Share
Monday, August 26, 2013
အဖြူနှင့် အညိုရောင်စပ် ရှားပါးသော ပန်ဒါဝက်ဝံကို တရုတ်ထုတ်ဖော်ပြသ
                 ပန်ဒါဝက်ဝံကြီးများမှာ မျက်မှောက်ခေတ်တွင် ရှားပါးသော ၀က်ဝံအမျိုးအစားများ
ဖြစ်သော်လည်း တရုတ်နိုင်ငံ ရှန်ရှီပြည်နယ်တွင် ပြသခဲ့သော ချီဇိုင်အမည်ရှိ အညိုနှင့် အဖြူ
ရောင်စပ်ထားသည့် ပန်ဒါဝက်ဝံမှာ အလွန်ရှားပါးသည့် ပန်ဒါဝက်ဝံဖြစ်လာခဲ့ကြောင်းသိရသည်။
                ချီဇိုင်ပန်ဒါဝက်ဝံသည် ကမ္ဘာ့အရှားပါးဆုံး ပန်ဒါဝက်ဝံဖြစ်ပြီး ၄င်းအား တရုတ်နိုင်ငံ
အနောက်မြောက်ပိုင်းရှိ ရှားပါးတောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးနှင့် သုတေသနဌာနတွင်
ထားရှိပြသထားခြင်း ဖြစ်သည်။
နှစ်လသားအရွယ်တွင် ရှာဖွေတွေ့ရှိပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။
               အဆိုပါ ၀က်ဝံ၏ အရောင်မှာ အဖြူနှင့် အညိုရောင် စပ်ထားသော အရောင်
ဖြစ်သော်လည်း ၄င်း၏ မိခင်ဖြစ်သူမှာမူ သာမန်ပန်ဒါဝက်ဝံများကဲ့သို့ အဖြူနှင့် အနက်ရောင်
ကိုသာ ပိုင်ဆိုင်ထားသည်။
               ယင်းဝက်ဝံ၏ အရောင်သည် အဖြူနှင့် အညိုရောင် စပ်ထားရသည့် အကြောင်း
ရင်းမှာ မျိုးရိုးဗီဇနှင့်ဆိုင်သော သန္ဓေပြောင်းလဲမှုကြောင့်ဟု သုတေသီများက ယူဆထားပြီး
၎င်းအား လာမည့်နှစ်တွင် သားဖောက်ရန် စီစဉ်ထားသည်ဟု သိရှိရပါသည်။
0 comments:
Post a Comment
;