Share
Sunday, August 25, 2013

ဆူဒန်ရေဘေး လူ ၄၈ ဦး သေဆုံးကာ လူဦးရေ သုံးသိန်းနှစ်သောင်းကျော် ထိခိုက်

                        ဆူဒန်နိုင်ငံတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသဖြင့် လူ ၄၈ ဦး သေဆုံးခဲ့ရပြီး
ဖြစ်ကာ လူဦးရေ သုံးသိန်းနှစ်သောင်းကျော်၏ နေ့စဉ်ဘ၀များ ခက်ခဲလျက်ရှိကြောင်း ကမ္ဘာ့
ကျန်းမာရေးအဖွဲ့  WHO ၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် AFP  သတင်းတစ်ရပ်က ဖော်ပြ
ထားသည်။
                        ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေးအဖွဲ့အစည်းက အဆိုပါ ကြေညာ
ချက်ကို ထုတ်ပြန်နေစဉ်၌ပင် မြို့ တော်ချက်တွန်းနှင့် အနီးတ၀ိုက်တွင် မိုးကြိုးမုန်တိုင်းများ ပစ်
ချခြင်း၊ လေထန်မိုးကြီးနေခြင်းတို့ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေရာ ပြီးခဲ့သည့် ၂၅ နှစ်အတွင်း
ဆူဒန်၏ အဆိုးဝါးဆုံး ရေဘေးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
                        " ဆူဒန်တွင် မိုးသည်းထန်ခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့ကြောင့် အိမ်ထောင်စု
၆၅၉၅၇ စု သို့မဟုတ် လူဦးရေ ၃၂၀၀၀၀ တို့၏ ဘ၀နှင့် ပိုင်ဆိုင်မှုများကို ထိခိုက်ခဲ့ရကြောင်း"
ဟု WHO  က အစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့သည်။
                        ၄၈ ဦးသေဆုံးထားပြီး ၇၀ ဦး ဒဏ်ရာရရှိထားကာ တိုင်းပြည်၏ ပြည်နယ်
၁၈ ခုအနက် ၁၄ ခုမှာ ရေဘေးသင့်နေသည်ဟု ပြီးခဲ့သည့် သြဂုတ် ၂၁ ရက် သတင်းများ
အရ သိရသည်။
                         ပြည်ထဲရေးဝန်ကြီး အီဘရာဟင်မာမွတ်ဟာမက်က သေဆုံးသူဦးရေမှာ
ယခုထက် ပိုများနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။
                         အိမ်သာအလုံးရေပေါင်း ငါးသောင်းသုံးထောင်ပျက်စီးခဲ့ရသောကြောင့်
ကျန်းမာရေးအတွက် စိုးရိမ်ရမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း WHO  ကဆိုသည်.။
                         နိုင်းလ်မြစ်ရေသည်လည်း အထူးမြင့်တက်လျက်ရှိပြီး မြို့ ပြဒေသများ
တွင်လည်း မြစ်ရေကြီးမှုပြသနာများ ရင်ဆိုင်နေရသည်။
                          မြစ်ရေတက်လာသောကြောင့် စိုက်ပျိုးရေးခင်းများလည်း ထိခိုက်ခဲ့
ရသည်ဟု ဆူဒန်မှ AFP သတင်းထောက်များက ပြောကြားကြသည်။
                          "အလွန်ကြီးမားတဲ့ သဘာဝ ဘေးဒဏ်ကြီးဖြစ်ပါတယ်" ဟု
ကုလသမဂ္ဂ၏ ဆူဒန်နိုင်ငံဆိုင်ရာ လူသားချင်း ကိုယ်ချင်းစာနာမှု အကူအညီပေးရေး
လုပ်ငန်းများညှိုနှိုင်းရေးမှူး မာ့ခ်ကတ်စ်က ပြောကြားခဲ့သည်။
                          ဆူဒန်နိုင်ငံသည် စစ်ဒဏ်ကိုလည်း အကြီးအကျယ်ခံခဲ့ရသည့်
နိုင်ငံဖြစ်ကာ ရေမြုပ်သည့် တောင်ပိုင်းကော်ဒိုဖန်ဒေသနှင့် ဘလူးနိုင်းလ်မြစ်ဝှမ်းဒေသ
သည် ယခင်က စစ်ဘေးဒဏ်သင့်ဒေသများ ဖြစ်သည်။

0 comments:

Post a Comment

 
;