Share
Wednesday, August 7, 2013

ချင်းတွင်းမြစ်အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကြောင့် ရေယာဉ်ပို့ဆောင်ရေးလုပ်ငန်းများ အနှောင့်အယှက်ဖြစ်ရလျက်ရှိ


               ချင်းတွင်းမြစ်သည် ယခုအခါ မြစ်ရေကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပြီး
ရေယာဉ်များ ခုတ်မောင်းသွားလာရာတွင် မြစ်အတွင်း စွန့်ပစ်ထားသော အမှိုက်များ စီးမျော
လာမှုကြောင့် ရေယာဉ်၌ တပ်ဆင်အသုံးပြုရသည့် ရေယက်ပန်ကာနှင့် တက်မကြီးတို့ကို
ရစ်ပတ်မိပြီး ရေယာဉ်အန္တရာယ်ဖြစ်ပေါ်လာမည်ကို အလွန်စိုးရိမ်လျှက်ရှိကြောင်း မုံရွာ-
ဟုမ္မလင်း ကုန်တင်အမြန်ရေယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

            "  မြစ်ကြောင်းအလယ်မှာ ခုတ်မောင်းရတာက အခက်အခဲမရှိပါဘူး။ကမ်းက 
စထွက်တဲ့အချိန်မှာ အထူးဂရုစိုက်ပြီး ထွက်ရတယ် ။  မြစ်ထဲမှာ စွန့်ပစ်ထားတဲ့ အမှိုက်တွေက  
ပန်ကာနဲ့ တက်မကို ရစ်ပတ်ပြီး ရေယာဉ်တစ်စင်းလုံးကို ဒုက္ခပေးနိုင်တဲ့အတွက်ကြောင့်

ဖြစ်ပါတယ်"ဟု ၄င်းရေယာဉ်လုပ်ငန်းရှင်က ဆက်လက်ပြောကြားခဲ့သည်။ကုန်စည်ပို့ဆောင်ရေး
 ရေယာဉ်များနှင့် ခရီးသည်တင်ရေယာဉ်များ စုဝေးဆိုက်ကပ်ရာ မုံရွာမြို့  ဆိပ်ကမ်းတလျှောက်
 နေရာအနှံ့တွင် မြစ်ကြောင်းအတွင်း အမှိုက်များ စွန့်ပစ်ထားသည်ကို အချိန်အခါမရွေး
 မြင်တွေ့နေရသည်။ အလုံဆိပ်ကမ်း ရေကင်းအမှတ်(၂၂) နေရာမှစတင်၍ အောင်ဇေယျုံ
ဇက်ကူးတို့ဆိပ်အထိ အမှိုက်များ စွန့်ပစ်ထားရာ ဆွေးမြေ့ ပျက်စီးရန်လွယ်ကူသည့် အမှိုက်အမျိုးအစားများပါဝင်သကဲ့သို့ အ၀တ်စုတ်အမှိုက်များနှင့် ပလတ်စတစ်အမှိုက်များလည်း ပါဝင်သည်။
             " မြစ်ထဲကို စွန့်ပစ်လိုက်တဲ့ အမှိုက်တွေက ရေယာဉ်တွေကို ဒုက္ခပေးစေနိုင်သလို
 မြစ်ရဲ့ ကြမ်းပြင်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ရေစီးရေလာကို ထိခိုက်စေနိုင်ပြီး
 ရေကြီးရေလျှံဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ မြစ်ကြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်
စွန့်ပစ်တဲ့အတွက်လည်း ပါဝင်နေပါတယ်"ဟု ဘူမိဗေဒကျွမ်းကျင် ပညာရှင်တစ်ဦးက
 မြစ်ကြောင်းအတွင်း အမှိုက်များ စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်
သည့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို ယင်းကဲ့သို့ ပြောကြားခဲ့သည်။ ကုန်တင်ရေယာဉ် တက်မကိုင်ကြီးများသည် မုံရွာဆိပ်ကမ်းမှနေ၍ ရေယာဉ်များ ထွက်ခွာခြင်းမပြုမီ ရေယာဉ်
တက်မနှင့် ရေယက်ပန်ကာများကို အထူးဂရုပြုစစ်ဆေးပြီးမှ မောင်းနှင်ထွက်ခွာကြရသည်။
 မြစ်ကြောင်းအတွင်း စွန့်ပစ်ထားရှိသည့် အမှိုက်များသည် မြစ်ရေကြီးသည့် ယခုလိုအချိန်
ကာလတွင် ရေစီးအတွင်၌ မျောပါလာပြီး ရေယက်ပန်ကာများနှင့် တက်မကြီးများကို ငြိတွယ်
ရစ်ပတ်ကာ ထိန်းချုပ်ထားသကဲ့သို့ ဖြစ်စေပြီးအန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်သည့်
အတွက်ကြောင့် ရေယာဉ်အုပ်များ ရေယာဉ်မောင်းနှင်သည့်အခါ အထူးဂရုပြုမောင်းနှင်နေရ
ခင်းဖြစ်ကြောင်း သိရပါသည်။


 

 မြ၀တီ သတင်းဂျာနယ်ပါ ပြဇာတ်ဖြစ်ပါသည်။

0 comments:

Post a Comment

 
;