Share
Friday, September 6, 2013

ဂန့်ဂေါခရိုင် မြန်မာ့သစ်လုပ်ငန်း၏ ရှေ့ လုပ်ငန်းစဉ်များ ရှင်းလင်း

                  မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ လက်ရှိ သစ်တောဖုံးလွှမ်းမှု ကျန်ရှိနေသေး
သော အခြေအနေများပေါ် မူတည်သုံးသပ်၍ ယခုနှစ်မှစတင်ကာ မြန်မာ့သစ်လုပ်ငန်း၏ လုပ်ငန်း
များကို ပြုပြင်မှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ ထိုအခြေအနေများပေါ် မူတည်
၍ ဂန့်ဂေါခရိုင် မြန်မာ့သစ်လုပ်ငန်း၏ ရှေ့ လုပ်ငန်းစဉ်များကို ဌာနတွင်း ၀န်ထမ်းများ သိရှိရန် ခရိုင်
မန်နေဂျာက ရှင်းလင်းမှုပြုခဲ့ကြောင်း ၀န်ထမ်းများထံက သိရသည်။

                  " ကျွန်တော်တို့ ၀န်ထမ်းတွေကို ဒေသမန်နေဂျာက ခေါ်ယူတွေ့ဆုံပြီး မြန်မာ့
သစ်လုပ်ငန်းရဲ့  ရှေ့ ဆက်မယ့် မူဝါဒနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းအစီအစဉ်တွေအပေါ် ရှင်းလင်း
ပြောကြားခဲ့ပါတယ်။ လက်ရှိ မြန်မာ့သစ်လုပ်ငန်းကို BOT  စနစ်နဲ့ လုပ်ဆောင်သွားဖို့ အလားအလာ
ရှိတယ်လို့ ပြောပါတယ်။ နောက်ပြီး သစ်ထုတ်လုပ်မှု တစ်တန်ကုန်ကျစရိတ်အပေါ် တွက်ချက်ပြီး
ကုန်ကျစရိတ် မြင့်တဲ့ဒေသကို သစ်ထုတ်လုပ်မှု ရပ်ဆိုင်းပြီး ပူးပေါင်းမှုတွေ လုပ်ဖို့ ရှိတယ်လို့လည်း
သိရပါတယ်။ ဒါ့အပြင် နှစ်စဉ် ထုတ်နေတဲ့ ဂန့်ဂေါခရိုင်ရဲ့  သစ်ထုတ်ယူမှု တန်ချိန်ကိုလည်း ဒီနှစ်မှာ
ထပ်လျှော့မယ်လို့ သိခဲ့ရပါတယ်။ " ဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
                  နှစ်စဉ် သြဂုတ်လမှ စတင်ကာ သစ်ထုတ်လုပ်ရေးလုပ်ငန်းများ ရာသီချိန်သစ်ထုတ်
လုပ်မှု စတင်နိုင်ရန် ကြိုတင်လုပ်ဆောင်ရမည့် လုပ်ငန်းများ လုပ်ဆောင်ကြရသော်လည်း ယခုနှစ်
တွင် လက်ရှိအချိန်အထိ ဂန့်ဂေါခရိုင် သစ်ထုတ်လုပ်မှုအပေါ် စတင်လုပ်ဆောင်ရန် ညွှန်ကြားချက်
မရရှိသေးကြောင်း သိရသည်။
                     " သစ်တောပြုန်းတီးမှုအနေအထားအရ တိုင်းပြည်ရဲ့  အနာဂတ်ကို မျှော်တွေးပြီး
သစ်ထုတ်လုပ်မှုကို ချင့်ချိန်လုပ်ဆောင်တာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ။ ကြိုဆိုပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ၀န်ထမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပြန်မရမှာကိုတော့
စိုးရိမ်မိပါတယ်။ ဒီနှစ်ကစပြီး နေ့စားဝန်ထမ်းတွေ လျှော့ပါပြီ။ နောက်သက်တမ်းရှိ ၀န်ထမ်းတွေ
ထဲကလည်း လျှော့ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဆန္ဒကတော့ ကျွန်တော်
တို့ရဲ့ လုပ်သက်တွေကိုတွက်ပြီး သင့်တော်မယ့် ဌာနတစ်ခုခုကို  ကူးပြောင်းပေးစေချင်ပါတယ်"
ဟု မြန်မာ့သစ်လုပ်ငန်းမှ ၀န်ထမ်းတစ်ဦးက ဖွင့်ဟခဲ့သည်။
                    မြန်မာနိုင်ငံတွင် ဂေဟစနစ်ပျက်စီးရခြင်း၏ အဓိကအကြောင်းအရင်းမှာ သစ်တော
ပြုန်းတီးခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပုံမှန်ဂေဟစနစ်ကို ပြန်လည်ရရှိရန်မှာ နှစ်ပေါင်း ၆၀
ကြာ ပြန်လည်ထိန်းသိမ်းရန် လိုအပ်နေပြီး အနည်းဆုံး နှစ်ပေါင်း ၃၀ ကြာ ထိန်းသိမ်းရမည်ဟု
သစ်တောရေးရာနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။

                                                    ယောသူလေး

မြ၀တီသတင်းစာ (၆.၉.၂၀၁၃) ပါ သတင်းဖြစ်ပါသည်။

0 comments:

Post a Comment

 
;