Share
Sunday, September 8, 2013

သစ်တောအရာရှိ သင်တန်း အမှတ်စဉ် (၂၄) သင်တန်းဆင်း



                               သစ်တောအရာရှိ သင်တန်း အမှတ်စဉ် (၂၄) သင်တန်းဆင်းပွဲ 
အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် နေပြည်တော် ရေဆင်း သစ်တောသုတေသန
 စုဝေးခန်းမ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန
 ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် အတွေးအခေါ်
 မှန်မှသာလျှင် အသိမှန်ပြီး အလုပ်မှန်ကန်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် မိမိ၏ မူလရည်မှန်းချက်တာဝန်အပြင် အခြေအနေအရ ပေါ်ပေါက်လာသော တာဝန်များကိုလည်း ထမ်းဆောင်ရကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်မှ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး
များကို အဖက်ဖက်မှ ပြုပြင်ပြောင်းလဲဆောက်ရွက်နေသလို ဝန်ထမ်းများကလည်း
 အခြေခံစိတ်ဓာတ် ( Mindset ) များ လိုက်ပါပြောင်းလဲရန် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်တွင် 
နည်းပညာများ အရှိန်အဟုန်မြင့်တိုးတက်လာ၍ မိမိတို့ကလည်း နိုင်ငံတကာနှင့် ရင်ပေါင်
တန်းနိုင်အောင် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း၊မိမိနှင့်တကွ အဖွဲ့အစည်း တစ်ရပ်လုံး
 စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ရန် တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကြေးမုံ သတင်းစာ  (၈.၉.၂၀၁၃) မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

 
;