Share
Tuesday, August 20, 2013

တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ရေကြီး၊ သေဆုံးသူ ၅၄ ဦးထိရှိ

                       တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း လျောင်နင်းပြည်နယ် ဖူကျန်မြို့ ၌ ဆယ်စုနှစ်
များအတွင်း အဆိုးရွားဆုံး ရေကြီး ရေလျှံရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်  ၁၈  ရက်
နံနက်ပိုင်းက ဒေသဆိုင်ရာ အာဏာပိုင်များ အဆိုအရ သေဆုံးသူ ၅၄ ဦးထိ ရှိသွားပြီဟု ဆင်ဟွာ
သတင်းတွင် ဖော်ပြခဲ့သည်။
                      လျောင်နင်းပြည်နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများမှာ ပြီးခဲ့သည့် သြဂုတ်
၁၅ ရက်မှ သြဂုတ် ၁၈ ရက်အထိ ဖြစ်ပေါ်ခဲ့ပြီး ဖူကျန်မြို့ ရှိ မြစ်များတွင် ရေကြီးမှုများ ဖြစ်ပေါ်
လျက်ရှိကြောင်း လျောင်နင်းပြည်နယ်ဒေသရှိ တာဝန်ရှိသူများက ဆိုသည်။
                     မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေလွှမ်းမိုးကြုံခဲ့ရပြီး မီးရထား၊
ကားသွားလာရေးနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
                      ယင်းကဲ့သို့ ရေကြီးရေလွှမ်းမှုများကို တရုတ်နိုင်ငံ လျောင်နင်းပြည်နယ်၊ ကျီကျန်း
ပြည်နယ်၊ဟေလောင်ကျန်ပြည်နယ်တို့၌ အဓိက ခံစားခဲ့ကြရသည်ဟု သိရသည်။

0 comments:

Post a Comment

 
;