Share
Saturday, August 10, 2013

ဖိုလ်ဝင်တောင်ဒေသ မျောက်မျိုးစိတ်များ မျိုးသုဉ်းမှုအန္တရာယ်မှ ကာကွယ်ပေးရန်လို

                      သဘာဝကျောက်တောင် ကျောက်ပန်းများဖြင့် ရှုမငြီးဖွယ်လှပ၍ ရှေးဟောင်း
စေတီပုထိုးများကို အလွန်ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်သော စစ်ကိုင်းတိုင်းဒေသကြီး၊
ယင်းမာပင်ခရိုင် ယင်းမာမြို့ နယ် ဖိုလ်ဝင်တောင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ
သဘာဝဘေးမဲ့ မျောက်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းမရှိစေရန် ၀ိုင်းဝန်းကာကွယ်
စောင့်ရှောက်ပေးစေလိုကြောင်း ဖိုလ်ဝင်တောင်ဒေသခံပြည်သူများက လိုလားလျက် 
ရှိကြသည်။

                     " မကြာခဏ မျောက်လာဖမ်းတဲ့အဖွဲ့တွေ ရှိတယ်။ ဟိုတစ်လောကလည်း
မျောက်တွေကို သံလှောင်အိမ်တွေနဲ့ အများအပြား လာဖမ်းသွားတာရှိတယ်။ ရွှေတောင်ဦး
ဘုရားအတွက်ဆိုလားပဲ" ဟု ဖိုလ်ဝင်တောင်ရွှေသာလျောင်းအနီး ဒေသထွက်ဆေးမြစ်ဆုံ
များနှင့် မျောက်စာရောင်းချသူတစ်ဦးက ပြောကြားခဲ့သည်။
                     အဆိုပါ ဖိုလ်ဝင်တောင်ဒေသရှိ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်း
ခွင်များ၌ လုပ်ကိုင်စားသောက်ခြင်းထက် မိရိုးဖလာလုပ်ငန်းတစ်ရပ်အဖြစ် ဘုရားဖူး
လာရောက်သူများကို မျောက်စာများရောင်းချကာ ၄င်းတို့၏ စားဝတ်နေရေးကို ရပ်တည်
နေထိုင်လျက်ရှိကြောင်း သိရသည်။
                     ဖိုလ်ဝင်တောင်ဒေသသည် သဘာဝကျောက်လိုဏ်ဂူကြီးများအတွင်း၌
ကျောက်သားနံရံများတွင် ဗုဒ္ဓဆင်းတုတော်များ ထုဆစ်ထားသောကြောင့် အလွန်
အံ့သြဖွယ်ရာကောင်းပြီး နေ့စဉ်နိုင်ငံခြားသား ဘုရားဖူးလာရောက်သူများနှင့် စည်ကားလျက်
ရှိသည်။ ယင်းဒေသတွင် ယခင်က သဘာဝဘေးမဲ့မျောက်အကောင်ရေ ထောင်နဲ့ချီပြီး
ရှိခဲ့သော်လည်း ယခုအခါ ရာဂဏန်းမျှသာ ကျန်ရှိနေကြောင်း ဒေသခံများက ပြောကြားခဲ့
သည်။
                     သဘာဝဘေးအန္တရာယ်နှင့် မျောက်ဖမ်းဆီးသူများပေါ်ပေါက်ခဲ့ရာမှ 
ယင်းကဲ့သို့ မျောက်များ လျော့နည်းလာရခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များနှင့် ပူးပေါင်းလက်တွဲကာ ဖိုလ်ဝင်
တောင်ဒေသရှိ မျောက်မျိုးစိတ်များ မျိုးသုဉ်းမှု ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ခြင်း
လုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း သိရပါသည်။

0 comments:

Post a Comment

 
;