Share
Sunday, September 8, 2013

ပီရူးနှင့် ဘိုလီးဗီးယားတွင် ဆီးနှင်းမိုးများကြောင့် လူခြောက်ဦးနှင့် တိရစ္ဆာန်သုံးသောင်းကျော် သေဆုံး




                                ပီရူးနှင့် ဘိုလီးဗီးယားနိုင်ငံများရှိ ကုန်းမြင့်လွင်ပြင်များတွင် အပူချိန်
ကျဆင်းကာ ပြင်းထန်သော ဆီးနှင်းများ ရွာချသောကြောင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း 
အနည်းဆုံး လူ ၆ ဦး သေဆုံးကာ သိုးများ၊ ကျွဲ ၊ နွားများ အပါအဝင် ခြံမွေးတိရစ္ဆာန် ၃၀၀၀၀
 ကျော် သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။
                              တိရစ္ဆာန်သေဆုံးမှု အများဆုံးဖြစ်ပေါ်ခဲ့သည့် ပီရူးနိုင်ငံတောင်ပိုင်းရှိ တောင်တန်းများတွင် စက်တင်ဘာ ၂၀ ရက်အထိ အရေးပေါ် အခြေအနေ ကြေငြာထားသည်။ ခြံမွေးတိရစ္ဆာန်နှင့် ကောက်ပဲသီးနှံများအပေါ် လုံးဝ မှီခိုနေရသည့် ကုန်းမြင့်ဒေသများတွင် 
နေထိုင်သူ ဆင်းရဲသား ၈၀၀၀၀ ခန့်မှာ အအေးလွန်ကဲသော ရာသီဥတုကြောင့် ကျွဲ၊ နွားများ
 သေဆုံးကာ ကောက်ပဲသီးနှံများ ပျက်စီးခဲ့၍ ထိခိုက်ခဲ့ရသည်။ ပီရူးနိုင်ငံ ပူနိုခရိုင်တွင် 
ဆီးနှင်းများ သုံးပေးနီးပါးထိ ကျရောက်ခဲ့သည်။
                              ယင်းရာသီဥတု မူမမှန်မှုများမှာ နှစ်ပေါင်း ၃၀ အတွင်း ချီလီနိုင်ငံ
 အန်တာကာမာ ကန္တာရ၌ ဆီးနှင်းများ ပထမဆုံးအကြိမ် ကျဆင်းခြင်းလည်း ပါဝင်ကြောင်း
 မိုးလေဝသပညာရှင် နေဆင်ကွီစပက်က ပြောကြားသည်။
                                                                     REF : AP

7  Days  News  Journal မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

 
;