Share
Monday, August 5, 2013

အကြမ်းဖက်မှု မြင့်တက်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း ဆက်နွယ်နေနိုင်ကြောင်း သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ

             ရာသီဥတု ပူနွေးခြင်းနှင့် ကမ္ဘာတစ်ဝှမ်း အကြမ်းဖက်မှု မြင့်တက်ဆက်နွယ်နေနိုင်
ကြောင်း Science ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည့် အမေရိကန်သိပ္ပံပညာရှင်များ၏ လေ့လာ
တွေ့ရှိမှုက သုံးသပ်ခဲ့သည်။
              အပူချိန် အနည်းငယ် ပြောင်းလဲရုံမျှ ၊ မိုးရေချိန်အနည်းငယ် ပြောင်းလဲရုံမျှနှင့်
အကြမ်းဖက်မှုများ၊ အဓမ္မပြုကျင့်မှုများ ၊ လူသတ်မှုများ မြင့်တက်ခြင်း ၊ စစ်ပွဲများ ၊ အုပ်စုဖွဲ့
ပဋိပက္ခများ မြင့်တက်ခြင်းတို့ ဆက်နွယ်နေကြောင်း ပရင်စတန်တက္ကသိုလ်နှင့် ဘာကလေ
ကာလီဖိုးနီးယားတက္ကသိုလ် သုတေသန ပညာရှင်များက သတိပေးခဲ့သည်။ လက်ရှိရာသီ
ဥတုပြောင်းလဲမှုအတိုင်းဆိုပါက ကမ္ဘာသည် အကြမ်းဖက်မှုများ ပိုများလာနိုင်သော နေရာ
တစ်ခုဖြစ်လာဖွယ် ရှိကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။
               ကာလီဖိုးနီးယားတက္ကသိုလ်က မာရှယ်ဘက်က " ကျနော်တို့ စောင့်ကြည့်ခဲ့တဲ့
ကမ္ဘာ့တိုက်ကြီးအားလုံးနဲ့ အချိန်တိုင်းမှာ ဆက်နွယ်မှုတစ်ခု ဖြစ်နေပါတယ်။ ရာသီဥတုပြောင်း
လဲမှုနဲ့ ပဋိပက္ခတွေကြား ကျနော်တို့ တွေ့ခဲ့တဲ့ ဆက်နွယ်မှုက ကြီးမားပါတယ်" ဟု ပြောကြား
ခဲ့သည်။
               သုတေသနပညာရှင်များသည် ကမ္ဘာတစ်ဝှမ်းမှ လေ့လာမှုပေါင်း ၆၀ ကို စူးစမ်းခဲ့
ရာ နှစ်ပေါင်းရာနှင့်ချီကြာသော အချက်အလက်များ ပါဝင်ခဲ့ကြောင်း သိရသည်။
               အိန္ဒိယတွင် မိုးခေါင်ရေရှားသည့် ကာလ၌ အိမ်တွင်းအကြမ်းဖက်မှုများ မြင့်တက်
ခဲ့ပြီး အမေရိကန်တွင် အပူလှိုင်းဖြတ်စဉ် အဓမ္မပြုကျင့်မှုနှင့် လူသတ်မှုများ မြင့်တက်ခဲ့ကြောင်း
အချက်အလက်များက ဖော်ပြခဲ့သည်။ ဥရောပတွင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားမှုနှင့် အာဖရိ
တွင် ပြည်တွင်းစစ်များ ဖြစ်ပွားမှုသည် အပူချိန်မြင့်တက်မှုနှင့် ဆက်နွယ်နေကြောင်း လေ့လာ
တွေ့ရှိမှုက တင်ပြခဲ့သည်။
              ရာသီဥတုပြောင်းလဲမှုနှင့် အကြမ်းဖက်မှု ဆက်နွယ်ခြင်းကို နားလည်ရန် ကြိုးပမ်းနေ
ကြကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ " အဓိကကျတဲ့အချက်တစ်ချက်က
တော့ စီးပွားရေးအပြောင်းအလဲတွေ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ရာသီဥတုပြောင်းလဲရင် ကမ္ဘာတ၀န်း
က စီးပွားရေးအခြေအနေကို သက်ရောက်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အထူးသဖြင့်
ကမ္ဘာရဲ့  စိုက်ပျိုးရေးအခြေခံနေရာတွေမှာပါ "  ဟု မစ္စတာဘက်က ပြောကြားခဲ့သည်။
               ကမ္ဘာ့အပူချိန်သည် ၂ ဒီဂရီဆဲလ်စီးယပ်စ် မြင့်တက်နိုင်ဖွယ်ရှိရာ အချို့ ဒေသများတွင်
အုပ်စုဖွဲ့ပဋိပက္ခ ၅၀ ရာခိုင်နှုံးခန့် မြင့်တက်နိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။

REF; AFP

Weekly Eleven Journal ပါ ပြဇာတ်ဖြစ်ပါသည်

0 comments:

Post a Comment

 
;