Share
Saturday, September 7, 2013

ရာသီဥတု ပြောင်းလဲမှုကြောင့် သီးနှံဖျက်ပိုးများ ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့



                        ရာသီဥတု ပြောင်းလဲမှုသည် သီးနှံများကို ဖျက်ဆီးသော ပိုးမွှားများနှင့်  
အနာရောဂါများကို ကမ္ဘာတစ်ဝှမ်းပျံ့နှံ့အောင် ပြုလုပ်နေသည်ဟု ဗြိတိန်သုတေသနပညာရှင်
များက ပြောကြားသည်။ ကောက်ပဲသီးနှံဖျက်ပိုးများသည် အီကွေတာဒေသမှနေ၍ 
တစ်နှစ်လျှင် ပျမ်းမျှသုံးကီလိုမီတာနှုံးဖြင့် ပျံ့နှံ့ပြီး တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသများသို့ ဦးတည်ရွေ့လျားနေသည်ဟု သုတေသနပညာရှင်များက ပြောကြားသည်။
                    ကမ္ဘာ့ကောက်ပဲသီးနှံ ၁၀ ရာခိုင်နှုံးနှင့် ၁၆ ရာခိုင်နှုံးကြားမှာ ပိုးမွှားများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သုတေသနပညာရှင်များက ခန့်မှန်းကြသည်။ ကမ္ဘာ့အပူချိန်မြင့်မား
လာမှုသည် ယင်းပြဿနာကို ပိုမိုဆိုးရွားစေနိုင်သည်ဟုလည်း သုတေသနပညာရှင်များက 
သတိပေးထားသည်။ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးသည် လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း
 လူသားများ ရင်ဆိုင်ရမည့် အဓိက စိန်ခေါ်မှုကြီး တစ်ခုဖြစ်သည်ဟု သုတေသနအဖွဲ့
ခေါင်းဆောင် ဒေါက်တာ ဒန်းဘက်ဘာက ပြောကြားသည်။
                     သုတေသနပညာရှင်များသည် အဆိုပါ ကောက်ပဲသီးနှံဖျက် ပိုးမွှားများနှင့် 
အနာရောဂါ ၆၂၃ မျိုး၏ မှတ်တမ်းများကို လေ့လာခဲ့ကြသည်။ ထိုသို့ လေ့လာရာမှ ကမ္ဘာ့
ကောက်ပဲသီးနှံ ကုန်သွယ်မှုသည် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ပိုးမွှားများ ပျံ့နှံ့မှုနှင့် အဓိက
 သက်ဆိုင်နေသည်ဟု သိရှိခဲ့သည်။ ပိုးမွှားများသည် ၄င်းတို့နှင့် ကိုက်ညီသည့် ရာသီဥတု
အခြေအနေရှိသော ဒေသများတွင် အမြစ်တွယ်နေထိုင်ကြသော်လည်း ကမ္ဘာကြီးပူနွေးလာမှု
ကြောင့် ဝင်ရိုးစွန်းဒေသများ၌ပင် အသက်ရှင်နေထိုင်လာနိုင်ပြီဟု သုတေသနပညာရှင်များက
 ပြောကြားသည်။
                                                                               REF  :   BBC

7  Days News Journal မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

 
;