Share
Saturday, September 7, 2013

မြစ်အတွင်းမှ သဲစုပ်ယူလုပ်ငန်းများ စီးပွားဖြစ်နေ



                               ၂၀၁၂ ခုနှစ် နောက်ပိုင်းကာလများတွင် ရန်ကုန်တိုင်းဒေသကြီး
အတွင်း၌ အိမ်ရာတည်ဆောက်မှုစီမံကိန်းများ အပါအဝင် ဆောက်လုပ်ရေးကဏ္ဍပိုမိုလုပ်
ဆောင်လျက်ရှိရာ ယင်းနှင့်ဆက်စပ်သော မြစ်အတွင်းမှ သဲစုပ်ယူသော လုပ်ငန်းများ
သည်လည်း တွင်ကျယ်စွာ လုပ်ကိုင်လာကြရပြီး ဈေးကွက်ရရှိနေကြောင်း ဒေါပုံမြို့နယ်ရှိ သဲစုပ်ယူရောင်းချလုပ်ကိုင်နေသူတစ်ဦးက ပြောကြားခဲ့သည်။
                           အဆိုပါ သဲများစုပ်ယူရောင်းချခြင်းလုပ်ကိုင်ခွင့်ကို မြို့နယ်အလိုက် စည်ပင်သာယာရေးဦးစီဌာနများတွင် အခွန်ပေး​ဆောင်၍ လိုင်စင်ရယူနိုင်ကြောင်း သိရသည်။ လက်ရှိဈေးကွက်အခြေအနေများအရ မြစ်ကြောင်းတစ်လျှောက် သဲစုပ်ယူမှု လုပ်ကိုင်သူ 
များပြားနေပြီး ရရှိသော ဈေးနှုံးမှာလည်း အထိုက်အလျောက် ကောင်းမွန်လျက်ရှိကြောင်း 
သိရသည်။
                        “မနှစ်က ဈေးအရနည်းတော့ ရင်းနှီးထားတဲ့ စက်တန်ဖိုး၊ အသုံးပြုစရိတ်
တွေနဲ့ မကိုက်ဘူး။ ဒီနှစ်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သဲလိုအပ်ချက်တွေ များလာ
တော့ မှာယူမှုနဲ့ ဈေးပါ ကောင်းလာတယ် ”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
                        ယင်းသို့ မြစ်သဲစုပ်ယူသည့် လုပ်ငန်းပင်ရင်း၌ ပန်းရန်သဲတစ်ကျင်းလျှင် 
ငွေကျပ် ၁၀၀၀၀ ဝန်းကျင်၊ ဖို့သဲတစ်ကျင်းလျှင် ငွေကျပ် ၅၅၀၀ ခန့်၊ ကျောက်စရစ်
တစ်ကျင်းလျှင် ငွေကျပ် ၇၀၀၀၀ ကျော်ဈေးနှုံးရှိကြောင်း သိရသည်။ မြစ်အတွင်း 
သဲစုပ်ယူမှု အပိုင်းများတွင် ယခင်မြစ်အတွင်းမှ သဲထွက်ရှိမှုထက် အနည်းငယ်
 လျော့ကျနေကြောင်း သိရသည်။
                      ရန်ကုန်မြစ်ဝတွင် သဲစုပ်ယူကြပြီး ပဲခူးမြစ်ကမ်းအနီးတဝိုက်တွင်လည်း စုပ်ယူ
နိုင်ကြောင်း သိရသည်။ ကျောက်စရစ်များကို ကနောင်၊ မြန်အောင်၊ ဟင်္သာတမြစ်ကမ်းတလျှောက်မှ ထုတ်ယူကြသည်။ မြို့ပြဖွံ့ဖြိုးမှုများနှင့်အတူ နောက်ပိုင်းကာလများတွင်လည်း ပိုမိုတွင်ကျယ်လာမည်ဖြစ်ကြောင်း သိရသည်။

                                                                            စိုးမိုး

မြဝတီ သတင်းစာ  ( ၈.၉.၂၀၁၃ ) မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

 
;