Share
Saturday, September 7, 2013

ကမ္ဘာမြေချစ်သူ ဆုပေးပွဲ ကျင်းပ



                              ကမ္ဘာမြေချစ်သူ ဆုပေးပွဲကို ဩဂုတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ငါးဆယ်ကျော် တက်ရောက်ကြသည်။
ယခုနှစ်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားဆောင်ရွက်သူ ရှစ်ဦးအား ရွေးချယ်ဆု
ပေးခဲ့သော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် လျော့နည်းသည်။ ဆုရရှိသူများ
သည် သစ်ပင်တစ်ထောင် ရှင်သန်အောင် စိုက်ပျိုးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
 မိမိအသိစိတ်ဖြင့် လှုပ်ရှားသူများကို စိစစ်ရွေးချယ်ထားခြင်း ဖြစ်သည်။ ဆုရရှိသူများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများ အကြောင်းကို မြန်မာနိုင်ငံ ကိုယ်စားပြု ကမ္ဘာမြေ
ချစ်သူဆုရရှိခဲ့ဖူးသူ ဦးအုန်းက ဒုတိယအကြိမ်အဖြစ် ချီးမြှင့်သည့် ကောက်နှုတ်ဖော်ပြ
အပ်ပါသည်။

ကမ္ဘာမြေ ချစ်သူဆု (အထူးဆု)

                         ရေနံချောင်းမြို့နယ် ညောင်ပင်သာကျေးရွာ၏ ကျောင်းထိုင်ဘုန်းကြီး
 ဦးစိတ္တိဖြစ်သည်။ ကိုရင်ဘဝ အသက် ၁၇ နှစ်မှ စတင်ကာ ဘုန်းကြီးကျောင်းတဝိုက် 
တစ်မိုင်ပတ်လည်ရှိသော သစ်တောသစ်ပင်များကို ထိန်းသိမ်းလာခဲ့ခြင်း ဖြစ်သည်။ 
ကျေးရွာသားများ သစ်ထုတ်ယူသုံးစွဲရာတွင် စနစ်တကျ ဖြစ်စေရန် လမ်းပြခဲ့သူတစ်ဦး
 ဖြစ်သည်။ ကမ္ဘာမြေချစ်သူဆုကို သက်တော် ၇၅ နှစ်ကျော်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာမြေ ချစ်သူဆု (အထူးဆု)

                      ချင်းပြည်နယ် တီးတိန်မြို့တွင် နေထိုင်သူ ချင်းတိုင်းရင်းသား ဦးဆွမ်ပေါင်ရရှိ
ခဲ့ခြင်း ဖြစ်ပြီး တီးတိန်မြို့နယ် နမ့်ဆန်းကျေးရွာအနီးရှိ ဧက ၅၀၀  ရှိ သဘာဝသစ်တောကို 
၂၀၀၄ ခုနှစ်မှ စတင်ပြီး ထိန်းသိမ်းလာသူဖြစ်သည်။ သစ်တောသစ်ပင်ထိန်းသိမ်းခြင်းကို
 ကိုးနှစ်တာ လုပ်ဆောင်နေစဉ်အတွင်း ခန်းခြောက်သွားမည့် စိမ့်စမ်းရေများ ပြန်လည်
ထွက်ရှိလာသည်ဟု ဆိုသည်။

ကမ္ဘာမြေ ချစ်သူဆု (အထူးဆု)

                    ရခိုင်ပြည်နယ် ကျိန္တလီမြို့နယ်တွင် နေထိုင်သူ ဒေါက်တာမောင်မောင်ကြည်
 ဖြစ်သည်။ ဧက ၇၀ ကျယ်ဝန်းသည့် သစ်တောသစ်ပင်များကို ထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးခြင်း
များကို ၁၉၈၅ ခုနှစ်မှ စတင်ထိန်းသိမ်းလာသူ ဖြစ်သည်။ ၄င်းပုဂ္ဂိုလ်ထိန်းသိမ်းသည့် 
သစ်တောအတွင်း အမျိုးအစား စုံလင်သည့် သစ်ပင်ပေါင်း သုံးသောင်း ကျော်သည်။ 
အနာဂတ်တွင် ကျေးငှက်တိရစ္ဆာန်များ ပေါများသည့် ရုက္ခဗေဒ ဥယျာဉ်အဖြစ် ပျိုးထောင်
လိုသည်ဟု ပြောသည်။

                     ကျန်ဆုရရှိသူများမှာ အဖွဲ့အစည်းများတွင် လှုပ်ရှားရင်း ရရှိသူများအပြင် 
အုပ်စုလိုက် ရရှိသူများလည်း ရှိသည်။ သစ်ပင်ချစ်သူများအဖွဲ့(မအူပင်) ၊ ပြည်မြို့ရှိ 
Green Generation ဖရီဒါအဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သူ ဧရာဝတီတိုင်းမှ ဦးတင်ဝင်း၊ အစိမ်းရောင်ချစ်သူများအဖွဲ့၊ ရှမ်းပြည်နယ် ကလောမြို့နယ်မှ ဦးငွေစိုး၊ မကွေးတိုင်းဒေသကြီး
 အောင်လံမြို့နယ်မှ ဦးခင်စိုးတို့ ဖြစ်သည်။

7  Day News Journal မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

 
;