Share
Saturday, September 7, 2013

မြစ်ဆုံစီမံကိန်းအပြင် အခြားရေအားလျှပ်စစ်စီမံကိန်းများ ရှိသေးကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပြော

                    ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားရသော်လည်း အခြားသော
ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်နိုင်သေးကြောင်းနှင့် ဖော်ဆောင်ရန်
အတွက် ရေအရင်းအမြစ် ကြွယ်ဝကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်က
ပြောကြားလိုက်သည်ဟု Channel New Asia ၏ TV အစီအစဉ်တစ်ခုတွင် ဖော်ပြလာသည်
ကို တွေ့ရသည်။


                  တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်
မဖော်ဖြစ်သေးသည့်အတွက် နှစ်စဉ် ယွမ်ငွေ သန်း ၃၀၀ ၀န်းကျင် ဆုံးရှုံးနေရပြီး အနောက်
နိုင်ငံများ၏ လှည့်ကွက်အောက်တွင် မြန်မာနိုင်ငံ၏ မျောပါခြင်းက ယင်းကဲ့သို့ ဖြစ်စေခြင်း
ဖြစ်သည်ဟု သိရသည်။ " မြစ်ဆုံစီမံကိန်းကို စတင်ဆောက်လုပ်တဲ့အခါမှာ ပထမအဆင့်
မှာတော့ မယုံနိုင်စရာကောင်းလောက်အောင် ချောချောမွေ့မွေ့ ဖြစ်ခဲ့ပေမယ့် တစ်နှစ်
လောက်အကြာမှာတော့ လုံးဝကို ပြောင်းပြန်ဖြစ်သွားပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ 
အကြောင်းပြချက်ကတော့ ပြည်သူ့ဆန္ဒကို အလေးထားသောအားဖြင့်လို့ သိရတယ်ဟု
ယူနန် နိုင်ငံတကာ စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်မတီ ဥက္ကဌ မစ္စတာ Li Guang Hua က
ပြောကြားသည်။ မြစ်ဆုံ၏ မူလအစီအစဉ်အတိုင်း သွားမည်ဆိုပါက ၂၀၁၈ တွင် စတင်
လည်ပတ်မည်ဖြစ်သည့် အဆိုပါ စီမံကိန်းကြီးကို မြန်မာနိုင်ငံ၏ အာရှ ၊ ဥရောပ၊ အမေ
ရိက စီးပွားရေးဖွင့်ချိန်နှင့် မြန်မာပြည်သူလူထုက တောင်းဆိုလာချိန် တိုက်ဆိုင်နေမှုမှာ
တရုတ်နိုင်ငံအတွက် ယွမ်ငွေသန်းချီ ဆုံးရှုံးမှုကို ဖြစ်စေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
" မြစ်ဆုံရေကာတာစီမံကိန်းကို ရှောင်လိုက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ရေအား
လျှပ်စစ်စီမံကိန်းတွေ အခြားနေရာမှာ လုပ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့မှာ ရေသယံဇာတရင်းမြစ်ပေါတယ်လေ" ဟု ကချင်ပြည်နယ် ၀န်ကြီးချုပ်
ဦးလဂျွန်ငန်ဆိုင်က ပြောကြားသည်။
                     မြစ်ဆုံစီမံကိန်းအပါအ၀င် ကချင်ပြည်နယ်ရှိ ရေအားလျှပ်စစ်စီမံကိန်း
၇ ခုကို အပြီးသတ်လည်ပတ်နိုင်ပါက စီမံကိန်းသက်တမ်းကာလအတွင်း မြန်မာအစိုးရ
အနေဖြင့် ဒေါ်လာ ၅၄ ဘီလျံ အထိ ၀င်ငွေရရှိသွားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
" ကချင်ပြည်နယ် ဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုခုကို
လုပ်ရပါလိမ့်မယ် " ဟု ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်က ပြောကြားသည်။ လက်ရှိတွင်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို တည်ကြက်အဖြစ် အသုံးချကာ စီးပွားရေးဆိုင်ရာ
သွယ်ဝိုက်တိုက်ခိုက်ခံထားရပြီဖြစ်ကြောင်း Channel New Asia TV အစီအစဉ်က
သုံးသပ်ထားသည်။  Iris, Photo : CNA

ပြည်မြန်မာ ဂျာနယ် (၅.၉.၂၀၁၃) မှ မှတ်စုပြုလုပ်ပါသည်။

0 comments:

Post a Comment

 
;