Share
Tuesday, August 20, 2013

မြန်မာ့သစ်လုပ်ငန်းအား လွတ်လပ်သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

                                    ရန်ကုန်                    သြဂုတ် ၂၀            
                   မြန်မာ့သစ်လုပ်ငန်းအား လွတ်လပ်သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ်
 ပြောင်းလဲဖွဲ့စည်းခြင်း( Corporatization ) နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း
ဒေသကြီး အင်းစိန်မြို့ နယ် ကြို့ ကုန်းရှိ မြန်မာ့သစ်လုပ်ငန်း ရုံးချုပ် တော်ဝင်ခန်းမ၌ ယနေ့နံနက်
၉ နာရီခွဲတွင် ကျင်းပသည်။ 

                       အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက နိုင်ငံတော်ပိုင်စီးပွား
ရေးလုပ်ငန်းများအား Corporatization ပြုလုပ်ခြင်းသည် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (Privatizat-
ion) လုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် မလွဲမသွေ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ လုပ်ငန်း
အမည်၊ အခေါ်အဝေါ် ပြောင်းလဲရုံသာမဟုတ်ဘဲ ဆက်စပ်ပါဝင်သူ( Stakeholder ) များအားလုံး
၏ Mindset ကိုပြောင်းလဲပြီး စီးပွားရေးလုပ်ငန်း အစုအဖွဲ့ဆိုင်ရာ အုပ်ချုပ်စီမံမှု ( Corporate
Governance) ကို စနစ်တကျ နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူသွားကြရန် အရေး
ကြီးကြောင်း ပြောကြားသည်။
                     ထို့နောက် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာ
အောင်ထွန်းသက်က နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား လွတ်လပ်သော နိုင်ငံပိုင် 
ကော်ပိုရေးရှင်းများအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း (Corporatization) နှင့်ပတ်သက်၍
အခြေခံအကြောင်းတရားများ၊ နိုင်ငံတကာ အတွေ့အကြုံ နမူနာများ၊ ဆောင်ရန် ရှောင်ရန်များ
စနစ်တကျ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမည့် အဆင့်များကို ရှင်းလင်းဆွေးနွေးသည်။
                      မြန်မာ့သစ်လုပ်ငန်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော
ရေးရာဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၄၈ ခုနှစ်မှစ၍
နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ (State Timber Board) အမည်ဖြင့် သစ်ထုတ်လုပ်ခြင်း၊ ခွဲစိတ်
ခြင်း၊ ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချခြင်းတို့ကို တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ
ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် Corporati-
zation ပြုလုပ်ခြင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြ၀တီ သတင်းစာပါ စင်တင်ပြဇာတ်ဖြစ်ပါသည်။

0 comments:

Post a Comment

 
;