Share
Saturday, October 5, 2013

သံလွင်မြစ်ပေါ်၌ ရေအားလျှပ်စစ်ထုတ်ယူနိုင်မှု ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်နေ




           နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ဓာတ်အားသုံးစွဲ
နိုင်မှုလည်း လိုအပ်လျက်ရှိရာ ဓာတ်အားပြည့်ပြည့်ဝဝ ထုတ်လုပ်နိုင်ရေး အရေးကြီး
လေသည်။ ထိုသို့ ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရရှိနိုင်မည့် နည်းလမ်း
များဖြင့် လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။
          “သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်ထုတ်ယူဖို့အတွက် စီမံကိန်းခြောက်ခု
 ရှိနေပြီ။ အခုလောလောဆယ်မှာတော့ ဖြစ်နိုင်ခြေ လေ့လာမှုတွေ ပြုလုပ်နေပါတယ်။
 ဒေသခံတွေရဲ့ လူမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် ဦးစားပေးဖို့
 ကျွန်တော်တို့ ပြောကြားထားပါတယ်။ MoU ရေးထိုးတဲ့အဆင့်မရှိသေးပါဘူး”ဟု
 ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
 ဦးမော်သာထွေးက ရန်ကုန်မြို့၌ စက်တင်ဘာ ၂၈ ရက်က မီဒီယာများနှင့် 
တွေ့ဆုံစဉ် ပြောကြားသည်။


         သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ ဆောက်ရန် ဖြစ်နိုင်ခြေ
 လေ့လာမှုများ ပြုလုပ်နေသည့် နေရာများမှာ ကွမ်းလုံ၊နောင်ခါး၊မန်းတောင်း၊ 
မိုင်းတုံးရွာသစ်နှင့် ဟာဂျီးတို့တွင် ဖြစ်သည်။ ရေအားလျှပ်စစ်စီမံကိန်းများ
 ပြုလုပ်ရာတွင် ဒေသခံပြည်သူတို့၏ လူမှုဘဝစီးပွားမထိခိုက်ရန်နှင့် သဘာဝ
ပတ်ဝန်းကျင် မပျက်စီးမထိခိုက်ရန် မည်သို့ ဆောင်ရွက်မည်ကိုလည်း လေ့လာ
မှုများ ပြုလုပ်နေသည်။
              မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်ယူနိုင်ရေး ဆောင်ရွက်
လျက်ရှိရာ အထက်ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှာ စွမ်းအားသစ်
အိုအေစစ်ကုမ္ပဏီမှ တည်ဆောက်နေခြင်းဖြစ်ပြီး လာမည့် ၂၀၁၅-၂၀၁၆
 ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်သည်။ ယင်းရေအားလျှပ်စစ်စီမံကိန်းမှာ
 တပ်ဆင်အင်အား ၂၉ မဂ္ဂါဝပ်ဖြစ်ပြီး လောလောဆယ်ပြီးစီးမှုမှာ ၃၇ ဒသမ ၃၂
 ရာခိုင်နှုန်း ဖြစ်သည်။
           ဆက်လက်ပြီး တာပိန်ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နိုင်ငံ China
 Datang ကုမ္ပဏီမှ တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အပြီး
တည်ဆောက်မည်ဖြစ်သည်။ တာပိန်ရေအားလျှပ်စစ်စီမံကိန်းမှာ တပ်ဆင်အင်အား
 ၁၀၁ မဂ္ဂါဝပ်ရှိပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံမှ ၅၀ 
ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး Free Power ၁၉ မဂ္ဂါဝပ်အပြင် ၂ ဒသမ ၈ Cent
 ဖြင့် ၁၀၁ မဂ္ဂါဝပ် ဝယ်ယူသွားမည်ဖြစ်သည်။
            ထို့အပြင် ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ဓာတ်အားထုတ်ယူ
နိုင်မည့် ဖြူးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာလည်း တပ်ဆင်အင်အား
 ၄၀ မဂ္ဂါဝပ်ရှိပြီး နွေရာသီဓာတ်အားထုတ်လုပ်နိုင်မှုမှာ ၁၃ မဂ္ဂါဝပ်ဖြစ်သည်။ 
နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် တပ်ဆင်အား ၄၀
 မဂ္ဂါဝပ်ဖြစ်ပြီး နွေရာသီဓာတ်အားထုတ်ယူနိုင်မှုမှာလည်း ၁၃ မဂ္ဂါဝပ်ဖြစ်သည်။
           တစ်ဖန် ဘီလူးချောင်း(၃) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊
 အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(ပထမအဆင့်) တို့မှလည်း 
၂၀၁၄ ခုနှစ် ဇန်နဝါရီနှင့် ၂၀၁၄ ခုနှစ် မေလတို့တွင် နွေရာသီ ဓာတ်အားထုတ်လုပ်မှု
 ၄၀ မဂ္ဂါဝပ်နှင့် ၅၀ မဂ္ဂါဝပ်တို့ ရရှိနိုင်မည် ဖြစ်သည်။
မြန်မာ့အလင်း သတင်းစာ   ၃-၁၀-၂၀၁၃  မှ မှတ်စု ထုတ်ထားပါသည်။

0 comments:

Post a Comment

 
;