Share
Thursday, August 8, 2013

ချင်းပြည်နယ်းရှိ ဗွေပါးတောင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ရန် လိုအပ်ဟုဆို

                   ချင်းပြည်နယ် ဟားခါးမြို့ နယ်နှင့် ထန်တလန်မြို့ နယ်အကြားတွင် ရှိသော 
ဗွေပါးတောင်သစ်တောအတွင်း အမဲလိုက်ခြင်းနှင့် သစ်ခုတ်ခြင်းတို့ ပြုလုပ်နေရာ သဘာဝ
ပတ်ဝန်းကျင်ထိခိုက်မှုများ ရှိခြင်းကြောင့် အချိန်မှီ ထိန်းသိမ်းနိုင်ရန်အတွက် သဘာဝ 
ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ရန် လိုအပ်ကြောင်း ထန်တလန်မြို့ နယ် အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။
                   အရှေ့ မှ အနောက် အရှည်မိုင် ၃၀ နှင့် အကျယ် ၁၂ မိုင်ခန့်  ရှိပြီး တောင်ပေါ်
အမြဲစိမ်းတောဖြစ်သည့် အဆိုပါ ဗွေပါးတောင်အတွင်း တောရိုင်းတိရစ္ဆာန်များ ကျက်စားနေ
ထိုင်လျက်ရှိပြီး ရှားပါးသစ်ခွမျိုးစိတ်များလည်းရှိကြောင်း ကျေးရွာဒေသခံများက တစ်ရက်
လျှင် တောရိုင်းတိရစ္ဆာန် ငါးကောင်မှ အကောင် နှစ်ဆယ်ခန့်အထိ ပစ်သတ်ဖမ်းဆီးမှုများ
ပြုလုပ်နေခြင်းနှင့် သစ်ခုတ်ခြင်းများရှိခြင်းကြောင့် ကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း
၎င်းက ဆိုသည်။
                   ဗွေပါးတောင်သည် ထိန်းသိမ်းသင့်သည့် ဒေသတစ်ခုဖြစ်ခြင်းကြောင့် 
သစ်တောဦးစီးဌာနအနေနှင့် ဒေသအတွင်းရှိ ကျေးရွာများထံ ကွင်းဆင်းလေ့လာကာ
သက်ဆိုင်ရာ အချက်အလက်များကို ကောက်ယူ၊ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ဦးဝင်းထွန်းက ဆိုသည်။
                  မြန်မာနိုင်ငံတစ်ဝှမ်းတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၃၇ ခုရှိပြီး 
ဆက်လက်တည်ထောင်ရန် အဆိုပြုထားသော သဘာဝနယ်မြေ ရှစ်ခုရှိကြောင်း သစ်တော
ဦးစီးဌာနထံမှ သိရှိရသည်။

The  Voice Weekly Journal ပါ စင်တင်ပြဇာတ်ဖြစ်ပါသည်။

0 comments:

Post a Comment

 
;