Share
Wednesday, August 14, 2013

ဆင်ကိုသတ်၍ ဆင်စွယ်ဖြတ်ခိုးမှုဖြစ်ပွား

                    ပဲခူးမြို့ နယ် ထန်းတောကြီးရဲစခန်းအပိုင် စလူသစ်တောကြိုးဝိုင်းအကွက်
အမှတ် (၁၈၅) တွင် သြဂုတ် ၁၂ ရက် နံနက် ၇ နာရီခန့်က ဆင်တစ်ကောင် သေနတ်ဒဏ်ရာ
ဖြင့် သေဆုံးနေကြောင်း တောခေါင်း ဦးသက်နိုင်၏ သတင်းပေးချက်အရ ပဲခူးမြို့ နယ်
သစ်တောဦးစီးအရာရှိ ဦးမျိုးလွင်နှင့် ဆင်ဆရာဝန် ဒေါက်တာကျော်စိုး၊ ထန်းတောကြီးရဲစခန်း
မှ ဒုရဲအုပ်အောင်ကျော်စိုးတို့အဖွဲ့က သက်သေများနှင့်အတူ အခင်းဖြစ်ရာနေရာသို့ သွားရောက်
စစ်ဆေးခဲ့ကြသည်။

                  အဆိုပါ နေရာတွင် အသက် (၂၅) နှစ်ခန့် အရပ်ခုနစ်ပေခွဲရှိ ဆင်ထီးတစ်ကောင်
ရှေ့ ဝဲလက်၊ ဦးခေါင်းနှင့် ၀ဲဘက်ချိုင်းအောက်တွင် သေနတ်ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာများဖြင့်
သေဆုံးနေကြောင်း ဆင်ထီး၏ အစွယ်မှာလည်း ဖြတ်တောက်ထားခြင်းခံထားရသည်ကို တွေ့ရှိ
ရသည်။ ၄င်းဆင်မှာ လွန်ခဲ့သော ငါးရက်ခန့်က သေဆုံးနေကြောင်း ဆင်ဆရာဝန်၏ စစ်ဆေး
ချက်အရ သိရှိရပြီး အဆိုပါဆင်ကို တာဝန်ရှိသူများက မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆင်သတ်ဖြတ်၍
အစွယ်ခိုးယူသွားသူအား အရေးယူပေးပါရန် သစ်တောဦးစီးဌာနက တရားလိုပြုလုပ်၍တိုင်တန်း
ထားကြောင်း သိရပါသည်။

0 comments:

Post a Comment

 
;