Share
Wednesday, August 7, 2013

ကင်းတားဆည် မကြုံစဖူး ရေနည်းနေ၍ စိုက်ပျိုးရေပေးရန် အခက်ကြုံ

                    မန္တလေးတိုင်းဒေသကြီး ကူမဲမြို့ အရှေ့ ဘက်ရှိ ကင်းတားဆည်မှာ ယခုနှစ်တွင် 
မကြုံစဖူး ရေ၀င်နည်းလျက် ရှိသည်။ ကင်းတားဆည်တည်ဆောက်ပြီး နှစ် ၂၀ ကျော်အတွင်း
ယခုနှစ်တွင် ပထမဆုံးအကြိမ် ရေ၀င်နည်းခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာ
သွန်းမှု နည်းပါးသဖြင့် ကင်းတားဆည် ရေ၀င်နည်းပါးခြင်း ဖြစ်သည်။ ကင်းတားဆည် ရေဆင်း
ဧရိယာအတွင်း မိုးခေါင်မှုကြောင့် ရေ၀င်နည်းပါးကာ ယခုအခါ ရေသေမှတ် ၅၅၁ ပေ ရောက်လု
နီးပါး လျော့နည်းကုန်ခမ်းလျက်ရှိသောကြောင့် တောင်သူများ စိုက်ပျိုးရေ အခက်အခဲ ကြုံတွေ့
နိုင်ဖွယ် ရှိနေသည်။

                  ကင်းတားဆည် ရေသိုလောင်မှု နည်းပါးသည့်အတွက် စိုက်ပျိုးရေ လေလွင့်
ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် စိုက်ပျိုးရေကို ချွေတာသုံးစွဲနိုင်ရန် အနီးရှိ ချောင်း၊မြောင်းများ
အတွင်းမှ ရေကို အကျိုးရှိရှိ သုံးစွဲနိုင်ရန် ရေစုပ်စက်များဖြင့် စုပ်ယူအသုံးပြုနိုင်ရန် ဆည်မြောင်း
ဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။ စိုက်ပျိုးရေ ပေးဝေသည့်အချိန်တွင် မိုးစပါး အချိန်မီ
စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင်ရေကို စနစ်တကျ ချိန်ဆလွှတ်ပေးနေသည်။ ကင်းတားဆည်
မှာ ပန်းလောင်မြစ်ကို ပိတ်၍ ၁၉၈၁ က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကင်းတားဆည်
မှာ မြစ်သားမြို့ နယ်မှ မိုးစပါး ၆၁၄၂၃ ဧက၊ ၀မ်းတွင်းမြို့ နယ်မှ ၂၈၃၈၅ ဧက၊တံတားဦးမြို့ နယ်
မှ ဧက ၄၅၀၀ နှင့် ကျောက်ဆည်မြို့ နယ်မှ ၁၆၀၈၇ ဧကများရှိ တောင်သူများအတွက် 
ကင်းတား လက်ဝဲမြောင်း၊လက်ယာမြောင်းနှင့် ပန်းလောင်မြစ် ရေသောက်စနစ်ဖြင့် 
လယ် ၁၁၀၃၉၅ ဧကကို စိုက်ပျိုးရေ ပေးဝေနေသော ဆည်ဖြစ်သည်။

မြန်မာ့အလင်း သတင်းစာ(၁.၈.၂၀၁၃)ပါ ပြဇာတ်ဖြစ်ပါသည်။ 

ချစ်ခင်လေးစားလျက်

0 comments:

Post a Comment

 
;