Share
Tuesday, August 20, 2013

ကလေးများ မိုးကြိုးပစ်ခံရ

                             မိုင်းကိုင်                             သြဂုတ် ၁၈

                          ရှမ်းပြည်နယ် လွိုင်လင်ခရိုင်တွင် အောင်ပွဲဖြင့် ရောက်ရှိလာသော 
ဘောလုံးအသင်းအား ကြိုဆိုရန် မြို့ နယ်ပညာရေးမိသားစုက အထက(ခွဲ)တွင် စုရုံးရောက်ရှိ
နေစဉ် သြဂုတ် ၁၄ ရက်ညနေ ၄ နာရီခွဲတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခဲ့သဖြင့်
ကျောင်းသားကျောင်းသူ ၇ ဦး မိုးကြိုးပစ်ဒဏ်ခံခဲ့ရပြီး မိုင်းကိုင်မြို့ နယ် ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိသည်။ ၄င်းတို့တွင် ခြောက်ဦးမှာ စိုးရိမ်ဖွယ်ရာ 
မရှိကြောင်းနှင့် ကျန်ကျောင်းသူတစ်ဦးမှာ သတိပြန်လည်လာခြင်းမရှိသေးကြောင်း 
သိရပါသည်။

0 comments:

Post a Comment

 
;