Share
Saturday, September 7, 2013
တရုတ် ရေနံလုပ်ငန်းကြီးနှစ်ခု၏ စီမံကိန်းသစ်များကို အစိုးရက ဆိုင်းငံ့
                           တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံလုပ်ငန်းကြီးနှစ်ခုသည် ညစ်ညမ်းမှု
လျှော့ချခြင်း ရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက်
ပတ်ဝန်းကျင်ဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။
                         တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း ( CNPC ) နှင့် တရုတ်ရေနံနှင့်
 ဓာတုကော်ပိုရေးရှင်း (Sinopec ) တို့၏ အသစ်ပြုပြင်ဆောက်လုပ်ခြင်းနှင့် ချဲ့ ထွင်ခြင်း
 စီမံကိန်းသစ်များကို ယာယီအားဖြင့် ဆိုင်းငံ့ထားကြောင်း ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 
CNPC  သည် ယမန်နှစ်က ဓာတုအောက်ဆီဂျင်လျှော့ချရေး စီမံချက်ကို ပြည့်မီအောင် မလုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် Sinopec သည်လည်း သတ်မှတ်ထားသည့် နိုက်ထရိုဂျင်
ထုတ်လွှတ်မှုပမာဏအထိ မလျှော့ချနိုင်ခဲ့ကြောင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်
 ဖော်ပြခဲ့သည်။
 ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။Sinopec ကုမ္ပဏီသည် လာမည့်သုံးနှစ်အတွင်း ပတ်ဝန်းကျင်ကာကွယ်ရေးစီမံကိန်း ၈၀၃ ခုအတွက် ယွမ် ၂၂ ဒသမ ၉ ဘီလျံ
 ( အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ သန်း ) မြှပ်နှံမည်ဟု ကတိပြုခဲ့သည်။
                                                                                           REF :  AFP
Weekly Eleven Journal ( ၂.၉.၂၀၁၃) မှ မှတ်စုထုတ်ယူပါသည်။
0 comments:
Post a Comment
;