Share
Thursday, August 8, 2013

ဒီရေတောထိန်းသိမ်းရေး စင်တာ အောက်တိုဘာတွင် ဖွင့်မည်

                     ရခိုင်ကမ်းရိုးတန်းတွင် တည်ဆောက်လျက်ရှိသည့် ဒီရေတောထိန်းသိမ်းရေး
အသိပညာပေးစင်တာကို လာမည့် အောက်တိုဘာတွင် လာရောက်ကြည့်ရှုနိုင်မည်ဟု သတင်း
ရရှိသည်။ 
                    အဆိုပါ စင်တာကို ရခိုင်ကမ်းရိုးတန်းဒေသ၊ကျိန္တီလီတွင် ဆောက်လုပ်လျက်
ရှိပြီး ဒီရေတောနှင့် ပတ်သက်သည့် ဗဟုသုတအချက်အလက်များ၊ ဓာတ်ပုံများ စသည့်
ဒီရေတောနှင့် သက်ဆိုင်သည်များကို ပြသမည်ဖြစ်ကာ အောက်တိုဘာတွင်ပြီးစီးမည်ဟု
ရခိုင်ကမ်းရိုးတန်း လူမှုဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာတန်ဖိုးများ ပြန်လည်တည်ဆောက်
ရေးမန်နေဂျာ ဦးဝင်းမောင်က ပြောသည်။ " ဒီရေတောနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေ၊ဒီရေ
အတက်အကျတွေကို လူအများ နားလည်အောင်လို့ ပြသထားမယ်" ဟု ဦးဝင်းမောင်က
ပြောသည်။
                  ထို့အပြင် ရခိုင်ကမ်းရိုးတန်းဒေသတွင် ဒီရေတောဥယျာဉ်ကိုပါ တည်ဆောက်
မည်ဖြစ်ပြီး ရှားပါးမျိုးဝင် ဒီရေတောအပင်များနှင့် မကြာသေးမီက IUCM  အသိအမှတ်ပြုထား
သည့် မြိုင်ကြီးပင်တို့ကို ပြသမည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

                 အဆိုပါ ဒီရေတောထိန်းသိမ်းရေး အသိပညာပေး စင်တာနှင့် ဒီရေတောဥယျာဉ်
ကို ဒေသခံများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ပါဝင်စားစေရန်အတွက် လုပ်ဆောင်ခြင်း
ဖြစ်ပြီး ယင်းစင်တာကို ဒေသခံများအား ထိန်းသိမ်းစေမည်ဟု ဆိုသည်။
                 ရခိုင်ကမ်းရိုးတန်းဒေသတွင် ဒီရေတောထိန်းသိမ်းရေးစင်တာနှင့် ဥယျာဉ်အပြင်
ရှားပါးပင်လယ်လိပ်ထိန်းသိမ်းရေးနယ်မြေနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနယ်မြေတို့ကို
လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

၇  ရက် သတင်းဂျာနယ်ပါ ပြဇာတ်ဖြစ်ပါသည်။

0 comments:

Post a Comment

 
;