Share
Tuesday, August 20, 2013
ချင်းပြည်နယ်ရှိ ရိဒ်ရေကန်ပတ်လည်ဝန်းကျင် ရေဝေရေလဲ ဧရိယာအဖြစ် ထိန်းသိမ်းရန်စီစဉ်
                         ချင်းပြည်နယ် ဖလမ်းမြို့ နယ်ရှိ အသည်းပုံရေကန်ဟု လူသိများသော ရိဒ်
ရေကန်ပတ်လည် ပတ်ဝန်းကျင် ဒေသများကို ရေဝေရေလဲ ဧရိယာအဖြစ် ထိန်းသိမ်းရေးစီမံကိန်း
ကို ယခုနှစ် စက်တင်ဘာတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း 
သိရသည်။
                         ယင်းသို့ ရေဝေရေလဲဧရိယာအဖြစ် သတ်မှတ်ရခြင်းမှာ သဘာဝ
ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်ရန်နှင့် ရိဒ်ရေကန်၏ အထက်ပတ်လည်ဝန်းကျင် 
ဧရိယာဧက ၆၆၀ ကိုရေဝေရေလဲဧရိယာအဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်း
အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ
 ဇူလိုင်လအတွင်းက တင်ပြခဲ့ရာခွင့်ပြုချက်ရပြီးဖြစ်သောကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေ
အဖြစ် သတ်မှတ်ရန် လိုအပ်သည့်အချက်များ ရရှိစေရန် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ 
ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားကြောင်း သိရသည်။
တွေကို ကွင်းဆင်းစစ်ဆေးမယ်။ ပြည်သူဆီက စစ်တမ်းတွေ ကောက်ယူပြီး သဘောတူလက်ခံမှ
ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ကြေငြာပေးမယ်" ဟု ဆိုသည်။
                       ရိဒ်ရေကန်ပတ်လည်ရှိ တောင်ကုန်းတောင်တန်းများတွင် သစ်ပင်များ ထပ်မံ
တိုးချဲ့ စိုက်ပျိုးခြင်းနှင့် ဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ခြင်းကို စီမံချက်ချဆောင်ရွက်သွားမည်ဖြစ်ရာ စစ်တမ်းများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံ တင်ပြ၍ ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေးနယ်မြေ
အဖြစ် သတ်မှတ်ပေးရန် ခွင့်ပြုချက်တောင်းယူမည်ဖြစ်သည်။
                      ရိဒ်ရေကန်ပတ်ဝန်းကျင်တွင် ဒေသခံများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်း
များအဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေး
နယ်မြေသတ်မှတ်နိုင်ရန် ဒေသခံများ၏ သဘောဆန္ဒကိုလည်း ကောက်ယူဆောင်ရွက်သွားမည်
ဖြစ်သည်။
                     ရိဒ်ရေကန်သည် ဧရိယာ ၈၃၂ ဧက ကျယ်ဝန်း၍ ရေကန်၏ အထက်ပတ်ဝန်းကျင်
တွင် လူနေအိမ်နှင့် မြို့ ရွာချထားခွင့်မလုပ်ရန် ပြည်နယ်အစိုးရက တားဖြစ်ထားပြီး ချင်းလူမျိုးများက
ချင်းပြည်နယ်၏ အမျိုးသားသင်္ကေတအဖြစ် တန်ဖိုးထားသတ်မှတ်ကြသည်။
                    ချင်းပြည်နယ် ပလက်ဝမြို့ နယ်တွင် ကျောက်ပန်းတောင်းဘေးမဲ့တောနှင့် နတ်မ
တောင်အမျိုးသားဥယျာဉ်တို့အပြင် ဖလမ်းနှင့် ဟားခါးမြို့ နယ်များရှိ ဘွေပါးတောင်၊ ဇိမ်မူတောင်
တို့ကိုလည်း သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
0 comments:
Post a Comment
;