Share
Wednesday, August 21, 2013

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိမည်

                      ပြည်တွင်း လူမှုအဖွဲ့အစည်းများ ပထမဆုံးအကြိမ် ပါဝင်ရေးဆွဲထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။

              အဆိုပါဥပဒေတွင် ပြင်ဆင်ရမည့် အချက်အလက်များကို ပြင်ဆင်၍ လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော်သို့ တင်ပြထားပြီး အတည်ပြုပြီးပါက ယခုလမှစ၍ ရက်ပေါင်း ၉၀ (သုံးလအတွင်း) ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

         သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်နိုင်ငံတော်သမ္မ  တဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေသည် ထိထိရောက်ရောက်
အကောင်အထည်   ဖော်ဆာင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြကြသည်။

               စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရန်နှင့် အထောက်အကူပေးရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် အဆိုပါ နည်းဥပဒေက ထိန်းညှိနိုင်မည်           
ဖြစ်ကြောင်း ဦးလှမောင်သိန်းက ပြောဆိုသည်။

            “ဆီလျော်တဲ့ နည်းဥပဒေဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီမှာ နှစ်ပေါင်း ၅၀ ကျော်တဲ့အထိ အဲဒီဥပဒေ မရှိခဲ့ပါဘူး။ ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့အတွက်ဒီဥပဒေက အင်မတန်မှ အရေးကြီးတယ်” ဟုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသူ ဒေါ်ဒေဝီသန့်ဇင် မှတ်ချက်ပေး ပြောကြားသည်။
The Voice Weekly ဂျာနယ်မှ ကူးယူမှတ်သားရပါသည်။

0 comments:

Post a Comment

 
;