Share
Sunday, August 25, 2013

ကြည့်မြင်တိုင်မြို့ နယ်တွင် ထူးကဲဒီရေကြောင့် နေအိမ်များအတွင်း ရေ၀င်

 ရန်ကုန်                                                                              သြဂုတ်  ၂၄


                             ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့ နယ် လှိုင်မြစ်အနောက်ဖက်ကမ်း
ရပ်ကွက်များတွင် ထူးကဲဒီရေကြောင့် နေအိမ်များအတွင်း ရေများ ၀င်ရောက်မှုဖြစ်ပေါ်လျက်ရှိရာ
ယမန်နေ့က စက်ဆန်းအောက်ရုံ အလတ်ချောင်းရပ်ကွက်များ၌ နေအိမ်များအတွင်း ဒီရေများ
ဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည်။ ထိုကဲ့သို့ ဒီရေများ ၀င်ရောက်မှုဖြစ်ပေါ်နေသောကြောင့် ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့များ၊ အရန်
မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၆၀ ခန့်မှာ ပစ္စည်းများ ကူညီ
ပြောင်းရွှေ့ ခြင်း၊ ယိုင်နဲ့သွားသော နေအိမ်များကို ပြန်လည်ပြုပြင်ပေးခြင်း၊ ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် တင်ကျန်ခဲ့သော အမှိုက်သရိုက်များကို
ရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

 
;