Share
Saturday, September 7, 2013

သစ်တောသုတေသနနှင့် နည်းပညာလုပ်ငန်းများ ကူညီရန် နိုင်ငံတကာ အဖွဲ့အစည်း သုံးခုကမ်းလှမ်း




                               အာဆီယံလူမှုသစ်တောကွန်ရက်အဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့
အစည်းသုံးခုက မြန်မာနိုင်ငံ၏ သစ်တောထိန်းသိမ်းရေးသုတေသနလုပ်ငန်းများနှင့်
 နည်းပညာလုပ်ငန်းများ ထောက်ပံ့ကူညီရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော
ရေးရာဝန်ကြီးဌာနသို့ ကမ်းလှမ်းထားကြောင်း ဒေသတွင်း လူထု အခြေပြုသင်တန်း
စင်တာ ( RECOFTC ) မှ သတင်းရရှိသည်။
                           သစ်တောထိန်းသိမ်းရေးသုတေသနလုပ်ငန်းများနှင့် နည်းပညာ
လုပ်ငန်းများတွင် ထောက်ပံ့ကူညီရန်အတွက် အာဆီယံလူမှုသစ်တောကွန်ရက်အဖွဲ့၊ 
အပြည်ပြည်ဆိုင်ရာ သစ်တောသုတေသနဗဟို၊ ကမ္ဘာ့သီးနှံသစ်တောအဖွဲ့ ဗဟိုက
 ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
                        “ဝန်ကြီးဌာနက ကမ်းလှမ်းမှုကို သဘောတူလိုက်ပါပြီ။ ကူညီဖို့အတွက်အသေးစိတ်အချက်အလက်တွေက နောက်ပိုင်း အသေးစိတ် ဆွေးနွေးကြ
မယ်ထင်တယ်” ဟု အဖွဲ့အစည်းသုံးခုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော
ရေးရာဝန်ကြီးဌာန ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် RECOFTC မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
                      အဆိုပါ အဖွဲ့အစည်းသုံးခုသည် မြန်မာနိုင်ငံကို ကူညီရန် ပထမအကြိမ် 
လာရောက်ခြင်းဖြစ်ပြီး သစ်တောသစ်ပင်များ၊ မြေအသုံးချမှု၊ သစ်မဟုတ်သော သစ်တော
ထွက်ပစ္စည်းများ အသုံးချမှု၊ သစ်တောအခြေခံလူမှုစီးပွားရေးနှင့် တောင်ယာခုတ်ယူမှု လျော့ပါးရေးလုပ်ငန်းများကို နည်းပညာပိုင်း ကူညီထောက်ပံ့ပေးရန် ဝန်ကြီးဌာနသို့ 
ပထမဆုံး ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
                     ကမ်းလှမ်းမှုကို လက်ခံတွေ့ဆုံသည့် ဆွေးနွေးပွဲကို နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရုံးတွင် ဩဂုတ် ၂၇ ရက်က
 ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် သစ်တောကြိုးဝိုင်းအတွင်း နှစ်ကာလ ကြာရှည်စွာ နေထိုင်ခဲ့သည့် 
အိမ်ခြေ ၅၀ နှင့်အထက် ကျေးရွာများ စာရင်းကောက်ယူ၍ ဒေသခံပြည်သူများ ဘဝ
ရပ်တည်မှုနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း၊ မြေအသုံးချမှု လုပ်ငန်းများ၊ 
အစိမ်းရောင် စီးပွားရေးလုပ်ငန်းများနှင့် ရာသီဥတုပြောင်းလဲခြင်း ကိစ္စရပ်များတွင် 
အသေးစိတ် ဆွေးနွေးခဲ့သည်။

7  Day News Journal မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

 
;