Share
Friday, September 6, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်ထိပ်တံတား အနီးတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်

                     
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်အတွင်းရှိ ဂုတ်ထိပ်တံတား အနီးတွင် မြေပြိုမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂုတ်ထိပ် တံတားနှင့် နောင်ချိုအကြား ရထားလမ်း မိုင်တိုင်အမှတ် ၄၆၃/၁၂-၁၂ ကြားတွင် အမြင့် နှစ်ပေ၊ အလျားပေ ၆၀၊ အနံပေ ၂၀ ခန့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီး မိုင်တိုင်အမှတ် ၄၆၀/၃-၈ ကြားတွင်လည်း အမြင့် နှစ်ပေ၊ အရှည် ၁၂၀ ပေခန့်၊ မိုင်တိုင် ၄၅၉/၁ အနီးတွင် အလျား ၁၇ ပေ၊ အနံ ရှစ်ပေ၊ အ မြင့် ၁၀ ပေခန့် အသီးသီး ပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာ ၄ ရက်ကလည်း ချောင်းချောက်နှင့် ရေပူကြား ရထားလမ်း မိုင်တိုင်အမှတ် ၄၉၉/၃-၄ တွင် ပေ ၃၀ ပတ်လည် ကျောက်တုံး နှစ်တုံးနှင့် ကျောက်တုံး အပိုင်းအစများ ပြိုကျခဲ့ပြီး မိုင်တိုင် ၄၉၉/၁၃-၁၄ တွင် အလျားပေ ၃၀ ၊ အမြင့် ငါးပေခန့် မြေပြိုကျမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ယင်းသို့ မြေပြိုကျမှု ဖြစ်စဉ်များကြောင့် ရထားခရီးစဉ်အချို့ ကြန့်ကြာခဲ့ရပြီး မီးရထား ၀န်ထမ်းများက လမ်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Eleven Media Group ၀က်ဘ်ဆိုဒ် စာမျက်နှာပါ သတင်းဖြစ်ပါသည်။

0 comments:

Post a Comment

 
;