Share
Thursday, August 8, 2013

သယံဇာတ အကျိုးခံစားခွင့် အများဆုံး ရရန် ရခိုင်တွင် လူထုသဘောထားကောက်မည်

                     မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ 
ဓာတ်ငွေ့ပို့လွှတ်ပြီး ရက်ပိုင်းခန့်အကြာတွင် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သယံဇာတ အကျိုး
ခံစားခွင့်ကို ရခိုင်တိုင်းရင်းသားများ အများဆုံး ခံစားခွင့်ရရှိရန် လူထုသဘောထားကောက်ယူ
သည့် လှုပ်ရှားမှုကို နှစ်ပတ်အတွင်း စတင်မည်ဖြစ်ကြောင်း ရခိုင်သယံဇာတများ အကျိုးခံစား
ခွင့်လှုပ်ရှားမှုကော်မတီမှ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးကျော်ဇောဦးက The Voice သို့
ပြောကြားသည်။
                   သယံဇာတ အကျိုးခံစားခွင့် အများဆုံး ရရှိရေးအတွက် ရခိုင်ပြည်သူလူထု၏
သဘောဆန္ဒကို နှစ်လအတွင်း အပြီးသတ်ကောက်ယူသွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊
လွှတ်တော်အသီးသီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ပြတောင်းဆိုသွားမည်
ဖြစ်ကြောင်း ၄င်းက ဆိုသည်။
                  လူထု သဘောဆန္ဒကောက်ယူရာတွင် မြန်မာ-တရုတ် ရေနံနှင့် သဘာဝ
ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသည့် အကျိုးအမြတ်များတွင် ရခိုင်ပြည်နယ်အတွက် ပေးမည်ဟု
ထုတ်ပြန်ထားသည့် ပမာဏမှာ နည်းပါးနေသဖြင့် ရခိုင်ပြည်သူလူထု လက်ခံနိုင်သည့်
အကျိုးခံစားခွင့်တစ်ခုပါ တပါတည်း ကောက်ခံမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။
                   သယံဇာတအကျိုးခံစားခွင့်နှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်း
မေးမြန်းရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လွှတ်တော်တွင်
တင်ပြထားသော်လည်း ကြန့်ကြာနေသဖြင့် ယခုကဲ့သို့ လှုပ်ရှားမှုကို ပြုလုပ်ရန် စီစဉ်ခြင်း
ဖြစ်ကြောင်း ၄င်းက ဆိုသည်။
                   ယခုလှုပ်ရှားမှုသည် ခြေလှမ်းအစ လှုပ်ရှားမှုအဆင့်သာ ရှိသေးပြီး သယံဇာတအကျိုးခံစားခွင့်နှင့် ပတ်သက်၍ တိုင်းရင်းသားများ သိရှိလာအောင် သင်တန်း
များ ပေးသွားမည်ဖြစ်ကြောင်း ဦးကျော်ဇောဦးက ထပ်မံပြောဆိုသည်။
                     ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့ အထိ ဖောက်လုပ်
ထားသည့်  မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ ဇူလိုင်လ
၂၈ ရက်နေ့မှ စတင်ကာ ဓာတ်ငွေ့များ ပို့လွှတ်နေပြီဖြစ်သည်။
                    ယင်းရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတဆင့် တစ်ရက်လျှင် သဘာဝ
ဓာတ်ငွေ့ကုဗပေ သန်း ၁၂၀၀ ပို့လွှတ်နိုင်ကြောင်း၊ ကနဦးတွင် တစ်ရက်လျှင် သဘာဝ
ဓာတ်ငွေ့ကုဗပေ သန်း ၅၀၀ ပို့လွှတ်မည်ဖြစ်ပြီး ကုဗပေသန်း ၄၀၀ ကို တရုတ်နိုင်ငံသို့ ပို့
မည်ဖြစ်ကာ ကုဗပေသန်း ၁၀၀ ကိုပြည်တွင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းသန်း
၁၀၀ အနက် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ကုဗပေသန်း ၂၀ ၊ရေနံချောင်းတွင် ကုဗပေ
သန်း ၂၃နှင့် တောင်သာတွင် ကုဗပေ ၅၇ သန်း ဖြန့်ဝေသုံးစွဲရန် စီမံချက်ချထားကြောင်း 
ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရ
သိရှိရသည်။

The Voice Weekly Journal ပါ စင်တင်ပြဇာတ်ဖြစ်ပါသည်။

0 comments:

Post a Comment

 
;