Share
Saturday, September 7, 2013

ပုဂ္ဂလိကပိုင်ပြုခြင်းကြောင့် သစ်တောပြုန်းတီးမှုမြန်ဆန်မည်ကို ပညာရှင်များ စိုးရိမ်

                          မြန်မာနိုင်ငံ၏ သစ်တောကြိုးဝိုင်းများအတွင်း သစ်ထုတ်လုပ်ခြင်းကို 
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ပုဂ္ဂလိကကုမ္ပဏီများကို
 ခွင့်ပြုခဲ့ပါက သစ်တောပြုန်းတီးမှုမြန်ဆန်လာမည်ကို စိုးရိမ်ကြောင်း ပတ်ဝန်းကျင်
ထိန်းသိမ်းရေးပညာရှင်များက ပြောကြားသည်။
                      လက်ရှိ ကျွန်းသစ်ထုတ်ယူနိုင်မှုပမာဏသည် လျော့နည်းနေသည့်အပြင်
 ယခုကဲ့သို့ ပုဂ္ဂလိကကုမ္ပဏီများကို သစ်ထုတ်လုပ်ခွင့်ပြုပါက သစ်တောပြုန်းတီးမှုများ
 မြန်ဆန်လာနိုင်ကြောင်း မြန်မာနိုင်ငံအနေနှင့်လည်း သစ်တောဖုံးလွှမ်းမှုဧရိယာမှာ 
၂၄ ရာခိုင်နှုန်းသာ ရှိတော့သည့်အတွက် လုံးဝခွင့်မပြုသင့်ကြောင်း သစ်တောသယံဇာတ 
ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ထိန်းသိမ်းရေးအသင်း (FREDA) ဒုတိယ ဥက္ကဌ
 ဦးအုန်းက ယတိပြတ်ပြောကြားသည်။
                 သစ်တောကြိုးဝိုင်းများ၌ ပုဂ္ဂလိကကုမ္ပဏီများကို စိုက်ခင်းများ ထူထောင်ရန်
နှစ်ရှည်စာချုပ်များ ချုပ်ဆို၍ ထိန်းသိမ်းခြင်းသည်သာ ကောင်းမွန်ကြောင်း ECCDI 
အဖွဲ့ဥက္ကဌဦးကျော်တင့်က သုံးသပ်ပြောကြားသည်။
                မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာမှာ ၂၀၀၁ ခုနှစ်တွင် နိုင်ငံအကျယ်
အ၀န်း၏ ၅၀ ဒသမ ၈၁ ရာခိုင်နှုန်း ရှိရာ ၂၀၁၃ ခုနှစ်အထိ နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆
 ရာခိုင်နှုန်းရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက 
ထုတ်ပြန်ထားသောစာရင်းများအရ သိရသည်။
                                              
The Voice Weekly Journal မှ မှတ်စုထုတ်ပြုစုပါသည်။

0 comments:

Post a Comment

 
;