Share
Friday, August 9, 2013

ကျောက်မြောင်းမြို့ အထက်ပိုင်းတွင် ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင်သေ တစ်ကောင် တွေ့ရှိ

                  သြဂုတ် ၃ ရက် ညနေပိုင်းတွင် ကျောက်မြောင်းမြို့ ရေတော်ဘုရား အထက်ပိုင်း ဆိပ်သာကျေးရွာရှေ့ ရေပြင်တွင် လင်းပိုင်သေ တစ်ကောင် မျောပါနေသည်ကို သာယာဝတီ
ရွာသား တစ်ဦးက ဆယ်ယူကာ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့သို့ အသိပေး အကြောင်း
ကြားခဲ့ပြီး ထိန်းသိမ်ရေးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

                ''ဆယ်ယူခဲ့တဲ့သူ ပြောပြချက်အရ လင်းပိုင်အသေက အမဖြစ်ပြီး ဒဏ်ရာနဲ့ ပိုက်ညှိ တွယ်လာတာလည်း မရှိဘူးလို့ သိရတယ်။ အရွယ်အစားကလည်း ၇ ပေ ရှိတယ်ဆိုတော့ သက်ကြီးအကောင် အဆင့်ကို ရောက်ရှိနေတဲ့ အတွက် ဓမ္မတာအတိုင်း သေဆုံးတာ ဖြစ်ဖို့
များတယ်'' ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားသည်။
           တွေ့ရှိရသည့် လင်းပိုင်သေသည် ထိန်းသိမ်းရေး ဧရိယာ အပြင်ဘက် သပိတ်ကျင်းမြို့ အထက်ပိုင်းတွင် နေထိုင်ကျက်စားနေသည့် လင်းပိုင်အုပ်များထဲမှ သေဆုံးမျောပါလာခြင်း
 ဖြစ်နိုင်ကြောင်း၊ ပုပ်ပွနေသည့် အတွက် မည်ကဲ့သို့ သေဆုံးသည်ကို ခန့်မှန်းရ ခက်ခဲကြောင်း ၎င်းကသုံးသပ် ပြောကြားသည်။
              လင်ပိုင်းများသည် ဘထ္ထရီရှော့တိုက် ငါးဖမ်းလုပ်ငန်းများကြောင့် သေဆုံးနိုင် 
သကဲ့သို့ ငါးဖမ်းပိုက် များတွင်လည်း ငြိတွယ်ပြီး သေဆုံးတတ်ကြောင်း၊ ယခုကဲ့သို့ ရာသီတွင် ငါးများမြစ်လက်တက် ချောင်းများအထိ ၀င်ရောက်ကာ ဥချပေါက်ပွားသည့် အတွက် 
လင်းပိုင်များသည် ငါးများနောက်သို့ လိုက်ရင်း ပိုက်များအတွင်း ငြိတွယ်သေဆုံး တတ်သည့်
အတွက် ငါးဖမ်းသူများ အနေဖြင့် သတိထား ဆောင်ရွက်သင့်ကြောင်း သိရသည်။
               ဧရာဝတီလင်းပိုင်း ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ၂၀၀၈ ခုနှစ် ၀န်းကျင်က လင်းပိုင်အကောင်ရေ ၁၇ ကောင်၊ ၂၀၁၂ ခုနှစ်တွင် ၂၂ ကောင် တွေ့ရှိ မှတ်တမ်းတင် 
 ထားရှိပြီး ၂၀၁၃ခု နှစ်ဆန်းပိုင်းတွင် အထီးနှစ်ကောင်နှင့် အမတစ်ကောင် သေဆုံးခဲ့ပြီး ယခုသေဆုံးခဲ့သည့် အကောင်မှာ လေးကောင်မြောက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group မှ စင်တင်ပြဇာတ်ဖြစ်ပါသည်။

0 comments:

Post a Comment

 
;