Share
Tuesday, August 27, 2013 0 comments
ဖိလစ်ပိုင်တွင် ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေပေါင်း ၅၀၀ ကျော်အား ကယ်ဆယ်ရေးအဖွဲ့ကယ်တင်
                   ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဆားမားပြည်နယ်သို့ သြဂုတ် ၂၇ ရက်က အပူပိုင်းမုန်တိုင်း
Kong Rey ၀င်ရောက်တိုက်ခတ်မှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါဒေသရှိ အိမ်ခြေပေါင်း
၅၄၇ အိမ်အား ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးခဲ့ရကြောင်း အစိုးရထိပ်တန်း အရာရှိတစ်ဦးက ပြော
ကြားခဲ့သည်။
                   အဆိုပါ ဆာမားဒေသရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ဒုက္ခရောက်နေသူများအား စာသင်
ကျောင်းများရှိ အမိုးအကာများအောက်တွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ကယ်ဆယ်ရေး
လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါမုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးချက်
များအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ၏ လက်ထောက်ပြောရေးဆိုခွင့်
ရှိသူ အဘီလ်ဂေးဘော့တ်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်မိုးလေ၀သဌာန၏ ထုတ်ပြန်ချက်အရ
အဆိုပါ မုန်တိုင်း Kong Rey သည် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ဘာတိန်းပြည်နယ်သို့ ဆက်လက်
ရွေ့ လျားနိုင်ကြောင်း သိရသည်။
0 comments
စစ်တောင်းမြစ်ရေ ရေလွှမ်းမိုးခြင်းနှင့် ခ၀ါချောင်းရေ ရေတိုက်စားမှုကြောင့် ခ၀ါချောင်းရွာ ရွာလုံးကျွတ် ပြောင်းရွှေ့ရမည့် အခြေအနေ ဖြစ်ပေါ်နေ
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာအုပ်စု စစ်တောင်းမြစ်နှင့် ခ၀ါချောင်းဆုံရာတွင် တည်ရှိနေသော ခ၀ါချောင်းကျေးရွာသည် စစ်တောင်းမြစ်မှ ဒီရေတက်မှုနှင့် တောင်ကျချောင်းဖြစ်သော ခ၀ါချောင်းမှ ရေတိုးရေတိုက်စားမှုများကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် လူနေအိမ် ၅၀ ခန့် ကမ်းနှင့်ဝေးရာ ရွှေ့ပြောင်းခဲ့ရသည်။
"ဘုန်းကြီးတို့ ကျောင်းတိုက်က ချောင်းဦးနဲ့ တည့်နေတော့ ရေတိုးတာ တိုက်ရိုက်ခံရတယ်။ အဲဒီလို ရေတိုက်စားနေတဲ့ အတွက်ကြောင့် နှစ်နှစ်အတွင်း သာသနိက အဆောက်အအုံ လေးလုံးဖျက်သိမ်းပြီးတော့ နေရာပြောင်းဆောက် ခဲ့ရတယ်။ အခုသိမ်နဲ့ ဆွမ်းစားဆောင်ကို ရေထဲမပါအောင် အခုဖျက်သိမ်း နေကြရပါတယ်" ဟု ခ၀ါချောင်းကျေးရွာ ဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးက၀ိန္ဒက မိန့်တော်မူသည်။
"ဒီဒေသမှာ စစ်တောင်းမြစ်ရေနဲ့ တောင်ကျချောင်းဖြစ်တဲ့ ခ၀ါချောင်း ရှိတဲ့အတွက် မိုးအရမ်းများရင် ချောင်းရေကြည့်ပြီး နေကြရတယ်။ ဘယ်အချိန် တောင်ရေကျလာမလဲပေါ့။ တောင်ရေကျလာရင် ခ၀ါချောင်း တံတားကိုဖြတ်ပြီး ရေလွတ်တဲ့ တစ်ဖက်ကမ်းမှာ သွားနေကြရတယ်။ လပြည့်နေ့ သြဂုတ် ၂၁ ရက်ကစပြီး ရေလွတ်ရာ ကုန်းမြင့်တဲ့ နေရာတွေမှာ သွားနေနေကြရပါတယ်။ မိုးဆက်တိုက် ရွာနေဦးမယ်ဆိုရင် သြဂုတ် ၂၅၊ ၂၆ ရက်လောက်အထိ ရေဘေးဆက်ရှောင် နေရဦးမယ်" ရေဘေးကင်းလွတ်ရာ ရှောင်နေကြသော ခ၀ါချောင်းရွာသား ဦးကြွယ်က ပြောကြားသည်။
"ရွာကို အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိတဲ့လူတွေ ခဏခဏ လာကြတယ်။ ၀န်ကြီးချုပ်လည်း လာဖူးတယ်။ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌလည်း လာဖူးတယ်။ နောက်သာသနာရေးကရော၊ စည်ပင်တွေရော၊ မြေစာရင်းတွေရော၊ ဆည်မြောင်းတွေရော လာဖူးကြတယ်။ သူတို့ကို ဒီရွာရဲ့ အခက်အခဲတွေ ကမ်းပြိုတဲ့ ကိစ္စတွေကို တင်ပြခဲ့ပေမယ့် အခုထိ ဘာမှအကောင်အထည် မဖော်ပေးနိုင်သေးဘူး။ ဘုန်းကြီးကျောင်းမြေက ရေတိုက်စားတာနဲ့ ကျောင်းဆောင်နှစ်ဆောင်ပဲ ကျန်တော့တယ်။ လူနေအိမ်တွေက တဖြည်းဖြည်း နောက်ဆုတ်ရင်းနဲ့ တခြားရွာမြေထဲ ရောက်တော့မယ်" ဟု အဆိုပါ ခ၀ါချောင်းရွာသား တစ်ဦးဖြစ်သူ ဦးမောင်ကွန်းက ဆိုသည်။
၎င်းကဆက်လက်ပြီး "ဒီခ၀ါချောင်းက နဂိုချောင်းရိုးလေး ရှိတယ်။ အဲဒီ ချောင်းရိုးလေးကို ပြန်ဖော်လိုက်ရင် ချောင်းရေက ရွာဘက်ကို မလာတော့ဘူးဆိုရင် မြေပြိုမှုတွေ နည်းသွားနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ရွာလုံးကျွတ် ပြောင်းမှပဲ ရတော့မယ်" ဟု ဆိုသည်။
ယခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ စစ်တောင်းမြစ်ရေ ကြီးခြင်းနှင့် တောင်ကျရေ ကျဆင်းခြင်းများကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိသော ခ၀ါချောင်း ကျေးရွာသည် ရွာလုံးကျွတ် ရေမြုပ်ခဲ့ပြီး လူဦးရေ  ၇၀၀  ခန့် ရေလွတ်ရာ နေရာများသို့ တိမ်းရှောင်နေခဲ့ ကြရသည်။
Credit>>>Eleven Media Group
0 comments
0 comments
မက္ကဆီကိုနိုင်ငံတွင် အပူပိုင်းမုန်တိုင်း ဖာနက်ဒ်တိုက်ခတ် ၁၃ ဦး သေဆုံး
                       မက္ကဆီကိုနိုင်ငံ အရှေ့ ပိုင်း ဗယ်ရားရုဇ်ပြည်နယ်တွင် အုပူပိုင်းမုန်တိုင်း ဖာနက်ဒ်
ဝင်ရောက်တိုက်ခတ်မှုကြောင့် သြဂုတ် ၂၆ ရက် မြေပြိုမှု ဖြစ်ပွားခဲ့ရာ ၁၃ ဦးထက်မနည်း သေဆုံးခဲ့
ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
                        အာဏာပိုင်များသည် အဆိုပါပြည်နယ်တွင် ယင်းမုန်တိုင်းကို အနီရောင်အဆင့်
အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး မြို့ နယ်လေးခုမှ ပြည်သူ ၃၀၀၀ ခန့်ကို ဘေးအန္တရာယ်ကင်းရှင်းရာ
နေရာသို့ ပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရသည်။
                        မုန်တိုင်းသည် ယင်းပြည်နယ်သို့ ၀င်ရောက်ခဲ့ပြီး သြဂုတ် ၂၆ ရက်က အားပျော့
ခဲ့သော်လည်း နိုင်ငံအရှေ့ ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်
ပေါ်နိုင်မည်ဟု မက္ကဆီကိုအမျိုးသားမိုးလေ၀သဌာနမှ ပြောကြားခဲ့သည်။
                        အဆိုပါ မုန်တိုင်းသည် တစ်နာရီလျှင် အမြင့်ဆုံး လေတိုက်နှုံး ၅၅ ကီလိုမီတာ
နှုံးဖြင့် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားနိုင်ပြီး တစ်ရက်အတွင်း အားပျော့ပျက်ပျယ်
သွားနိုင်ကြောင်း မီယာမီအခြေစိုက် အမေရိကန် အမျိုးသားဟာရီကိန်းစင်တာမှ ပြောကြားသည်။
Monday, August 26, 2013 0 comments
ကာလီဖိုးနီးယား တောမီးလောင်ကျွမ်းမှု ဆန်ဖရန်စစ္စကိုမြို့  ရေနှင့် လျှပ်စစ်ဖြန့်ဖြူးမှုအား ခြိမ်းခြောက်လျက်ရှိ
                        အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Yosemite အမျိုးသား
ပန်းခြံ မြောက်ပိုင်းသို့ ပျံ့နှံ့ ခဲ့သော တောမီးလောင်ကျွမ်းမှုသည် ယခုအခါ ဆန်ဖရန်စစ္စကိုမြို့ 
ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုများအား ခြိမ်းခြောက်မှုများ ရှိကြောင်း အာဏာပိုင်များ
က သြဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ တောမီးကြောင့် နိုင်ငံပိုင် မြေဧက
၁၃၃၉၈၀ လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း Inci သတင်းဝက်ဘ်ဆိုဒ်၏ သတင်းထုတ်ပြန်ချက်အရ
သိရသည်။
                      ထို့ပြင် ၄င်းတောမီးသည် သြဂုတ် ၁၇ ရက်က စတင်လောင်ကျွမ်းခဲ့ခြင်း
ဖြစ်ပြီး မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းအား ယခုတိုင် မသိရသေးကြောင်းနှင့်
မီးသတ်သမား ၂၈၀၀  ကျော်သည် ရဟတ်ယာဉ်များ၊ လေယာဉ်များ အသုံးပြု၍ ငြှိမ်းသတ်နိုင်
ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။
0 comments
အဖြူနှင့် အညိုရောင်စပ် ရှားပါးသော ပန်ဒါဝက်ဝံကို တရုတ်ထုတ်ဖော်ပြသ
                 ပန်ဒါဝက်ဝံကြီးများမှာ မျက်မှောက်ခေတ်တွင် ရှားပါးသော ၀က်ဝံအမျိုးအစားများ
ဖြစ်သော်လည်း တရုတ်နိုင်ငံ ရှန်ရှီပြည်နယ်တွင် ပြသခဲ့သော ချီဇိုင်အမည်ရှိ အညိုနှင့် အဖြူ
ရောင်စပ်ထားသည့် ပန်ဒါဝက်ဝံမှာ အလွန်ရှားပါးသည့် ပန်ဒါဝက်ဝံဖြစ်လာခဲ့ကြောင်းသိရသည်။
                ချီဇိုင်ပန်ဒါဝက်ဝံသည် ကမ္ဘာ့အရှားပါးဆုံး ပန်ဒါဝက်ဝံဖြစ်ပြီး ၄င်းအား တရုတ်နိုင်ငံ
အနောက်မြောက်ပိုင်းရှိ ရှားပါးတောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးနှင့် သုတေသနဌာနတွင်
ထားရှိပြသထားခြင်း ဖြစ်သည်။
နှစ်လသားအရွယ်တွင် ရှာဖွေတွေ့ရှိပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။
               အဆိုပါ ၀က်ဝံ၏ အရောင်မှာ အဖြူနှင့် အညိုရောင် စပ်ထားသော အရောင်
ဖြစ်သော်လည်း ၄င်း၏ မိခင်ဖြစ်သူမှာမူ သာမန်ပန်ဒါဝက်ဝံများကဲ့သို့ အဖြူနှင့် အနက်ရောင်
ကိုသာ ပိုင်ဆိုင်ထားသည်။
               ယင်းဝက်ဝံ၏ အရောင်သည် အဖြူနှင့် အညိုရောင် စပ်ထားရသည့် အကြောင်း
ရင်းမှာ မျိုးရိုးဗီဇနှင့်ဆိုင်သော သန္ဓေပြောင်းလဲမှုကြောင့်ဟု သုတေသီများက ယူဆထားပြီး
၎င်းအား လာမည့်နှစ်တွင် သားဖောက်ရန် စီစဉ်ထားသည်ဟု သိရှိရပါသည်။
0 comments
၂၀၁၃ ခုနှစ်အတွက် ကျွန်းနှင့်အခြား သစ်မာများ ထုတ်လုပ်မှုအား ကုဗမီတာ ၀ ဒသမ ၈၅၈၇၈ သန်းအထိ လျာထား
တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၂၀၁၃ ခုနှစ်အတွက် ကျွန်းနှင့် အခြားသစ်မာများ ထုတ်လုပ်မှု စုစုပေါင်း ကုဗမီတာ ၀ ဒသမ ၈၅၈၇၈ သန်းအထိ လျာထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။
''သစ်တောဦးစီးဌာန အနေနဲ့ စီးပွားဖြစ် စိုက်ခင်းတွေကို ပြန်လည်တန်ဖိုးမြင့်တဲ့ အစီအစဉ် Enrichment Planning ကို လုပ်ဆောင်နေပါတယ်။ သစ်ပင်ခုတ်လို့ ဖြစ်ပေါ်တဲ့ မြေကွက်လပ်ကို အပင်ပြန်စိုက်ပြီးတော့ တန်ဖိုးမြင့်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်'' ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိသစ်တော ဖုံးလွှမ်းမှု အခြေအနေမှာ ၂၀၁၀ ပြည့်နှစ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် ပူးပေါင်းဆန်းစစ် တွက်ချက်မှုအရ နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
                       ၁၉၇၅ ခုနှစ်တွင် ထူထပ်သစ်တော ဟက်တာဧက ၃၀၃၂၂ နှင့် ၂၀၀၆ တွင်
 ဟက်တာဧက ၁၇၄၆၈ ဒသမ ၅၈ သာကျန်ရှိပြီး ၁၉၇၅ ခုနှစ်တွင် ရွက်အုပ်ပွင့် သစ်တော ၁၀၈၇၃
ဒသမ ၆ ဟက်တာဧက ရှိခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် ၁၅၅၄၂ ဒသမ ၅၆ ဟက်တာဧကသာ ရှိတော့ကြောင်း တစ်ကမ္ဘာလုံးဆိုင်ရာ သစ်တောအရင်းအမြစ် အကဲဖြတ်ရေး အဖွဲ့၏ ၂၀၁၀ အစီရင်ခံစာတွင် ဖော်ပြထားသည်။
             ပျဉ်းကတိုး၊ ကျွန်း၊ အင်၊ ကညင် စသည့် သစ်မာထုတ်လုပ် မှုများသည် ၁၉၉၀ ခုနှစ်တွင်
ကုဗမီတာ ၁၃၄၀ ဒသမ၀၅ သန်း၊၂၀၀၀ ပြည့်နှစ်တွင် ကုဗမီတာ ၅၅၉ ဒသမ ၆၂ သန်းရှိခဲ့ကြောင်း သိရသည်။
                ''တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သစ်တော ဖုံးလွှမ်းမှုက ၂၄ ရာခိုင်နှုန်းပဲ ရှိတော့တယ်
 ဆိုတာကို လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က တင်ပြထားပေမယ့် အစိုးရက လက်မခ
ံသေးဘူး၊ ပိုက်ဆံအကုန်အကျခံပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့တောတွေကို Remote Scanning
သုံးပြီး ဓာတ်ပုံရိုက်ပြီးတော့ တွေရှိတဲ့နေရာတွေကို ပြန်တွက်မယ်၊ အစိမ်းရောင်ရှိတဲ့ နေရာ
တိုင်းတော့ မဟုတ်ဘူး၊ ဓာတ်ပုံမှာ မြက်တွေ ၀ါးတွေရှိတဲ့ နေရာတွေကလည်း အစိမ်းရောင်ပ
ဲ ပေါ်မှာပဲ၊ တကယ့် တောနေရာကိုပဲ ဆန်းစစ်ပြီး ရာခိုင်နှုန်း တွက်စေချင်ပါတယ်'' ဟု သစ်တော
ပညာရှင် ဦးအုန်းက ပြောကြားသည်။
Eleven Media Group ၀က်ဘ်ဆိုဒ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
0 comments
ဒီရေတော ပြုန်းတီးမှု တစ်နှစ်လျှင် တစ်ရာခိုင်နှုံး ပြုန်းတီးလျက်ရှိ
                  မြန်မာနိုင်ငံအတွင်း ဒီရေတောပြုန်းတီးမှုသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်
ရှိရာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တစ်ရာခိုင်နှုံး ပြုန်းတီးလျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
                  အဆိုပါ ဒီရေတောပြုန်းတီးမှုများသည် ကမ်းရိုးတန်းဒေသများအတွင်း လောင်စာ
အသုံးပြုမှုနှင့် ထင်းအသုံးပြုမှုများလာသည့်အပြင် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးမြေချဲ့ ထွင်
ခြင်းများ၊ မြို့ ပြနေရာချထားမှု၊ ဂေဟစနစ်ပျက်ယွင်းမှုတို့ကြောင့် လျော့နည်းလာရခြင်း
ဖြစ်ကြောင်း သိရသည်။
                  "ဒီနှစ်မှာ တစ်ရာခိုင်နှုံးအောက် လျော့နည်းပပျောက်ရေးကို လုပ်ဆောင်ဖို့
ရှိပါတယ်။ ကန့်သတ်တဲ့ ဥပဒေတွေ ဖော်ဆောင်နိုင်မှသာ ဒါတွေကို ထိန်းသိမ်းနိုင်မှာပါ။
သက်ဆိုင်ရာဌာနကလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်" ဟု သဘာဝပတ်ဝန်းကျင်
လေ့လာသူ တစ်ဦးက ပြောကြားခဲ့သည်။
                   မြန်မာနိုင်ငံအတွင်းရှိ ဒီရေတောများပြုန်းတီးခြင်းသည် တည်ဆဲဒီရေတော
ဂေဟစနစ် စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် စပ်လျဉ်းသည့် ဥပဒေ၊နည်းဥပဒေ အားနည်းခြင်း
ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်းဒေသနေ လူဦးရေ ထူထပ်မှုများလည်း
ပါဝင်ကြောင်း သိရသည်။
                   ခြောက်နှစ်အတွင်း ဒီရေတော ၅ ဒသမ ၀၉ ရာခိုင်နှုံး လျော့နည်းပြုန်းတီးမှု
ရှိနေကြောင်း၊ ဒီရေတောအပင်များသည် လေထုညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်
ကို နှစ်ဆစုပ်ယူပေးနိုင်သောကြောင့် ပိုမို ထိန်းသိမ်းသင့်ကြောင်း သိရသည်။
0 comments
ကင်ညာတိရစ္ဆာန်ရုံမှ ကြံ့ကို သတ်ဖြတ်၍ ဦးချို ခိုးယူ
                                            သြဂုတ်   ၁၃
                  ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ တော်အနီးရှိ လုံခြုံမှုအရှိဆုံး အပန်းဖြေဥယျာဉ်များ
၌ အပါအ၀င်ဖြစ်သော တိရစ္ဆာန်ရုံတစ်ရုံတွင် သားကောင်ခိုးဖမ်းသူများက ကြံ့ဖြူတစ်ကောင်
ကို ပစ်သတ်သွားခဲ့သည်။
                ယခုဖြစ်ရပ်သည် ခြောက်နှစ်တာကာလအတွင်း နိုင်ရိုဘီအမျိုးသားဥယျာဉ်၌
ပထမဆုံး သတ်ဖြတ်ခံရမှုဖြစ်ကြောင်း ကင်ညာတောရိုင်းတိရစ္ဆာန်ဌာန၏ ပြောရေးဆိုခွင့်
ရှိသူ ပေါလ်အူဒိုတိုက ပြောကြားသည်။ သားကောင်ခိုးဖမ်းသူများသည် သြဂုတ် ၉ ရက်တွင်
ကြံ့ကို သတ်ဖြတ်၍  ၄င်း၏ ဦးချိုကို ယူဆောင်သွားကြကြောင်း အဆိုပါ ပုဂ္ဂိုလ်၏ ပြော
ကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
                 ၂၀၁၃ ခုနှစ်အတွင်း ကင်ညာနိုင်ငံ၌ ယခုအချိန်ထိ ကြံ့စုစုပေါင်း ၃၅ ကောင်
သတ်ဖြတ်ခံထားရကြောင်း၊ ၂၀၁၂ ခုနှစ်တွင် သတ်ဖြတ်ခံရသော ကြံ့ကောင်ရေမှာ
၂၉ ကောင် ရှိခဲ့ကြောင်း သူကဆိုသည်။ နိုင်ရိုဘီအမျိုးသားဥယျာဉ်သည် ကင်ညာနိုင်ငံ
မြို့ တော်၏ မြို့ လယ်မှ ၄ မိုင်သာ ကွာဝေးသော နေရာတွင် တည်ရှိသည်။
                 အာဖရိကတိုက်တွင် လွန်ခဲ့သောနှစ်များအတွင်း ကြံ့နှင့်ဆင်နှစ်မျိုးစလုံးကို
ပစ်ခတ်သတ်ဖြတ်ခိုးယူမှုများ များပြားလာသည်ကို တွေ့ရသည်။ သတ်ဖြတ်ခိုးယူခံရ
သော ကြံ့ချိုအများစုသည် ရိုးရာတိုင်းရင်းဆေးဈေးကွက်ရှိသော အရှေ့ တောင်အာရှသို့
ရောက်ရှိသွားခြင်းဖြစ်ပြီး ယင်းဒေသ၌ ကြံ့ချိုသည် ရောဂါကုသနိုင်သော အစွမ်းရှိသည့်
အရာများ ပါဝင်သည်ဟု သိပ္ပံနည်းကျ အထောက်အထားများ မရှိသော်လည်း ယုံကြည်
နေကြကြောင်း သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူများက သံသယရှိနေကြသည်။
တကယ်တမ်းတွင် ကြံ့ချိုသည် လူ့လက်သည်းခွံတွင် ပါဝင်သော ဒြပ်ပစ္စည်းများဖြင့်ပင်
ဖွဲ့စည်းထားခြင်းဖြစ်သည်။
Sunday, August 25, 2013 0 comments
သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော တရုတ်ကုမ္ပဏီ၏ လုပ်ငန်းအားလုံးကို ချဒ်နိုင်ငံက ရပ်ဆိုင်း
                       သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ဖြစ်ပွားစေလျက်ရှိခြင်းကြောင့် တရုတ်
အစိုးရပိုင် ရေနံကုမ္ပဏီတစ်ခု၏ လုပ်ငန်းအားလုံးကို ချဒ်နိုင်ငံအနေနှင့် ရပ်ဆိုင်းထားလိုက်ကြောင်း
ချဒ်ရေနံဝန်ကြီးက ပြောကြားသည်။
                      သစ်တောတစ်ခုအနီးရှိ ရေနံလုပ်ကွက်များတွင် ရေနံယိုဖိတ်မှုတစ်ခုအတွက်
တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC) တွင် တာဝန်ရှိကြောင်း ရေနံဝန်ကြီး ဒီဂျာ
ရတ်ဆင်မ်လီဘီမက်ဂျဲလ်က ဆိုသည်။ ဖြစ်ပေါ်နေသော အခြေအနေမှာ သည်းခံနိုင်စရာ
မရှိကြောင်း သူကပြောဆိုခဲ့ပြီး မည်မျှကြာကြာ လုပ်ငန်းများ ရပ်ဆိုင်းထားမည် ဟူသော
အချက်ကို ရှင်းလင်းသွားခြင်း မရှိပေ။
                     အဆိုပါ ကုမ္ပဏီသည် ချဒ်နိုင်ငံမြို့ တော် အင်န်ဒီဂျာမီနာ၌လည်း ရေနံချက်
စက်ရုံတစ်ရုံကို လည်ပတ်လျက်ရှိသည်။ ချဒ်နိုင်ငံသည် ၄င်း၏ ရေနံလုပ်ကွက်များမှ အတ္တ
လန္တိတ်ကမ်းရိုးတန်းဆိပ်ကမ်းများသို့ ဆက်သွယ်သော အမေရိကန်ဒေါ်လာ ၄ ဘီလီယံ
ကုန်ကျသည့် ရေနံပိုက်လိုင်း သွယ်တန်းပြီးစီးခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ရေနံထုတ်လုပ်သည့်
နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်လာခဲ့သည်။ ချဒ်ရေနံဝန်ကြီးသည် မြို့ တော်တောင်ဘက်
၁၂၅ မိုင်ခန့်ကွာဝေးသော CNPC ကုမ္ပဏီ၏ ရေနံတူးဖော်ရာဒေသသို့ တရားဝင်သွားရောက်
ခဲ့ပြီးနောက် ယင်းကဲ့သို့ တရုတ်ကုမ္ပဏီ၏ ရေနံလုပ်ငန်းကို လုံးဝရပ်ဆိုင်းထားရန် ဆုံးဖြတ်
ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ ရေနံဝန်ကြီးက
တရုတ်ကုမ္ပဏီကြောင့် သစ်ပင်များ မည်သို့မည်ပုံ ပျက်စီးဆုံးရှုံးကုန်သည့် အချက်ကို
ဖော်ပြ၍ " ဒါဟာ အရမ်းဆိုးဝါးတဲ့ အခြေအနေတစ်ရပ်ပဲ။ ဒါဟာ သည်းမခံနိုင်စရာပဲ" ဟု
ပြောဆိုသွားသည်။
                       ယခုကဲ့သို့ ချိုးဖောက်ဖျက်ဆီးမှုများသည် ရာဇ၀တ်မှုတစ်ခုဖြစ်ကြောင်း
သူက ပြောကြားလိုက်ပြီး ရေနံထုတ်လုပ်မှုနယ်ပယ်၌ ယင်းသို့ မလုပ်ရန် သတိပေးခဲ့
သည်။ တရုတ်ရေနံတူးဖော်ရေးအဖွဲ့သည် ကြီးမားသော တူးမြောင်းများ တူးဖော်၍
ယင်းမြောင်းများထဲသို့ ရေနံများ စီးဆင်းစေကြောင်း၊ ထို့နောက် ယင်းအရာများကို
ဒေသခံအလုပ်သမားများအား အကာအကွယ်ပစ္စည်းများမပါဘဲ ဖယ်ရှားခိုင်းကြောင်း
ဝန်ကြီးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီမှ မန်နေဂျာ
ကို ချိုးဖောက်ဖျက်ဆီးမှုအတွက် တာဝန်ရှိခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု
သူက အေအက်ဖ်ပီသို့ ပြောကြားသည်၊
0 comments
သစ်တောကြီးများအတွင်း သီးညှပ်ပင်များ စိုက်ပျိုးရာတွင် နည်းပညာ အခက်အခဲဖြစ်နိုင်
                          မြန်မာ့သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်းနိုင်ရန် ၊ တစ်နိုင်ငံလုံးရှိ
သစ်တောကြီးများတွင် သီးညှပ်ပင်များ စိုက်ပျိုးနိုင်ရန်နှင့် မြန်မာတစ်နိုင်ငံလုံးရှိ တောင်ယာ
စိုက်ပျိုးသူများကို သီးညှပ်မျိုးစိတ်များ အမည်စာရင်း ပေးကြရန် ညွှန်ကြားထားပြီး
ယင်းစိုက်ပျိုးမှု၏ အဓိကအခက်အခဲမှာ စိုက်ပျိုးရေးနည်းပညာဖြစ်လာနိုင်ကြောင်း သစ်တော
ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဦးစည်သူလွင်က
ပြောကြားခဲ့သည်။
                         ပြည်တွင်းသစ်တောကြီးများ ပြုန်းတီးမှုကို နိုင်ငံတကာနှင့်အတူ မြန်မာ
နိုင်ငံကလည်း ထိန်းသိမ်းစောင့်ရှောက်နေရာ ပြည်တွင်းသစ်တောများ ပိုမိုတည်တံ့လာစေရန်
သစ်တောများအတွင်း သီးညှပ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအနေအထားဖြင့်
စာရင်းကောက်ခံနေပြီး စိုက်ပျိုးရန် သီးနှံများကို ပြုစုနေပြီဖြစ်ကြောင်း သိရသည်။
                        အဆိုပါ သီးညှပ်ပင်များ စိုက်ပျိုးရာတွင် ယခင်က ဒေသတချို့ ၌ စမ်းသပ်
ခဲ့ပြီး အောင်မြင်မှုများ ရှိခဲ့သည်။ သို့ရာတွင် အခက်အခဲမှာ သီးညှပ်ပင်များအနေဖြင့်
လောင်းရိပ်ခံနိုင်သော အပင်များဖြစ်ရန် လိုသောကြောင့် ဒေသဆိုင်ရာ ရာသီဥတုနှင့် ကိုက်
ညီသော သီးပင်များကို စိုက်ပျိုးနိုင်မှသာ တောင်ယာလုပ်ကိုင်သူများအနေဖြင့် အောင်မြင်
နိုင်မည်ဖြစ်ကြောင်း သိရသည်။
                      အပင်ကြီးများကို ထိခိုက်မှုမရှိစေဘဲ နေရောင်ခြည်ရရှိမှု၊လောင်းရိပ်
ခံနိုင်မှုနှင့် ရာသီဥတုဒဏ်ခံနိုင်မှု စသော အချက်များမှာ ကြားညှပ်စိုက်ပျိုးမည့် သီးနှံပင်များ
အောင်မြင်ဖြစ်ထွန်းရေးအတွက် အဓိကအရေးပါမည်ဖြစ်ကြောင်း ရေဆင်းတက္ကသိုလ်
သီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းရေးဆိုင်ရာ သုတေသနပညာရှင်တစ်ဦးက သုံးသပ်ပြောကြား
ခဲ့သည်။
                       မကွေးတိုင်းဒေသကြီးရှိ မင်းတုန်းမြို့ နယ်၌ သစ်ပင်ကြီးများကြား၌
သီးညှပ်ပင်အဖြစ် နာနတ်ပင်ကို အဓိက စမ်းသပ်စိုက်ပျိုးခဲ့ပြီး အောင်မြင်မှုများလည်း
ရရှိခဲ့ကြောင်း အဆိုပါ သီးညှပ်စိုက်ပျိုးရေးကို ဦးစီးဆောင်ရွက်ခဲ့သူ  အဆိုပါ သစ်တော
ထိန်းသိမ်းရေးပညာရှင်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်
ရော်ဘာပင်များအကြား ပဲပင်များသာ အဓိကစိုက်ပျိုးဖြစ်ထွန်းနေကြောင်း မြန်မာနိုင်ငံ
စိုက်ပျိုးရေးသုတေသနဌာနမှ အကြီးတန်း သုတေသနမှူးတစ်ဦးက ပြောကြားခဲ့သည်။
၂၆.၈.၂၀၁၃  မြ၀တီသတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
0 comments
ဆူဒန်ရေဘေး လူ ၄၈ ဦး သေဆုံးကာ လူဦးရေ သုံးသိန်းနှစ်သောင်းကျော် ထိခိုက်
                        ဆူဒန်နိုင်ငံတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသဖြင့် လူ ၄၈ ဦး သေဆုံးခဲ့ရပြီး
ဖြစ်ကာ လူဦးရေ သုံးသိန်းနှစ်သောင်းကျော်၏ နေ့စဉ်ဘ၀များ ခက်ခဲလျက်ရှိကြောင်း ကမ္ဘာ့
ကျန်းမာရေးအဖွဲ့  WHO ၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် AFP  သတင်းတစ်ရပ်က ဖော်ပြ
ထားသည်။
                        ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေးအဖွဲ့အစည်းက အဆိုပါ ကြေညာ
ချက်ကို ထုတ်ပြန်နေစဉ်၌ပင် မြို့ တော်ချက်တွန်းနှင့် အနီးတ၀ိုက်တွင် မိုးကြိုးမုန်တိုင်းများ ပစ်
ချခြင်း၊ လေထန်မိုးကြီးနေခြင်းတို့ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေရာ ပြီးခဲ့သည့် ၂၅ နှစ်အတွင်း
ဆူဒန်၏ အဆိုးဝါးဆုံး ရေဘေးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
                        " ဆူဒန်တွင် မိုးသည်းထန်ခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့ကြောင့် အိမ်ထောင်စု
၆၅၉၅၇ စု သို့မဟုတ် လူဦးရေ ၃၂၀၀၀၀ တို့၏ ဘ၀နှင့် ပိုင်ဆိုင်မှုများကို ထိခိုက်ခဲ့ရကြောင်း"
ဟု WHO  က အစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့သည်။
                        ၄၈ ဦးသေဆုံးထားပြီး ၇၀ ဦး ဒဏ်ရာရရှိထားကာ တိုင်းပြည်၏ ပြည်နယ်
၁၈ ခုအနက် ၁၄ ခုမှာ ရေဘေးသင့်နေသည်ဟု ပြီးခဲ့သည့် သြဂုတ် ၂၁ ရက် သတင်းများ
အရ သိရသည်။
                         ပြည်ထဲရေးဝန်ကြီး အီဘရာဟင်မာမွတ်ဟာမက်က သေဆုံးသူဦးရေမှာ
ယခုထက် ပိုများနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။
                         အိမ်သာအလုံးရေပေါင်း ငါးသောင်းသုံးထောင်ပျက်စီးခဲ့ရသောကြောင့်
ကျန်းမာရေးအတွက် စိုးရိမ်ရမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း WHO  ကဆိုသည်.။
                         နိုင်းလ်မြစ်ရေသည်လည်း အထူးမြင့်တက်လျက်ရှိပြီး မြို့ ပြဒေသများ
တွင်လည်း မြစ်ရေကြီးမှုပြသနာများ ရင်ဆိုင်နေရသည်။
                          မြစ်ရေတက်လာသောကြောင့် စိုက်ပျိုးရေးခင်းများလည်း ထိခိုက်ခဲ့
ရသည်ဟု ဆူဒန်မှ AFP သတင်းထောက်များက ပြောကြားကြသည်။
                          "အလွန်ကြီးမားတဲ့ သဘာဝ ဘေးဒဏ်ကြီးဖြစ်ပါတယ်" ဟု
ကုလသမဂ္ဂ၏ ဆူဒန်နိုင်ငံဆိုင်ရာ လူသားချင်း ကိုယ်ချင်းစာနာမှု အကူအညီပေးရေး
လုပ်ငန်းများညှိုနှိုင်းရေးမှူး မာ့ခ်ကတ်စ်က ပြောကြားခဲ့သည်။
                          ဆူဒန်နိုင်ငံသည် စစ်ဒဏ်ကိုလည်း အကြီးအကျယ်ခံခဲ့ရသည့်
နိုင်ငံဖြစ်ကာ ရေမြုပ်သည့် တောင်ပိုင်းကော်ဒိုဖန်ဒေသနှင့် ဘလူးနိုင်းလ်မြစ်ဝှမ်းဒေသ
သည် ယခင်က စစ်ဘေးဒဏ်သင့်ဒေသများ ဖြစ်သည်။
0 comments
ကြည့်မြင်တိုင်မြို့ နယ်တွင် ထူးကဲဒီရေကြောင့် နေအိမ်များအတွင်း ရေ၀င်
 ရန်ကုန်                                                                              သြဂုတ်  ၂၄
                             ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့ နယ် လှိုင်မြစ်အနောက်ဖက်ကမ်း
ရပ်ကွက်များတွင် ထူးကဲဒီရေကြောင့် နေအိမ်များအတွင်း ရေများ ၀င်ရောက်မှုဖြစ်ပေါ်လျက်ရှိရာ
ယမန်နေ့က စက်ဆန်းအောက်ရုံ အလတ်ချောင်းရပ်ကွက်များ၌ နေအိမ်များအတွင်း ဒီရေများ
ဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည်။ ထိုကဲ့သို့ ဒီရေများ ၀င်ရောက်မှုဖြစ်ပေါ်နေသောကြောင့် ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ရပ်မိရပ်ဖများ၊ ရပ်ကွက်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့များ၊ အရန်
မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၆၀ ခန့်မှာ ပစ္စည်းများ ကူညီ
ပြောင်းရွှေ့ ခြင်း၊ ယိုင်နဲ့သွားသော နေအိမ်များကို ပြန်လည်ပြုပြင်ပေးခြင်း၊ ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် တင်ကျန်ခဲ့သော အမှိုက်သရိုက်များကို
ရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
0 comments
တရုတ်နိုင်ငံအလယ်ပိုင်းတွင် ထရာမီတိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၃၁၆၀၀၀ မုန်တိုင်းဒဏ်ခံခဲ့ရ
                            တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ယခုနှစ်အတွင်း ၁၂ ကြိမ်မြောက်
ဝင်ရောက်တိုက်ခတ်ခဲ့သည့် ထရာမီတိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၃၁၆၀၀၀ မုန်တိုင်းဒဏ
ခံခဲ့ရပြီး၃၀၉၀၀ ကိုမူ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း ဒေသတွင်း အာဏာပိုင်များက
 သြဂုတ် ၂၄ ရက်တွင် ပြောကြားထားသည်။
                            မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စီရင်စု ၁၄ ခု၊မြို့ များနှင့် ခရိုင်များတွင်
အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ၃၆၁၀၀၀ ခန့်မှာ မုန်တိုင်းဒဏ်ခံခဲ့ရရုံသာမက လူပေါင်း
၃၀၉၀၀  ကို ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးခဲ့ရကြောင်း မုန်တိုင်းဒဏ်ကြောင့် သီးနှံစိုက်ခင်း
ဟက်တာ ၁၃၃၅၀ ခန့် ပျက်စီးခဲ့ပြီး အိမ်ပေါင်း ၁၅၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။
0 comments
မြန်မာနိုင်ငံမှ ခိုးသွင်းလာခဲ့ဖွယ် ရှိသော ဆင် ၁၄ ကောင်ကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ
                မြန်မာနိုင်ငံ အတွင်းမှ ခိုးသွင်းလာခဲ့ ဖွယ်ရှိသော ဆင် ၁၄ ကောင်ကို အထောက်အထား
လက်မှတ် အတုများဖြင့် ၀ယ်ယူထားသည့် ပိုင်ရှင်များထံမှ ထိုင်းရဲတပ်ဖွဲ့များက သြဂုတ် ၂၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
                   တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော အဆိုပါ ဆင် ၁၄ ကောင်ကို နိုင်ငံတောင်ပိုင်း
 ပြည်နယ်များ ဖြစ်သည့် ဖန်ငါး၊ ဖူးခတ်နှင့် ကရာဘီတို့တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သဘာဝ ရင်းမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မှုခင်းနှိမ်နင်းရေး အကြီးအကဲ ရဲမှူးကြီး နိုရာဆတ်ဟမ်နီသီက ပြောကြားသည်။
                 မှတ်ပုံတင်ထားသော နေရာနှင့် ကွဲလွဲနေသည့် ဆင်များကို စတင်တွေ့ရှိရာမှ
ရဲတပ်ဖွဲ့ဝင်များနှင့် သားရိုင်းတိရစ္ဆာန် ဆိုင်ရာ အရာရှိ ၁၀၀ နီးပါးက ရှာဖွေစစ်ဆေးမှုများကို
ပြုလုပ်ရာမှ ယခုဆင်များကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
             ''အခုဖမ်းမိတဲ့ ဆင်တွေဟာ မြန်မာနိုင်ငံ အဲဒီအနီး ၀န်းကျင်မှာရှိတဲ့ တောထဲကနေ
 ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်'' ဟု
 သားရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု စောင့်ကြည့်ရေးကွန်ရက် TRAFFIC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
                       အဆိုပါ ဆင်များကို ထိုင်းနိုင်ငံအတွင်း လေ့ကျင့်ပေးပြီး ဆင်စခန်းများသို့ပို့ကာ
 ရက်အပြောင်းအလဲ ပြုလုပ်ပြီး မှတ်ပုံတင် လိမ်လည်ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ကြေညာ
ချက်တွင် ဖော်ပြထားသည်။
                        ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် သစ်တောပြုန်းတီး မှုများကြောင့်
တောများအတွင်း ဆင်ကောင်ရေ ၂၀၀၀ မှ ၃၀၀၀ အထိသာ ကျန်ရှိတော့ကြောင်း သိရသည်။
                      ဆက်လက် စုံစမ်းမှုများအရ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချိုင်ရာဖွန် ပြည်နယ်ရှိ
နေအိမ်နှစ်အိမ်မှ ဆင်နှင့်သက်ဆိုင်သည့် အထောက်အထား မှတ်ပုံတင်အတု ၆၉ စောင်ကိုလည်း
 တွေ့ရှိခဲ့သောကြောင့် အဆိုပါ အိမ်ရှင်အမျိုးသားများကို ဖမ်းဆီးနိုင်ရန် ရှာဖွေလျက်ရှိကြောင်း
 သိရသည်။
                    မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ စလုံးသည် ဆင်များ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုကို
တားမြစ်သည့် နိုင်ငံတကာ သဘောတူ စာချုပ်များတွင် လက်မှတ်ရေးထိုး ထားကြသည်။ ထိုင်းဥပဒေတွင်လည်း တောရိုင်းဆင်များအား ဖမ်းဆီးခြင်းကို တားမြစ်ထားသည်။ မှတ်ပုံတင်
 မထားသော ဆင်များကို အခြားခရိုင်များတွင် လာမည့်လများအတွင်း ထပ်မံဖမ်းမိဖွယ် ရှိကြောင်း TRAFFIC အဖွဲ့က ပြောကြားသည်။
Ref:AP
Eleven Media Group  ၀က်ဘ်ဆိုဒ်စာမျက်နှာမှ ကူးယူမှတ်သားထားခြင်းဖ်ြစ်ပါသည်။
0 comments
ကမ္ဘာကြီး ပူနွေးမှုနောက်ကယ်တွင် လူသားတို့၏ လုပ်ဆောင်ချက်များ အဓိကပါဝင်နေဟု ကုလအစီရင်ခံစာထုတ်ဖော်
                         ၁၉၅၀ ပြည့်နှစ်မှ စတင်ဖြစ်ပေါ်လာခဲ့သော ကမ္ဘာကြီး ပူနွေးရခြင်း၏
နောက်ကယ်တွင် လူသားတို့ ပြုမူဆောင်ရွက်ချက်များ အဓိကရှိနေသည်ဟူသော အချက်ကို
သိပ္ပံပညာရှင်များက ယခင်ကထက် လက်ခံယုံကြည်လာကြသည်ဟု ကုလသမဂ္ဂအစီရင်ခံစာ
တစ်ရပ်ကို ကိုးကား၍ CNN  သတင်းဌာနက ရေးသားဖော်ပြသည်။
                       ပင်လယ်ရေမျက်နှာပြင်များမြင့်တက်ခြင်း၊ ရေခဲတောင်များ အရည်ပျော်ကျ
ခြင်းအစရှိသည်တို့ကို ဖြစ်ထွန်းစေခဲ့သည့် ကမ္ဘာကြီး ပူနွေးမှုနှစ်ပေါင်းငါးဆယ်ကျော်ကာလ
အတွင်း တဖြည်းဖြည်းချင်း မြင့်တက်လာခြင်း၏ အဓိကအကြောင်းအရင်းမှာ ဤကမ္ဘာကို မှ်ီတင်း
နေထိုင်ကြသော လူသားများ၏ အပြုအမူတို့ကြောင့်သာ ဖြစ်သည်ဟူသော အချက်ကို သိပ္ပံ
ပညာရှင်များက အခိုင်အမာ ယုံကြည်လာကြကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာ မူကြမ်းတွင်
ဖော်ပြထားသည်။
                       အဆိုပါမူကြမ်းကို ကုလသမဂ္ဂက ထုတ်ပြန်မှုမပြုမီ သတင်းပေါက်ကြားခဲ့ခြင်း
ဖြစ်ပြီး လာမည့်ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းအစီရင်ခံစာကို
တင်သွင်းရန် စီစဉ်ထားသည်။
                      ၁၉၅၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကာလများ၌ ဖြစ်ထွန်းခဲ့သော ကမ္ဘာကြီး
၏ အပူချိန်မြင့်တက်လာမှုတွင် လူသားတို့၏ လုပ်ဆောင်ချက်များသည် ၅၀ ရာခိုင်နှုံးကျော်ခန့်
အထိ လွှမ်းမိုးထားသည်ဟူသော အချက်မှာ များစွာဖြစ်နိုင်ခြေရှိသည်ဟု ယင်းအစီရင်ခံစာမူကြမ်း
တွင်သုံးသပ်ရေးသားထားသည်။
                      ထိုသို့လူသားတို့၏ လုပ်ကိုင်ဆောင်ရွက်ချက်များက ၂၀ ရာစု ဒုတိယနှစ်ဝက်
ပင်လယ်သမုဒ္ဒရာများကို ပူနွေးခြင်း၊ နှင်းနှင့် ရေခဲတောင်များ ပျော်ကျခြင်း၊ ပင်လယ်ရေမျက်နှာ
ပြင်မြင့်တက်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်ဟူသော အချက်အပေါ်
သိပ္ပံပညာရှင်များက အခိုင်အမာယုံကြည်ထားကြသည်ဟု ယင်းအစီရင်ခံစာက ဖော်ပြသည်။
                      ၂၀၀၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအစီရင်ခံစာတွင် ကမ္ဘာကြီး ပူနွေး
ရခြင်း၌ လူသားတို့၏ လုပ်ဆောင်ချက်က ၉၀ ရာခိုင်နှုံး အသေအချာပါဝင်နေသည်ဟု ဖော်ပြခဲ့
ပြီး ယခုနှစ်အစီရင်ခံစာတွင်မူ ၉၅ ရာခိုင်နှုံးအဖြစ် တိုးမြှင့်သတ်မှတ်ထားခြင်းဖြစ်သည်။
                      " အခြားမသေချာ မရေရာမှုတွေ ရှိနေတယ်ဆိုတာကို နားလည်သဘော
ပေါက်ထားပါတယ်။ ဒါပေမယ့် ကမ္ဘာကြီး ပူနွေးတဲ့ကိစ္စမှာ လူသားတွေဟာ အဓိကကျတဲ့
အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပဲ သဘောတူလက်ခံထားကြ
ပါတယ် "  ၂၀၀၇ ခုနှစ်က ထုတ်ပြန်သော အစီရင်ခံစာအတွက် ပါဝင်ရေးသားလုပ်ကိုင်ပေးခဲ့
သူ  သုတေသီ မာရှယ်ရှီးဖတ်က ပြောကြားသည်။
                      ၁၉၅၀ ပြည့်နှစ်မှစ၍  ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိမှုနှင့် အခြားဓာတ်ငွေ့
ထုတ်လွှင့်မှုတို့ကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၀ ဒသမ ၆ ဒီဂရီစင်တီဂရိတ်( ၁ ဒီဂရီ
ဖာရင်ဟိုက်) ခန့် မြင့်တက်လာသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
Wednesday, August 21, 2013 0 comments
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိမည်
                      ပြည်တွင်း လူမှုအဖွဲ့အစည်းများ ပထမဆုံးအကြိမ် ပါဝင်ရေးဆွဲထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ ရက်ပေါင်း ၉၀ အတွင်း ထွက်ရှိမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။
              အဆိုပါဥပဒေတွင် ပြင်ဆင်ရမည့် အချက်အလက်များကို ပြင်ဆင်၍ လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော်သို့ တင်ပြထားပြီး အတည်ပြုပြီးပါက ယခုလမှစ၍ ရက်ပေါင်း ၉၀ (သုံးလအတွင်း) ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
         သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်နိုင်ငံတော်သမ္မ  တဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေသည် ထိထိရောက်ရောက်
အကောင်အထည်   ဖော်ဆာင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြကြသည်။
               စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရန်နှင့် အထောက်အကူပေးရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့် အဆိုပါ နည်းဥပဒေက ထိန်းညှိနိုင်မည်           
ဖြစ်ကြောင်း ဦးလှမောင်သိန်းက ပြောဆိုသည်။
            “ဆီလျော်တဲ့ နည်းဥပဒေဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီမှာ နှစ်ပေါင်း ၅၀ ကျော်တဲ့အထိ အဲဒီဥပဒေ မရှိခဲ့ပါဘူး။ ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့အတွက်ဒီဥပဒေက အင်မတန်မှ အရေးကြီးတယ်” ဟုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသူ ဒေါ်ဒေဝီသန့်ဇင် မှတ်ချက်ပေး ပြောကြားသည်။
The Voice Weekly ဂျာနယ်မှ ကူးယူမှတ်သားရပါသည်။
0 comments
ထူးကုမ္ပဏီမှ မူဆယ်တွင် လေယာဉ်ကွင်းသစ်ဆောက်ရန် မြေဧက ၅၀၀ ကျော်အထိ ရယူလိုကြောင်း တောင်းခံ
              ထူးကုမ္ပဏီများ အုပ်စုမှ မူဆယ်မြို့နယ်တွင် လေယာဉ်ကွင်းသစ် တည်ဆောက်ရန်
စီစဉ်နေကြောင်းနှင့် လေယာဉ်ကွင်းဆောက်ရန် မြေဧက ၅၀၀ ကျော်အထိ ရယူလိုကြောင်း တင်ပြထားသည်ဟု သိရသည်။
              ထူးကုမ္ပဏီများ အုပ်စုသည် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်း မြေဧရိယာ 
ဧက ၅၀၀ ကျော် အသုံးပြုခွင့် ပေးနိုင်ရန် တင်ပြထားခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ မြေဧက
၅၀၀ ကျော်ထဲတွင် မိုင်းယုသစ်တောကြိုးဝိုင်း အတွင်းမှ မြေဧရိယာဧက ၃၇၀ ကျော် ပါဝင်
သည်ဟု သိရသည်။ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ် ကားလမ်းမကြီး၏ အနောက်ဘက်ခြမ်း
တွင် တည်ဆောက်မည်ဖြစ်ပြီး မြေအသုံးပြုခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ ရှမ်းပြည်နယ်
အစိုးရအဖွဲ့သို့ တင်ပြထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
             မိုင်းယု သစ်တောကြိုးဝိုင်းမြေမှ ဧက ၃၇၀ ကျော် ပါဝင်နေသည့်အတွက် အဆိုပါ
သစ်တောကြိုးဝိုင်းမြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုရန် အဆင့်ဆင့် ထပ်မံတင်ပြထားကြောင်း သိရသည်။ မူဆယ်မြို့နယ်၊ မိုင်းယု သစ်တောကြိုးဝိုင်း အတွင်းမှ မြေဧရိယာများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့် ပြုပြီးပါက မြေငှားရမ်းခပေးကာ
 ထူးကုမ္ပဏီများ အုပ်စုမှ ရယူလုပ်ကိုင်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထူးကုမ္ပဏီ အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀ မှစ၍ မိုင်းယုသစ်တော ကြိုးဝိုင်းအတွင်း တည်ထောင်ခဲ့သည့် စိုက်ခင်းများအတွက်လည်း လေယာဉ်ကွင်း ဧရိယာအတွင်း ပါဝင်
သည်ဆိုပါက ပေးလျော်ရမည် ဖြစ်သည်ဟု သိရသည်။
             လေယာဉ်ကွင်းသစ် တည်ဆောက်ဖြစ်ပါက မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာ
အုပ်စုအတွင်း၌ တည်ဆောက်ရန်ရှိပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဒေသဖွံ့ဖြိုးရေး
 လုပ်ငန်းအဖြစ် သတ်မှတ်ကာ ခွင့်ပြုပေးရန် ရှိသည်ဟုလည်း သိရသည်။
Eleven Media Group စင်တင်ပြဇာတ်ဖြစ်ပါသည်။
0 comments
ရေဘေးအန္တရာယ် ကင်းရှင်းရေး ၀ိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိ
                          မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းသဖြင့် ရခိုင်ပြည်နယ် အမ်းမြို့ 
အတွင်းရှိ အမ်းချောင်းရေလျှံမှုကြောင့် သြဂုတ် ၂၁ ရက် နံနက် ၈ နာရီခန့်က အမ်း-စစ်တွေ
ကားလမ်းမိုင်တိုင်အမှတ် ၄/၄ အနီးတ၀ိုက်တွင် အရှည်ပေ ၃၀၀ ခန့်၊ အနက် ၅ ပေခန့် ကားလမ်း
ရေကျော်မှု ဖြစ်ပွားခဲ့သဖြင့် တပ်မတော်သားများက ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာ
နိုင်ရေးအတွက် လှေများဖြင့် ကူညီပို့ဆောင်ပေးခဲ့ပြီး ရေ၀င်ရောက်ခဲ့သည့် အမ်းမြို့  အောက်ရွာ
ဘုန်းကြီးကျောင်းနှင့် ပတ်ဝန်းကျင်ကို တပ်မတော်သားများက သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့
ကြောင်း သတင်းရရှိပါသည်။
0 comments
မြ၀တီမြို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ လမ်းမများပေါ်တွင် ရေလွှမ်းနေသော်လည်း တာဝန်သိ ယာဉ်ထိန်းရဲတစ်ဦး ရေထဲ၌ လမ်းရှင်းနေစဉ်
18.8.2013  နေ့ထုတ် ရီပိုတာ သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
Tuesday, August 20, 2013 0 comments
ကလေးများ မိုးကြိုးပစ်ခံရ
                             မိုင်းကိုင်                             သြဂုတ် ၁၈
                          ရှမ်းပြည်နယ် လွိုင်လင်ခရိုင်တွင် အောင်ပွဲဖြင့် ရောက်ရှိလာသော 
ဘောလုံးအသင်းအား ကြိုဆိုရန် မြို့ နယ်ပညာရေးမိသားစုက အထက(ခွဲ)တွင် စုရုံးရောက်ရှိ
နေစဉ် သြဂုတ် ၁၄ ရက်ညနေ ၄ နာရီခွဲတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခဲ့သဖြင့်
ကျောင်းသားကျောင်းသူ ၇ ဦး မိုးကြိုးပစ်ဒဏ်ခံခဲ့ရပြီး မိုင်းကိုင်မြို့ နယ် ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိသည်။ ၄င်းတို့တွင် ခြောက်ဦးမှာ စိုးရိမ်ဖွယ်ရာ 
မရှိကြောင်းနှင့် ကျန်ကျောင်းသူတစ်ဦးမှာ သတိပြန်လည်လာခြင်းမရှိသေးကြောင်း 
သိရပါသည်။
0 comments
၁၉.၈.၂၀၁၃ မြန်မာ့အလင်းသတင်းစာပါ ကြော်ငြာဖြစ်ပါသည်
0 comments
ယီမင်နိုင်ငံတွင် မင်္ဂလာဆောင်ပြန်သတို့သမီးကား တောင်ကျချောင်းထဲမျော...၂၇ ဦးသေဆုံး
                        ယီမင်နိုင်ငံတောင်ပိုင်း မုတ်သုန်မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျ
ချောင်းတစ်ခုအတွင်း မိုးရေများ ဒလဟောစီးဆင်းလျှက်ရှိသည်။ မင်္ဂလာဆောင်အခမ်းအနားတစ်ခုမှ
ပြန်လာသော ကားများ ဖြတ်သွားခဲ့ရာ ရေစီးအတွင်း မျောပါသွားသဖြင့် အနည်းဆုံး ၂၇ ဦး သေဆုံး
ပြီး ၄၁ ဦးထက်မက ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက သြဂုတ် ၁၇ ရက်တွင်
ပြောကြားသည်။
                       သေဆုံးသူအများစုသည် အမျိုးသမီးများနှင့် ကလေးများဖြစ်ကြသည်။ ယင်းတို့
သည် သတို့သမီးနှင့်အတူ ကားသုံးစီးအတွင်း ခြံရံလိုက်ပါလာခဲ့ကြသည်။ ရှာရက်ခရိုင်တိုက်ဇ်နှင့်
အစ်ဘ်ပြည်နယ်အကြား ၀ါဒီနက်ခ်လာချောင်းကို ဖြတ်ကူးပြီး နေအိမ်သစ်ဆီသို့ အသွား ရေစီးထဲ
မျောပါသွားခဲ့သည်။ သို့သော် သတို့သမီးသည် ထိခိုက်ဒဏ်ရာသာ ရပြီး အသက်ရှင်လျက် ရှိသည်
ဟု ဆိုသည်။ ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
လူရှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာသတင်းတွင် ဖော်ပြသည်။
0 comments
အလက်စကာနွေ တောမီးလောင်ကျွမ်းမှု မီးခိုးနှင့် ရေကြီးမှုတို့ကြုံရ
                        အလက်စကာ ဒေသခံပြည်သူများအဖို့ သာမန်မဟုတ်ဘဲ ထူးထူးခြားခြား
နွေဥတုဖြစ်စဉ်များဖြစ်သော နွေးထွေး၍ နေရောင်တောက်ပသော နွေဥတုကြောင့် ပျော်ရွှင်
ကြည်နူးခဲ့ကြရသော်လည်း တောမီးများ ကျယ်ကျယ်ပြန့်ပြန့်လောင်ကျွမ်းခြင်းကြောင့် မီးခိုးများ
ဖြင့် မွှန်ထူမွန်းကြပ်ခြင်း၊ နှင်းများနှင့် ရေခဲမြစ်များ လျင်မြန်စွာ အရည်ပျော်မှုကြောင့် မြစ်များ
ရေလျှံခြင်းနှင့် အယ်လ်ဂျေးနှင့် ရေမှော်များ ထူထပ်ခြင်းတို့ကြောင့် ငါးဖမ်းလုပ်ငန်းများ
ထိခိုက်ခြင်းတို့ကိုပါ တွေ့ကြုံလာကြရသည်။
                       ယခုနှစ်နွေရာသီအတွင်း အလက်စကာပြည်နယ်တခွင် တောမီးလောင်
ကျွမ်းမှု အကျယ်အ၀န်းမှာ ဧက ၁.၂၅ သန်းထိ ရှိခဲ့သည်။ သြဂုတ် ၁၆ တစ်နေ့တည်းတွင်
တောမီးလောင်ကျွမ်းမှု ၇၀ ရှိရာ ဖဲယားဘန့်အရှေ့ တောင်ဘက် ၉၅ မိုင်ခန့်အကွာ မြစ်ဝ
ကျွန်းပေါ် လမ်းဆုံအနီး ၅၇၈၇၀ ဧက လောင်ကျွမ်းမှုလည်း ပါဝင်သည်။
                      အဆိုပါဒေသအနီး နေထိုင်သူ ဒေသခံများအား မီးခိုးငွေ့များကြောင့်
အိမ်တွင်း၌သာ နေထိုင်ကြရန် ယခုရက်သတ္တပတ်စောစောပိုင်းက အကြံပေးတိုက်တွန်း
ထားရသည်။ အလက်စကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ အဆိုအရ လေထု
အရည်အသွေးမှာ ကျန်းမာရေးကို အလွန်ထိခိုက်စေသည့် ဒုတိယအဆင့် အဆိုးရွားဆုံး
အခြေအနေတွင် ရှိနေသည်။
                     ယခုနှစ် တောမီးရာသီမှာ ကြီးကြီးမားမား၊ အကြိမ်ရေများများနှင့် ပို၍
ကြာကြာလောင်ကျွမ်းသည့်ပုံစံဖြစ်သည်ဟု အလက်စကာပြည်နယ် အမျိုးသား မိုးလေ
ဝသဌာနမှ ရာသီဥတုသိပ္ပံမန်နေဂျာ ရစ်ခ်သောမန်က ပြောကြားသည်။ အလက်စကာတွင်
၁၉၈၈ နောက်ပိုင်း နွေရာသီ ၁၁ ခု၌ ဧက တစ်သန်းကျော် တောမီးလောင်ကျွမ်းခဲ့ပြီး
ဖြစ်သည်။
0 comments
မြန်မာ့သစ်လုပ်ငန်းအား လွတ်လပ်သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး
                                    ရန်ကုန်                    သြဂုတ် ၂၀            
                   မြန်မာ့သစ်လုပ်ငန်းအား လွတ်လပ်သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ်
 ပြောင်းလဲဖွဲ့စည်းခြင်း( Corporatization ) နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း
ဒေသကြီး အင်းစိန်မြို့ နယ် ကြို့ ကုန်းရှိ မြန်မာ့သစ်လုပ်ငန်း ရုံးချုပ် တော်ဝင်ခန်းမ၌ ယနေ့နံနက်
၉ နာရီခွဲတွင် ကျင်းပသည်။ 
                       အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက နိုင်ငံတော်ပိုင်စီးပွား
ရေးလုပ်ငန်းများအား Corporatization ပြုလုပ်ခြင်းသည် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း (Privatizat-
ion) လုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် မလွဲမသွေ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ လုပ်ငန်း
အမည်၊ အခေါ်အဝေါ် ပြောင်းလဲရုံသာမဟုတ်ဘဲ ဆက်စပ်ပါဝင်သူ( Stakeholder ) များအားလုံး
၏ Mindset ကိုပြောင်းလဲပြီး စီးပွားရေးလုပ်ငန်း အစုအဖွဲ့ဆိုင်ရာ အုပ်ချုပ်စီမံမှု ( Corporate
Governance) ကို စနစ်တကျ နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူသွားကြရန် အရေး
ကြီးကြောင်း ပြောကြားသည်။
                     ထို့နောက် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာ
အောင်ထွန်းသက်က နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား လွတ်လပ်သော နိုင်ငံပိုင် 
ကော်ပိုရေးရှင်းများအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း (Corporatization) နှင့်ပတ်သက်၍
အခြေခံအကြောင်းတရားများ၊ နိုင်ငံတကာ အတွေ့အကြုံ နမူနာများ၊ ဆောင်ရန် ရှောင်ရန်များ
စနစ်တကျ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမည့် အဆင့်များကို ရှင်းလင်းဆွေးနွေးသည်။
                      မြန်မာ့သစ်လုပ်ငန်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော
ရေးရာဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၄၈ ခုနှစ်မှစ၍
နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ (State Timber Board) အမည်ဖြင့် သစ်ထုတ်လုပ်ခြင်း၊ ခွဲစိတ်
ခြင်း၊ ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချခြင်းတို့ကို တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ
ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် Corporati-
zation ပြုလုပ်ခြင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြ၀တီ သတင်းစာပါ စင်တင်ပြဇာတ်ဖြစ်ပါသည်။
0 comments
တိုက်ကြီးမြို့ နယ်၌ လေပြင်းတိုက်ခတ်၍ မူလတန်းကျောင်းအမိုး ပျက်စီး
                        ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ နယ် ဥက္ကံမြို့ မြောက်ဘက် ၄ မိုင်ခန့်အကွာ
ရှိ သာယာကုန်းကျေးရွာအုပ်စု တောင်ညိုကျေးရွာ၌ ယမန်နေ့ညနေ ၅ နာရီက လေပြင်း
တိုက်ခတ်ခဲ့မှုကြောင့် အခြေခံပညာမူလတန်းကျောင်း၏ အမိုးသွပ်ရှစ်ပေ အချပ် ၄၀ နှင့် ဒိုင်း၊
 မြှားတန်းများပျက်စီးပြုတ်ထွက်သွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် တန်ဖိုးငွေကျပ် 
၆၁၀၀၀၀  ခန့် ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။
0 comments
ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း Trami တိုက်ခတ် မိုးသည်းထန်စွာ ရွာသွန်း
                           ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း Trami တိုက်ခတ်မှုကြောင့် 
မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မနီလာမြို့ ရှိ ကျောင်းများ၊ အစိုးရရုံးများနှင့် စတော့ရှယ်ယာ
ဒိုင်တို့ကို သြဂုတ် ၁၉ ရက်က ပိတ်ခဲ့သည်ဟု သိရသည်။ 
                          အဆိုပါ မိုးရွာသွန်းမှုသည် သြဂုတ် ၁၈ ရက် တစ်ညလုံးနှင့် ၁၉ ရက်
နံနက်ပိုင်းအထိ ပြင်းထန်စွာ ဆက်လက်ရွာသွန်းခဲ့ပြီး မနီလာမြို့ ရှိ အချို့ လမ်းများနှင့် အဝေးပြေး
လမ်းမကြီးတို့ပေါ်တွင်  ခါးအထိ အနက်ရှိသော အမှိုက်သရိုက်ပြည့်နေသည့် ရွှံ့ရေများကြောင့်
ပြည်သူ့ပို့ဆောင်ရေးလုပ်ငန်းမှ ပုံမှန်ခရီးဝေးပြေးဆွဲမှု လုပ်ငန်းအချို့ ကို ဆိုင်းငံ့ထားသည်ဟု
သိရသည်။
                          ယင်းဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုများကို အတိအကျ သတင်း
ထုတ်ပြန်ခြင်းမရှိသေးသော်လည်း လူဇွန်ကျွန်းမြောက်ဘက်ရှိ တောင်ထူထပ်သော ဒေသမှ
ဒေသခံ ၂၀၀ ကျော်ကို မြေပြိုမှုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ဘေးကင်းရာသို့ ပြောင်းရွှေ့ 
ပေးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်င်္ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။
0 comments
သံတောင်ကြီးမြို့ နယ်၌ မြေပြိုကျ...လူငါးဦးသေဆုံး
                          ကရင်ပြည်နယ် သံတောင်ကြီးမြို့ နယ်၌ သြဂုတ်လ ၁၆ ရက်က မြေကျင်း
ပိသဖြင့် လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
                         ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့ နယ် အရှေ့ မြောက်ဘက်၁၅ မိုင်
ခန့်အကွာ ကရင်ပြည်နယ် သံတောင်ကြီးကျေးရွာ လွန်ပူးကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်
အကွာတောအတွင်း ရွှေမှုန်စုပ်စက်လုပ်ငန်း လုပ်ကိုင်နေစဉ် မြေကျင်းပြိုကျသဖြင့်
 ရွှေကျင်လုပ်သားငါးဦးမှာမြေကျင်းပိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
0 comments
ရေဆိုးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုအတွက် စစ်ဆေးခံထားရသော စက်ရုံ ၂၀၀၀ ခန့် အောက်တိုဘာ ၁ ရက် နောက်ဆုံးအကြောင်းပြန်ရမည်
                         ရေဆိုးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများအတွက် စစ်ဆေးခြင်း
ခံထားရသော စက်ရုံ ၂၀၀၀ ခန့်သည် ယင်းကိစ္စနှင့်ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသော
ကြောင့် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား အကြောင်းပြန်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်
စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
                          ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၄ ဇုန်တွင် ရေဆိုးနှင့် သဘာဝ
ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများအတွက် ၀င်ရောက်စစ်ဆေးခဲ့ရာ၌ စက်ရုံပေါင်း ၃၆၅၀ အနက်
စက်ရုံ ၂၀၀၀နီးပါးခန့်သည် အကြောင်းပြန်ကြားမှုမရှိခဲ့ကြောင်း၊ စက်ရုံမှ တိုက်ရိုက်စွန့်ပစ်သော
ရေဆိုးများကြောင့် မြစ်ချောင်းများအတွင်းရှိ ရေနေသတ္တ၀ါများအတွက် မျိုးသုဉ်းအန္တရာယ် ကြုံတွေ့
နိုင်သည့်အပြင် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုအတွက်ပါ ကျန်းမာရေးအရ ထိခိုက်နိုင်ဖွယ် ရှိကြောင်း
သိရသည်။
                       " စက်ရုံတွေမှာ မြေ၊ရေ၊လေ၊ ညစ်ညမ်းမှုရှိ ၊  မရှိ စစ်ဆေးခဲ့ပါတယ်။ အကြောင်း
ပြန်ကြားတဲ့စက်ရုံတွေနည်းပြီး အကြောင်းမပြန်တဲ့စက်ရုံတွေ ရှိနေတာကြောင့် ဒီလို ဆောင်ရွက်ရ
တာပါ။ ပျက်ကွက်တဲ့ စက်ရုံတွေကို အရေးယူမှုတွေ ပြုလုပ်မှာပါ " ဟု ၄င်းက ဆက်လက်ပြော
ကြားခဲ့သည်။
                        ရေကို အဓိကအသုံးပြုလုပ်ဆောင်သော စက်ရုံအမျိုးအစား ၁၀ မျိုးခန့်ရှိပြီး
အရက်ချက်စက်ရုံ၊ ဓာတုစက်ရုံ၊ သစ်ပါးလွှာစက်ရုံ၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ၊ ငါးအသားလွှာ
စက်ရုံစသည့် စက်ရုံများ ပါဝင်ကြောင်း၊ အကြောင်းပြန်ကြားခြင်းမရှိသော စက်ရုံများကို အရေး
ယူသည့်အနေဖြင့် ယာယီသုံးလပိတ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ
နိုင်ငံအတွင်း နှစ်စဉ်မြစ်ချောင်းများအတွင်း နှစ်စဉ် ရေချိုငါးများမျိုးသုဉ်းမှုသည် ၃၀ ရာခိုင်နှုန်း
အထိ တဖြည်းဖြည်းမြင့်တက်လာနေရာ အဓိကအားဖြင့် စက်ရုံမှ စွန့်ပစ်သော ညစ်ညမ်းရေ
များကြောင့်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့သည်။
0 comments
ချင်းပြည်နယ်ရှိ ရိဒ်ရေကန်ပတ်လည်ဝန်းကျင် ရေဝေရေလဲ ဧရိယာအဖြစ် ထိန်းသိမ်းရန်စီစဉ်
                         ချင်းပြည်နယ် ဖလမ်းမြို့ နယ်ရှိ အသည်းပုံရေကန်ဟု လူသိများသော ရိဒ်
ရေကန်ပတ်လည် ပတ်ဝန်းကျင် ဒေသများကို ရေဝေရေလဲ ဧရိယာအဖြစ် ထိန်းသိမ်းရေးစီမံကိန်း
ကို ယခုနှစ် စက်တင်ဘာတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း 
သိရသည်။
                         ယင်းသို့ ရေဝေရေလဲဧရိယာအဖြစ် သတ်မှတ်ရခြင်းမှာ သဘာဝ
ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်ရန်နှင့် ရိဒ်ရေကန်၏ အထက်ပတ်လည်ဝန်းကျင် 
ဧရိယာဧက ၆၆၀ ကိုရေဝေရေလဲဧရိယာအဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်း
အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ
 ဇူလိုင်လအတွင်းက တင်ပြခဲ့ရာခွင့်ပြုချက်ရပြီးဖြစ်သောကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေ
အဖြစ် သတ်မှတ်ရန် လိုအပ်သည့်အချက်များ ရရှိစေရန် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ 
ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားကြောင်း သိရသည်။
တွေကို ကွင်းဆင်းစစ်ဆေးမယ်။ ပြည်သူဆီက စစ်တမ်းတွေ ကောက်ယူပြီး သဘောတူလက်ခံမှ
ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ကြေငြာပေးမယ်" ဟု ဆိုသည်။
                       ရိဒ်ရေကန်ပတ်လည်ရှိ တောင်ကုန်းတောင်တန်းများတွင် သစ်ပင်များ ထပ်မံ
တိုးချဲ့ စိုက်ပျိုးခြင်းနှင့် ဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ခြင်းကို စီမံချက်ချဆောင်ရွက်သွားမည်ဖြစ်ရာ စစ်တမ်းများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံ တင်ပြ၍ ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေးနယ်မြေ
အဖြစ် သတ်မှတ်ပေးရန် ခွင့်ပြုချက်တောင်းယူမည်ဖြစ်သည်။
                      ရိဒ်ရေကန်ပတ်ဝန်းကျင်တွင် ဒေသခံများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်း
များအဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေး
နယ်မြေသတ်မှတ်နိုင်ရန် ဒေသခံများ၏ သဘောဆန္ဒကိုလည်း ကောက်ယူဆောင်ရွက်သွားမည်
ဖြစ်သည်။
                     ရိဒ်ရေကန်သည် ဧရိယာ ၈၃၂ ဧက ကျယ်ဝန်း၍ ရေကန်၏ အထက်ပတ်ဝန်းကျင်
တွင် လူနေအိမ်နှင့် မြို့ ရွာချထားခွင့်မလုပ်ရန် ပြည်နယ်အစိုးရက တားဖြစ်ထားပြီး ချင်းလူမျိုးများက
ချင်းပြည်နယ်၏ အမျိုးသားသင်္ကေတအဖြစ် တန်ဖိုးထားသတ်မှတ်ကြသည်။
                    ချင်းပြည်နယ် ပလက်ဝမြို့ နယ်တွင် ကျောက်ပန်းတောင်းဘေးမဲ့တောနှင့် နတ်မ
တောင်အမျိုးသားဥယျာဉ်တို့အပြင် ဖလမ်းနှင့် ဟားခါးမြို့ နယ်များရှိ ဘွေပါးတောင်၊ ဇိမ်မူတောင်
တို့ကိုလည်း သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
0 comments
တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ရေကြီး၊ သေဆုံးသူ ၅၄ ဦးထိရှိ
                       တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း လျောင်နင်းပြည်နယ် ဖူကျန်မြို့ ၌ ဆယ်စုနှစ်
များအတွင်း အဆိုးရွားဆုံး ရေကြီး ရေလျှံရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်  ၁၈  ရက်
နံနက်ပိုင်းက ဒေသဆိုင်ရာ အာဏာပိုင်များ အဆိုအရ သေဆုံးသူ ၅၄ ဦးထိ ရှိသွားပြီဟု ဆင်ဟွာ
သတင်းတွင် ဖော်ပြခဲ့သည်။
                      လျောင်နင်းပြည်နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများမှာ ပြီးခဲ့သည့် သြဂုတ်
၁၅ ရက်မှ သြဂုတ် ၁၈ ရက်အထိ ဖြစ်ပေါ်ခဲ့ပြီး ဖူကျန်မြို့ ရှိ မြစ်များတွင် ရေကြီးမှုများ ဖြစ်ပေါ်
လျက်ရှိကြောင်း လျောင်နင်းပြည်နယ်ဒေသရှိ တာဝန်ရှိသူများက ဆိုသည်။
                     မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေလွှမ်းမိုးကြုံခဲ့ရပြီး မီးရထား၊
ကားသွားလာရေးနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
                      ယင်းကဲ့သို့ ရေကြီးရေလွှမ်းမှုများကို တရုတ်နိုင်ငံ လျောင်နင်းပြည်နယ်၊ ကျီကျန်း
ပြည်နယ်၊ဟေလောင်ကျန်ပြည်နယ်တို့၌ အဓိက ခံစားခဲ့ကြရသည်ဟု သိရသည်။
Wednesday, August 14, 2013 0 comments
အမှောင်ထဲတွင် အလင်းရောင်ထွက်ပေါ်စေနိုင်သည့် ယုန်များကို သုတေသီများ တီထွင်ဖန်တီး
                    အမေရိကန်နှင့် တူရကီနှစ်နိုင်ငံမှ သုတေသနပညာရှင်များသည် အမှောင်ထဲ
တွင် အလင်းရောင်ထွက်စေနိုင်သည့် ယုန်လေးနှစ်ကောင်ကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်
ခဲကြပြီး ယခင်ကလည်း မျောက်များ၊ ကြောင်ပေါက်စလေးများနှင့် ၀က်ပေါက်လေးများကဲ့သို့
တိရစ္ဆာန်လေးများကို အလင်းရောင်ထွက်သော တိရစ္ဆာန်များအဖြစ် အခြားသော သုတေသန
ပညာရှင်များက တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။ 
                   အဆိုပါ လက်တွေ့စမ်းသပ်မှုတွင် သုတေသနပညာရှင်များသည် တိရစ္ဆာန်လေး
များ၏ ခန္ဓာကိုယ်အတွင်းသို့ ပင်ကိုဗီဇမဟုတ်သော မျိုးရိုးဗီဇပစ္စည်းတစ်မျိုးကို ထည့်သွင်းခြင်း
ဖြင့် ယုန်ငယ်များ၏ ခန္ဓာကိုယ်အတွင်းမှ အလင်းရောင်ထွက်စေရန် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
                  ထို့ကြောင့် မျိုးရိုးဗီဇတစ်မျိုး ထည့်သွင်းစမ်းသပ်ထားသည့် ယုန်လေးနှစ်ကောင်
၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမှောင်ထဲတွင် LED မီးသီးကဲ့သို့ လင်းလက်တောက်ပနေသည်
ကို မြင်တွေ့ရကြောင်း ဟာဝိုင်အီတက္ကသိုလ်မှ သုတေသနပညာရှင် ဒေါက်တာ စတီဗင်မွိုက်
ယဒီက ပြောကြားခဲ့သည်။
0 comments
နံ့သာနီနှင့် သစ်မွှေးစိုက်ခင်းသို့ မင်းမဲ့စရိုက်ဆန်ဆန် လူတစ်စု ၀င်ရောက်ဖျက်ဆီး
                    လယ်ဝေးမြို့ နယ် ဥသျှစ်လှိုင်းကျေးရွာအုပ်စု အောင်မင်္ဂလာကျေးရွာ ပလွေး
ကြိုးဝိုင်းအမှတ် (၁၀၉)တွင် သမားတော်ကြီးတစ်ဦး တရားဝင်စိုက်ပျိုးလျှက်ရှိသော နံ့သာနီ၊
သစ်မွှေး စိုက်ခင်း (၁၅) ပေ အမြင့် သုံးနှစ်သား အရွယ်ရှိသော စုစုပေါင်းအပင် ၃၀၀ ကျော်
ခန့်ကို သြဂုတ် ၁ ရက် ည ၁၀ နာရီခန့်က လူတစ်စု၏ ၀င်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ပျက်စီးမှုတန်ဖိုးမှာ ငွေကျပ် သိန်း ၅၀၀ နှင့် သိန်း ၁၀၀၀ ကြားရှိမည်ဟု ခန့်မှန်းရသည်။
အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ လယ်ဝေးမြို့ နယ် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ရာလယ်ဝေး
မြို့ နယ် ရဲစခန်းက လိုက်လံစုံစမ်းနေကြောင်း သိရပါသည်။
0 comments
ဆင်ကိုသတ်၍ ဆင်စွယ်ဖြတ်ခိုးမှုဖြစ်ပွား
                    ပဲခူးမြို့ နယ် ထန်းတောကြီးရဲစခန်းအပိုင် စလူသစ်တောကြိုးဝိုင်းအကွက်
အမှတ် (၁၈၅) တွင် သြဂုတ် ၁၂ ရက် နံနက် ၇ နာရီခန့်က ဆင်တစ်ကောင် သေနတ်ဒဏ်ရာ
ဖြင့် သေဆုံးနေကြောင်း တောခေါင်း ဦးသက်နိုင်၏ သတင်းပေးချက်အရ ပဲခူးမြို့ နယ်
သစ်တောဦးစီးအရာရှိ ဦးမျိုးလွင်နှင့် ဆင်ဆရာဝန် ဒေါက်တာကျော်စိုး၊ ထန်းတောကြီးရဲစခန်း
မှ ဒုရဲအုပ်အောင်ကျော်စိုးတို့အဖွဲ့က သက်သေများနှင့်အတူ အခင်းဖြစ်ရာနေရာသို့ သွားရောက်
စစ်ဆေးခဲ့ကြသည်။
                  အဆိုပါ နေရာတွင် အသက် (၂၅) နှစ်ခန့် အရပ်ခုနစ်ပေခွဲရှိ ဆင်ထီးတစ်ကောင်
ရှေ့ ဝဲလက်၊ ဦးခေါင်းနှင့် ၀ဲဘက်ချိုင်းအောက်တွင် သေနတ်ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာများဖြင့်
သေဆုံးနေကြောင်း ဆင်ထီး၏ အစွယ်မှာလည်း ဖြတ်တောက်ထားခြင်းခံထားရသည်ကို တွေ့ရှိ
ရသည်။ ၄င်းဆင်မှာ လွန်ခဲ့သော ငါးရက်ခန့်က သေဆုံးနေကြောင်း ဆင်ဆရာဝန်၏ စစ်ဆေး
ချက်အရ သိရှိရပြီး အဆိုပါဆင်ကို တာဝန်ရှိသူများက မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆင်သတ်ဖြတ်၍
အစွယ်ခိုးယူသွားသူအား အရေးယူပေးပါရန် သစ်တောဦးစီးဌာနက တရားလိုပြုလုပ်၍တိုင်တန်း
ထားကြောင်း သိရပါသည်။
Sunday, August 11, 2013 0 comments
ကနေဒါညီအစ်ကို နှစ်ဦး စပါးအုံးမြွေသတ်၍သေ
                    ကနေဒါနိုင်ငံတွင် ညီအစ်ကိုနှစ်ဦး တိရစ္ဆာန်အရောင်းဆိုင်အပေါ်ထပ်ရှိ သူငယ်
ချင်း၏ နေအိမ်၌ အိပ်ပျော်နေစဉ် လွတ်မြောက်လာသော စပါးအုံးမြွေတစ်ကောင်၏ သတ်ဖြတ်
မှုကြောင့် သေဆုံးရကြောင်း သြဂုတ် ၁၁ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။
                    အဆိုပါ ညီအစ်ကိုနှစ်ဦးကို နယူးဘရန်းဆွစ်ပြည်နယ် ကမ့်ဘယ်တန်မြို့ ရှိ 
တိရစ္ဆာန်အရောင်းဆိုင်တစ်ဆိုင်၏ အပေါ်ထပ်၌ တနင်္လာနေ့နံနက်ပိုင်းက သေဆုံးလျက်
တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
                    ယင်းတို့သည် အသက်ခြောက်နှစ်အရွယ်ရှိ ကော်နာဘာတေးနှင့် အသက်
လေးနှစ်အရွယ်ရှိ နိုအာတို့ဖြစ်ကြသည်။ ယင်းတို့ ညီအစ်ကိုနှစ်ဦးအား မိဘများက တစ်နေရာ
တည်းတွင် မြှပ်နှံရန် လိုလားကြသည်။
                    ၁၄ ပေရှည်သော အဆိုပါမြွေကြီးသည် မှန်လှောင်အိမ်ကို ဖောက်ထွက်ပြီး
မျက်နှာကြက်မှတဆင့် ကလေးများ အိပ်ပျော်နေသော ဧည့်ခန်းအတွင်း ၀င်ရောက်ခဲ့သည်
ဟု သိရသည်။ 
0 comments
အိန္ဒိယ၌ မိသားစုဝင်ဆင်တစ်ကောင် ရထားတိုက်၍ သေဆုံးခဲ့မှုအပေါ် လက်စားချေသည့်အနေဖြင့် နေအိမ်များဖျက်ဆီး
                    အိန္ဒိယနိုင်ငံအရှေ့ ပိုင်း မာတာရီကျေးရွာအနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ်
အတွင်းက ရထားတိုက်မှုကြောင့် ဆင်တစ်ကောင်သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဆင် ၁၅
ကောင်ခန့် ပါဝင်သော ဆင်အုပ်တစ်အုပ်သည် ၄င်းတို့၏ အပေါင်းအဖော်သေဆုံးခဲ့သည့်
ရွာသို့ လာရောက်၍ ကလဲ့စားချေသည့်အနေဖြင့် နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း သိရ
သည်။ အဆိုပါ ဆင်အုပ်သည် အနီးအနားရှိ နေအိမ်များကို ဖျက်ဆီးခဲ့ပြီး စာသင်ကျောင်း၏
အစိတ်အပိုင်းအချို့ ကိုလည်း ဖျက်ဆီးခဲ့ကြောင်းနှင့် ဆင်အုပ်ကို ဒေသခံများက ဗျောက်အိုး
များ အသုံးပြု၍ အုပ်စုခွဲနိုင်ခဲ့ကြောင်း သိရသည်။
                 ဆင် ၁၅ ကောင်ခန့် ပါဝင်သော အဆိုပါဆင်အုပ်သည် ၄င်းတို့၏ အပေါင်း
အဖော်ဆင် သေဆုံးခဲ့သည့် နေရာသို့ ရောက်ရှိခဲ့ကြောင်း ၊ ဆင်များသည် ယင်းနေရာမှ
ရက်ပေါင်းများစွာ ဖယ်ရှားခြင်းမရှိသည့်အတွက် ရထားခရီးစဉ်များ ရပ်တန့်ခဲ့ရကြောင်း
Times of India တွင် ဖော်ပြထားသည်။ ဆင်များသည် ၄င်းတို့၏ အပေါင်းအဖော် ဒဏ်ရာ
ရရှိခဲ့သည်ဟု ယူဆပြီး ၄င်းကို ကယ်ဆယ်ရန်အတွက် အခင်းဖြစ်ပွားရာနေရာကို ပြန်လာ
ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်တစ်ကောင် သဘာဝအတိုင်း သေဆုံးခဲ့ပါက ၄င်း၏
အပေါင်းအဖော်ဆင်များသည် သေဆုံးသည့် ဆင်၏ ခန္ဓာကိုယ်ကို သစ်ရွက်များဖြင့် ဖုံးအုပ်
လေ့ရှိကြောင်း တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူ ဒီအက်ခ်ဆရီဖက်စ်တာဗာက
Times of India သို့ ပြောကြားခဲ့သည်။
0 comments
ကမ္ဘာ့ရှားပါးစာရင်းဝင် ဧရာဝတီလင်းပိုင် အကောင်ရေ လျော့ကျမှု မြင့်တက်
                    ကမ္ဘာ့ရှားပါးစာရင်းဝင် ဧရာဝတီလင်းပိုင်များသည် ယခင်နှစ်များအတိုင်း
အကောင်ရေလျော့ကျမှုများ ရှိနေကြောင်း ပတ်ဝန်းကျင်မျိုးသုဉ်းရေနေသတ္တ၀ါများထိန်းသိမ်း
ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
                    အဆိုပါ လင်းပိုင်များကို ထိန်းသိမ်းမှုလုပ်ငန်းစဉ်များ ပိုမိုချဲ့ ထွင်လုပ်ဆောင်
ရန် လိုအပ်ကြောင်း မည်သည့်အတွက်ကြောင့် အကောင်ရေ လျော့ကျမှုများ ရှိနေသည်ကို
လေ့လာစစ်ဆေးလျက်ရှိရာ လက်ရှိအခြေအနေတွင်အကောင်ရေ ၄၀ မှ ၅၀ ၀န်းကျင်ခန့်သာ
ရှိတော့ကြောင်း သိရသည်။
                    ထို့ပြင် ပတ်ဝန်းကျင်မျိုးသုဉ်းရေနေသတ္တ၀ါများထိန်းသိမ်းရေးဌာနအနေဖြင့်
တစ်လလျှင် နှစ်ကြိမ်ခန့် လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ကွင်းဆင်းစစ်ဆေးမှုများ
ပြုလုပ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပြုလုပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး 
ကျောက်မြောင်းမြို့ နယ်တွင် ၂၀၁၂ ခုနှစ်က ၁၉ ကောင်ရှိခဲ့ရာမှ ၁၇ ကောင်အထိ လျော့
ကျလာကြောင်းနှင့် သပိတ်ကျင်းမှ ရွှေကူမြို့ နားတွင် ၂၇ ကောင် ကျန်ရှိနေပြီး ဗန်းမော်
တွင် လေးကောင်မျှသာ ရှိတော့ကြောင်း သိရသည်။
                 အဆိုပါ ထိန်းသိမ်းမှုများကို ၂၀၀၅ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်း၊
မန္တလေး၊မင်းကွန်းနှင့် ကျောက်မြောင်းအကြား ၇၄ မီတာအကွာအဝေးရှိ မြစ်ကြောင်း
တစ်လျှောက်တွင် ထိန်းသိမ်းလျှက်ရှိကြောင်း၊ အဆိုပါ လျော့ကျမှုအခြေအနေကို 
အသေးစိတ်သိရှိနိုင်ရန် မြစ်ခွဲများအတွင်းသို့ ၀င်ရောက်စစ်ဆေးလေ့လာသွားမည်ဖြစ်ပြီး 
ဒေသခံများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း သိရသည်။
                 ဧရာဝတီလင်းပိုင်များသည် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအို
အစရှိသည့် မဲခေါင်ဒေသအတွင်း ရှင်သန်နေထိုင်ကြသည့် ရှားပါးရေနေသတ္တ၀ါများ
ဖြစ်ပြီး ယခုမျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
0 comments
ကော့သောင်းတွင် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် သဘာဝအပန်းဖြေ နေရာများရှိ
                       မြန်မာ-ထိုင်း နယ်စပ်တွင် သြဂုတ်လအတွင်း စတင်ဖွင့်လှစ်မည့် နယ်စပ်ထွက်ပေါက်များမှ ကော့သောင်း၌ တစ်ထောက်နားမည့် ခရီးသွားများကို 
ဆွဲဆောင်နိုင်သော အပန်းဖြေကမ်းခြေနှစ်ခု၊ သဘာဝ ရေတံခွန်တစ်ခုနှင့် သဘာဝ
ရေပူတွင်းများ ရှိကြောင်း သိရသည်။ထိုနေရာများသည် ကမ္ဘာလှည့် ခရီးသွားများအတွက်
 လွတ်လပ်စွာ လည်ပတ်ခွင့် ပြုထားသော သတ်မှတ်နေရာများ ဖြစ်သဖြင့် ၎င်းနေရာများကို 
အမှီပြု၍ ဒေသဖွံ့ဖြိုး တိုးတက်ရန် အတွက် အဆင့်မြှင့် တည်ဆောက်ခြင်းများ ဆောင်ရွက်
ပါက များစွာအကျိုး ရှိနိုင်ကြောင်း သိရသည်။
''သဘာဝ အပန်းဖြေစခန်းတွေ ဘယ်မှာရှိတယ် ဆိုတာကိုမေးပြီး လည်ပတ်မယ် ဆိုရင်တော့ ဒီဒေသအတွက်အခွင့် အရေးကောင်းပါ'' ဟု ကော့သောင်းမြို့နေ စီးပွားရေး လုပ်ငန်းရှင်
တစ်ဦးက သူ့ရဲ့အမြင်ကို ပြောကြားခဲ့သည်။
                           ကော့သောင်းမြို့မှ ငါးမိုင်ခန့် အကွာတွင် ပုလုံးတုံးတုံး အပန်းဖြေကမ်းခြေ၊ ၁၀မိုင်အကွာတွင် ၁၀ မိုင် အပန်းဖြေကမ်းခြေနှင့် ၂၄ မိုင် ၀န်းကျင်တွင် မလိဝမ်း သဘာဝ
ရေတံခွန်၊ မလိဝမ်း ရေပူတွင်းများရှိရာ ကမ်းခြေနှင့် ရေပူတွင်းများကို ပြုပြင်မွမ်းမံ ခြင်းများနှင့် အဆောက်အအုံ တည်ဆောက်ခြင်းများအား ဆောင်ရွက် ထားသင့်သည်ဟု ဆိုသည်။
Eleven Media Group
Saturday, August 10, 2013 0 comments
ဖိလစ်ပိုင်တွင် Utor အပူပိုင်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိ
                      Utor အမည်ရှိအပူပိုင်းမုန်တိုင်းသည် တိုင်ဖွန်းမုန်တိုင်းအဖြစ် ဖိလစ်ပိုင်နိုင်ငံ
အတွင်းသို့ သြဂုတ် ၁၁ ရက်ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် ၀င်ရောက်တိုက်ခတ်နိုင်
ဖွယ်ရှိကြောင်း ကြိုတင်ခန့်မှန်းချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။ အဆိုပါ မုန်တိုင်း
သည် ကုန်းတွင်းပိုင်းသို့ မြောက်ဘက် ၁၅ ဒသမ ၉ မှတ်၊ အရှေ့ ဘက် ၁၂၂ ဒသမ ၇ မှတ်၊ 
အနီးမှနေအန္တရာယ်နေ၍ ၀င်ရောက်မည်ဖြစ်ပြီး ၄င်းမုန်တိုင်းဝင်ရောက်ချိန်၌ လေတိုက်နှုံး
သည် တစ်နာရီလျှင် ၁၆၆ ကီလိုမီတာ ၁၀၃ မိုင်နှုံးနှင့် တိုက်ခတ်နိုင်ဖွယ်ရှိကာ Utor မုန်တိုင်း
ဝင်ရောက်တိုက်ခတ်ချိန်တွင် ဒေသတွင်းရှိ အဆောက်အအုံပျက်စီးမှုများနှင့် ရေကြီးမှုများ
ဖြစ်ပေါ်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်သည် သာမန်ထက် ၁ ဒသမ ၈ မီတာမှ ၂ ဒသမ ၎
မီတာ(၆ ပေမှ ၈ ပေထိ) မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရပါသည်။
0 comments
ဖိုလ်ဝင်တောင်ဒေသ မျောက်မျိုးစိတ်များ မျိုးသုဉ်းမှုအန္တရာယ်မှ ကာကွယ်ပေးရန်လို
                      သဘာဝကျောက်တောင် ကျောက်ပန်းများဖြင့် ရှုမငြီးဖွယ်လှပ၍ ရှေးဟောင်း
စေတီပုထိုးများကို အလွန်ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်သော စစ်ကိုင်းတိုင်းဒေသကြီး၊
ယင်းမာပင်ခရိုင် ယင်းမာမြို့ နယ် ဖိုလ်ဝင်တောင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ
သဘာဝဘေးမဲ့ မျောက်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းမရှိစေရန် ၀ိုင်းဝန်းကာကွယ်
စောင့်ရှောက်ပေးစေလိုကြောင်း ဖိုလ်ဝင်တောင်ဒေသခံပြည်သူများက လိုလားလျက် 
ရှိကြသည်။
                     " မကြာခဏ မျောက်လာဖမ်းတဲ့အဖွဲ့တွေ ရှိတယ်။ ဟိုတစ်လောကလည်း
မျောက်တွေကို သံလှောင်အိမ်တွေနဲ့ အများအပြား လာဖမ်းသွားတာရှိတယ်။ ရွှေတောင်ဦး
ဘုရားအတွက်ဆိုလားပဲ" ဟု ဖိုလ်ဝင်တောင်ရွှေသာလျောင်းအနီး ဒေသထွက်ဆေးမြစ်ဆုံ
များနှင့် မျောက်စာရောင်းချသူတစ်ဦးက ပြောကြားခဲ့သည်။
                     အဆိုပါ ဖိုလ်ဝင်တောင်ဒေသရှိ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်း
ခွင်များ၌ လုပ်ကိုင်စားသောက်ခြင်းထက် မိရိုးဖလာလုပ်ငန်းတစ်ရပ်အဖြစ် ဘုရားဖူး
လာရောက်သူများကို မျောက်စာများရောင်းချကာ ၄င်းတို့၏ စားဝတ်နေရေးကို ရပ်တည်
နေထိုင်လျက်ရှိကြောင်း သိရသည်။
                     ဖိုလ်ဝင်တောင်ဒေသသည် သဘာဝကျောက်လိုဏ်ဂူကြီးများအတွင်း၌
ကျောက်သားနံရံများတွင် ဗုဒ္ဓဆင်းတုတော်များ ထုဆစ်ထားသောကြောင့် အလွန်
အံ့သြဖွယ်ရာကောင်းပြီး နေ့စဉ်နိုင်ငံခြားသား ဘုရားဖူးလာရောက်သူများနှင့် စည်ကားလျက်
ရှိသည်။ ယင်းဒေသတွင် ယခင်က သဘာဝဘေးမဲ့မျောက်အကောင်ရေ ထောင်နဲ့ချီပြီး
ရှိခဲ့သော်လည်း ယခုအခါ ရာဂဏန်းမျှသာ ကျန်ရှိနေကြောင်း ဒေသခံများက ပြောကြားခဲ့
သည်။
                     သဘာဝဘေးအန္တရာယ်နှင့် မျောက်ဖမ်းဆီးသူများပေါ်ပေါက်ခဲ့ရာမှ 
ယင်းကဲ့သို့ မျောက်များ လျော့နည်းလာရခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များနှင့် ပူးပေါင်းလက်တွဲကာ ဖိုလ်ဝင်
တောင်ဒေသရှိ မျောက်မျိုးစိတ်များ မျိုးသုဉ်းမှု ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်း
လုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း သိရပါသည်။
;