Share
Monday, August 26, 2013

ကာလီဖိုးနီးယား တောမီးလောင်ကျွမ်းမှု ဆန်ဖရန်စစ္စကိုမြို့  ရေနှင့် လျှပ်စစ်ဖြန့်ဖြူးမှုအား ခြိမ်းခြောက်လျက်ရှိ

                        အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Yosemite အမျိုးသား
ပန်းခြံ မြောက်ပိုင်းသို့ ပျံ့နှံ့ ခဲ့သော တောမီးလောင်ကျွမ်းမှုသည် ယခုအခါ ဆန်ဖရန်စစ္စကိုမြို့ 
ရေပေးဝေမှုနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုများအား ခြိမ်းခြောက်မှုများ ရှိကြောင်း အာဏာပိုင်များ
က သြဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ တောမီးကြောင့် နိုင်ငံပိုင် မြေဧက
၁၃၃၉၈၀ လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း Inci သတင်းဝက်ဘ်ဆိုဒ်၏ သတင်းထုတ်ပြန်ချက်အရ
သိရသည်။


                      ထို့ပြင် ၄င်းတောမီးသည် သြဂုတ် ၁၇ ရက်က စတင်လောင်ကျွမ်းခဲ့ခြင်း
ဖြစ်ပြီး မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းအား ယခုတိုင် မသိရသေးကြောင်းနှင့်
မီးသတ်သမား ၂၈၀၀  ကျော်သည် ရဟတ်ယာဉ်များ၊ လေယာဉ်များ အသုံးပြု၍ ငြှိမ်းသတ်နိုင်
ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။

0 comments:

Post a Comment

 
;