Share
Tuesday, August 27, 2013

မက္ကဆီကိုနိုင်ငံတွင် အပူပိုင်းမုန်တိုင်း ဖာနက်ဒ်တိုက်ခတ် ၁၃ ဦး သေဆုံး

                       မက္ကဆီကိုနိုင်ငံ အရှေ့ ပိုင်း ဗယ်ရားရုဇ်ပြည်နယ်တွင် အုပူပိုင်းမုန်တိုင်း ဖာနက်ဒ်
ဝင်ရောက်တိုက်ခတ်မှုကြောင့် သြဂုတ် ၂၆ ရက် မြေပြိုမှု ဖြစ်ပွားခဲ့ရာ ၁၃ ဦးထက်မနည်း သေဆုံးခဲ့
ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
                        အာဏာပိုင်များသည် အဆိုပါပြည်နယ်တွင် ယင်းမုန်တိုင်းကို အနီရောင်အဆင့်
အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး မြို့ နယ်လေးခုမှ ပြည်သူ ၃၀၀၀ ခန့်ကို ဘေးအန္တရာယ်ကင်းရှင်းရာ
နေရာသို့ ပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရသည်။
                        မုန်တိုင်းသည် ယင်းပြည်နယ်သို့ ၀င်ရောက်ခဲ့ပြီး သြဂုတ် ၂၆ ရက်က အားပျော့
ခဲ့သော်လည်း နိုင်ငံအရှေ့ ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်
ပေါ်နိုင်မည်ဟု မက္ကဆီကိုအမျိုးသားမိုးလေ၀သဌာနမှ ပြောကြားခဲ့သည်။
                        အဆိုပါ မုန်တိုင်းသည် တစ်နာရီလျှင် အမြင့်ဆုံး လေတိုက်နှုံး ၅၅ ကီလိုမီတာ
နှုံးဖြင့် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားနိုင်ပြီး တစ်ရက်အတွင်း အားပျော့ပျက်ပျယ်
သွားနိုင်ကြောင်း မီယာမီအခြေစိုက် အမေရိကန် အမျိုးသားဟာရီကိန်းစင်တာမှ ပြောကြားသည်။
 


0 comments:

Post a Comment

 
;