Share
Saturday, September 7, 2013

ဇင်ဘာဘွေတွင် ဆင်များကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့် တိရစ္ဆာန်ဖမ်းဆီးသူများအား ဖမ်းဆီး



                            ဇင်ဘာဘွေနိုင်ငံ ဟွမ်ဂီအမျိုးသားဥယျာဉ်အတွင်းရှိ ဆင်အကောင်ရေ
 ၄၁ ကောင်ကို အဆိပ်ခတ်သတ်ဖြတ်၍ သတ်ဖြတ်ခဲ့သည့် တရားမဝင် တိရစ္ဆာန်ဖမ်းဆီးသူ 
ငါးဦးအား ဖမ်းဆီးခဲ့ကြောင်း ၄င်းဥယျာဉ်မှ တာဝန်ရှိသူများက ဘီဘီစီ သတင်းဌာနသို့ 
စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။




                          တရားမဝင် တိရစ္ဆာန်ဖမ်းဆီးသူများသည် ဆင်များအား သေစေရန် 
ဆိုင်ရာနိုက်အဆိပ်ကို အသုံးပြုခဲ့သည်ဟု ယူဆရပြီး စမ်းသပ်စစ်ဆေးမှုများကို ဆက်လက်
လုပ်ဆောင်လျက်ရှိကြောင်းနှင့် တိရစ္ဆာန်ဖမ်းဆီးသူဟု ယူဆရသူ ငါးဦးကို ဖမ်းဆီးထား
ကြောင်း အမျိုးသားဥယျာဉ်မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကာရိုလိုင်းဝါရှာယာမိုလိုက
 ပြောကြားခဲ့သည်။

                        ဆင်များကို တရားမဝင် ခိုးယူဖမ်းဆီးမှုသည် ဇင်ဘာဘွေနိုင်ငံတွင် အဆိုး
ရွားဆုံး ဖြစ်ပွားလျက်ရှိကာ အာရှတစ်ဝှမ်းတွင် မကြာသေးမှီနှစ်များက ဆင်များနှင့် ကြံ့များ 
သေဆုံးမှုသည် မြင့်တက်လျက်ရှိကြောင်း သူမက ဆက်လက်ပြောကြားခဲ့သည်။ အာရှတစ်ဝှမ်း
တွင် ဆင်စွယ်များနှင့် ကြံ့ဦးချိုများကို ရိုးရာတိုင်းရင်းဆေးထုတ်လုပ်ရာတွင် အသုံးပြုသော်လည်း 
အဆိုပါ ဆေးဝါးများသည် ထိရောက်သော အာနိသင်မရှိကြောင်း သိပ္ပံပညာရှင်များက 
ပြောကြားခဲ့သည်။
                      ထို့ကြောင့် ဇင်ဘာဘွေနိုင်ငံအနောက်ပိုင်း အမျိုးသားဥယျာဉ်အနီးတွင် 
နေထိုင်သူများအား ၄င်းတို့တွေ့ရှိသည့် တိရစ္ဆာန်အသေကောင်များ၏ အသားများကို စားသုံးခြင်းမပြုရန် အမျိုးသားဥယျာဉ်နှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး
အာဏာပိုင်များက သတိပေးနှိုးဆော်ထားကြောင်း မစ္စဝါရှာယာမိုလိုက ပြောကြားခဲ့သည်။ 


မြဝတီသတင်းစာ (၈.၉.၂၀၁၃) မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

 
;