသိမ်းရေးဌာနအနေဖြင့်
တစ်လလျှင် နှစ်ကြိမ်ခန့် လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ကွင်းဆင်းစစ်ဆေးမှုများ
ပြုလုပ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြုလုပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး 
ကျောက်မြောင်းမြို့ နယ်တွင် ၂၀၁၂ ခုနှစ်က ၁၉ ကောင်ရှိခဲ့ရာမှ ၁၇ ကောင်အထိ လျော့
ကျလာကြောင်းနှင့် သပိတ်ကျင်းမှ ရွှေကူမြို့ နားတွင် ၂၇ ကောင် ကျန်ရှိနေပြီး ဗန်းမော်
တွင် လေးကောင်မျှသာ ရှိတော့ကြောင်း သိရသည်။
                 အဆိုပါ ထိန်းသိမ်းမှုများကို ၂၀၀၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်း၊
မန္တလေး၊မင်းကွန်းနှင့် ကျောက်မြောင်းအကြား ၇၄ မီတာအကွာအဝေးရှိ မြစ်ကြောင်း
တစ်လျှောက်တွင် ထိန်းသိမ်းလျှက်ရှိကြောင်း၊ အဆိုပါ လျော့ကျမှုအခြေအနေကို 
အသေးစိတ်သိရှိနိုင်ရန် မြစ်ခွဲများအတွင်းသို့ ၀င်ရောက်စစ်ဆေးလေ့လာသွားမည်ဖြစ်ပြီး 
ဒေသခံများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း သိရသည်။
                 ဧရာဝတီလင်းပိုင်များသည် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအို
အစရှိသည့် မဲခေါင်ဒေသအတွင်း ရှင်သန်နေထိုင်ကြသည့် ရှားပါးရေနေသတ္တ၀ါများ
ဖြစ်ပြီး ယခုမျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

0 comments:

Post a Comment

 
;