Share
Tuesday, August 27, 2013

ဖိလစ်ပိုင်တွင် ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေပေါင်း ၅၀၀ ကျော်အား ကယ်ဆယ်ရေးအဖွဲ့ကယ်တင်

                   ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဆားမားပြည်နယ်သို့ သြဂုတ် ၂၇ ရက်က အပူပိုင်းမုန်တိုင်း
Kong Rey ၀င်ရောက်တိုက်ခတ်မှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါဒေသရှိ အိမ်ခြေပေါင်း
၅၄၇ အိမ်အား ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးခဲ့ရကြောင်း အစိုးရထိပ်တန်း အရာရှိတစ်ဦးက ပြော
ကြားခဲ့သည်။

                   အဆိုပါ ဆာမားဒေသရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ဒုက္ခရောက်နေသူများအား စာသင်
ကျောင်းများရှိ အမိုးအကာများအောက်တွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ကယ်ဆယ်ရေး
လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါမုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးချက်
များအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ၏ လက်ထောက်ပြောရေးဆိုခွင့်
ရှိသူ အဘီလ်ဂေးဘော့တ်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်မိုးလေ၀သဌာန၏ ထုတ်ပြန်ချက်အရ
အဆိုပါ မုန်တိုင်း Kong Rey သည် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဘာတိန်းပြည်နယ်သို့ ဆက်လက်
ရွေ့ လျားနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

 
;